အိန္ဒိယ ရေနံတင်သင်္ဘောတွေကို လွှတ်ပေးမယ်လို့ အီရန်ဘက်က ဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

အိန္ဒိယ ရေနံတင်သင်္ဘောတွေကို လွှတ်ပေးမယ်လို့ အီရန်ဘက်က ဆို



မတ် - ၁၆ ( တနင်္လာနေ့ ) 

အိန္ဒိယနိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီး မိုဟာမက် ဖာသာလီက အိန္ဒိယသင်္ဘောများအနေနဲ့ ဟောမုဇ်ရေလက်ကြား ကို ဖြတ်ကျော်ကာ အန္တရာယ်ကင်းစွာ ဖြတ်သန်းနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားလိုက်ပါတယ်။ 

RT India သတင်းဌာနက သတင်းထောက်တစ်ဦးရဲ့မေးခွန်းကို ဖြေကြားရာတွင် အီရန်က အိန္ဒိယကို မိတ်ဆွေနိုင်ငံအဖြစ် ရှုမြင်ထားပြီး နှစ်နိုင်ငံအကြား အကျိုးစီးပွားများ ပေါင်းစည်းနေကြောင်း ပြောပြပါတယ်။  သတင်းထောက်က အိန္ဒိယအနေနဲ့ ရေလက်ကြားကို လုံခြုံစွာဖြတ်သန်းနိုင်မှာလား လို့ တိုက်ရိုက်မေးမြန်းရာတွင် ၎င်းက "ဟုတ်တယ်၊ အိန္ဒိယက ငါတို့ရဲ့မိတ်ဆွေဖြစ်လို့ နှစ်နာရီ၊ သုံးနာရီလောက်အတွင်း ခင်ဗျားတွေ့ရ ပါလိမ့်မယ်" လို့ ပြန်ဖြေသွားပါတယ်။ နယူးဒေလီသည် တီဟီရန်အတွက် အရေးကြီးသော မိတ်ဖက်အဖြစ် ဖော်ပြပြီး အီရန်နှင့် အိန္ဒိယတို့သည် ဒေသတွင်း အဓိက အကျိုးစီးပွားများ မျှဝေရန် ဖာသာလီ က အလေးပေး ပြောကြားခဲ့ပါတယ်။

နှစ်နိုင်ငံ ထိပ်တန်းအရာရှိများ တယ်လီဖုန်းဖြင့် ဆွေးနွေးပြီးနောက် နာရီပိုင်းအကြာတွင် အီရန်သံအမတ်ရဲ့ မှတ်ချက် ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ အိန္ဒိယ၀န်ကြီးချုပ် နာရင်ဒရာမိုဒီ နဲ့ အီရန်သမ္မတ မာဆွတ် ပီဇီရှာကီယန် တို့ ကြာသပတေးနေ့က ဖုန်းဆက် စကားပြောဆိုခဲ့ပြီး “တင်းမာမှုများ တိုးမြင့်လာခြင်း၊ အရပ်သားများ အသက်ဆုံးရှုံးခြင်းနှင့် အရပ်သားအခြေခံအဆောက်အအုံများ ပျက်စီးခြင်း” နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။  


REF: RT

#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)