ဘိုကလေးမြို့နယ် ဒေသထွက်ဓနိ မိုးကြိုကာလ၌ ဈေးကောင်းရရှိနေ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဘိုကလေးမြို့နယ် ဒေသထွက်ဓနိ မိုးကြိုကာလ၌ ဈေးကောင်းရရှိနေ



ဘိုကလေး  ၊ မတ် ၁၆

ပင်လယ်ရေငန်ဒေသများနှင့် ဒီရေတောဒေသများတွင် စိုက်ပျိုးပေါက်ရောက်လေ့ရှိသည် ဓနိပင်များသည် မြစ်ဝကျွန်းပေါ် ဒီရေတောဒေသဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် အောက်ဘက်တစ်လျှောက် ပေါများစွာ စိုက်ပျိုးပေါက်ရောက်လေ့ရှိရာ ယခုကဲ့သို့မိုးမကျခင် မိုးကြိုကာလ၌ ဘိုကလေး‌ဒေသထွက်ဓနိများ ဈေးကွက်အတွင်း၌ ဈေးကောင်းရရှိလျက်ရှိသည်။

ဓနိပင်များအား စိုက်ပျိုးရာတွင် ဒီရေအတက်အကျရှိသည့် ကမ်းစပ်မြေ၌ ခြောက်တောင်ခန့်ခွာ၍ ညီညာစွာစိုက်ပျိုးရပြီး စတင်စိုက်ပျိုးချိန်မှစ၍ သုံးနှစ်တာကြာမြင့်ချိန်၌ ဓနိတစ်ပင်လျှင် ဓနိကိုင်း (၁၀) ကိုင်းခန့်ထွက်ရှိကြောင်း၊ ကာလပိုမိုကြာမြင့်လာပါက ဓနိပျစ်ပိုမိုကြီးထွားလာ၍ ဓနိကိုင်း (၂၅) ကိုင်းအထိ ထွက်ရှိလေ့ရှိကြောင်း ဓနိခြံပိုင်ရှင်တစ်ဦးထံမှ သိရသည်။

ဓနိလုပ်ငန်းသည် တစ်နှစ်လျှင်တစ်ကြိမ်သာ ငွေပေါ်သည့် ရာသီကုန်ဖြစ်ပြီး လယ်ယာလုပ်ငန်း ကဲ့သို့ နှစ်စဉ်အရင်းအနှီးထည့်ဝင်ရသည့် လုပ်ငန်းမျိုးမဟုတ်ဘဲ ဓနိခြံပိုင်ရှင်များအနေဖြင့် တစ်မိုးတွင်းလုံး ဓနိအရွက်၊ အလက်မွေး၍ နွေရောက်မှသာလျှင် ခုတ်ယူကြပြီး ငွေပေါ်ရသည့် လုပ်ငန်းမျိုးဖြစ်သည်။အခြားသော ဥယျာဉ်သီးနှံများကဲ့သို့ ဓာတ်မြေဩဇာကျွေးရခြင်း၊ ပေါင်းမြက်ရှင်းလင်းခြင်း လုံးဝလုပ်စရာမလိုဘဲ ဒီရေများနှင့် ပါလာသော နုန်းမြေများသည် ဓနိခြံအတွင်းတွင် တင်ကျန်နေခဲ့ပြီး သဘာဝမြေဩဇာအဖြစ် ဓနိပင်များကို ကြီးထွားစေသည်။ဓနိလုပ်သားများအနေဖြင့် နွေကာလ၌ ဓနိအလက်ခုတ်ကြပြီး ရေလမ်း၊ ကုန်းလမ်းဖြင့် အဆင်ပြေအားလျော်စွာ သယ်ယူကြ၍ အိမ်သို့ရောက်သည့်အခါ ဓနိလက်များကိုစီ၍ အတန်းလိုက်  (၂)ပတ်ခန့် နှပ်ထားပြီး ဓနိများနပ်သည့်အခါ ဝါးကိုစိတ်ထားသည့် နှစ်တောင့်ထွာခန့်ရှိသည့် ဓနိတံများ၌ ဓနိထိုးကာ ဈေးကွက်များအတွင်းသို့ပို့ကြပြီး ဈေးကွက်များသို့ ရောက်ရှိချိန်တွင် ဓနိအပျစ် (၁၀၀) လျှင် ယခုနှစ်၌ ငွေကျပ် (၃၃၀၀၀) ခန့် ဈေးကောင်းရရှိကြောင်း ဓနိလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

မိုးစက်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)