မြောက်ဥက္ကလာပမြို့နယ်၌ စက်သုံးဆီခြိုးခြံချွေတာသုံးစွဲရေးနိုင်ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြောက်ဥက္ကလာပမြို့နယ်၌ စက်သုံးဆီခြိုးခြံချွေတာသုံးစွဲရေးနိုင်ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်




 မြောက်ဥက္ကလာပ၊ မတ်  ၇

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပ မြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ၀င်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက စက်သုံးဆီခြိုးခြံချွေတာသုံးစွဲရေးနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုယမန်နေ့  နေ့လယ် ၃ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေး နှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးသူက ယခုဖြစ်ပေါ်လျက်ရှိသော  လက်ရှိ ကမ္ဘ့ာနိုင်ငံရေး အခြေအနေများအရ အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ  စက်သုံးဆီခြိုးခြံချွေတာရေး နှင့် ဖူလုံမှု ရှိစေရေးအတွက် ၂၀၂၆ ခုနှစ် ၊ မတ်လ ၇ ရက်နေ့မှ စတင်၍ ပုဂ္ဂလိကယာဉ်များ ၊ လုပ်ငန်းသုံးယာဉ်များ နှင့်  သယ်ယူပို့ ဆောင်ရေးယာဉ်များ အနေဖြင့် လစဉ် "စုံ"ရက် နှင့် "မ"ရက် နံပါတ် အက္ခရာပါ သောယာဉ်များ စသည့် ပုဂ္ဂလိကပိုင်ယာဉ်များ မောင်းနှင်းအသုံးပြုကြရန် ၊  (EV မော်တော်ယာဉ်များ  နေ့စဉ် မောင်းနှင်းနိုင်ကြောင်း)နှင့် အများပြည်သူသယ်ယူပို့ ဆောင်ရေး မော်တော်ယာဉ်များ၊ အငှားယာဉ်များ တက္ကဆီ၊  စက်သုံးဆီ သယ်ယူပို့ ဆောင်ရေးယာဉ်များ ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဉ်များ ၊ ကုန်စည်ပို့ ဆောင်ရေးယာဉ်များ၊ လူနာတင်ယာဉ်များ/နိဗ္ဗာန်ယာဉ်များ နှင့် စည်ပင်အမှိုက်သိမ်းများ အသုံးပြု နိုင်ကြောင်း ထုတ်ပြန်ဆောင်ရွက်ထားရှိရာ  အများပြည်သူများ လိုက်နာနိုင်ရေးအတွက် ကြီးကြပ် စစ်ဆေး ဆောင်ရွက်နိုင်‌‌ရေး ဌာနဆိုင်ရာများအားအဖွဲ့များ ဖွဲ့စည်းပြီးဖြစ်၍  ပူးပေါင်း ဆောင်ရွက်ပေးရန် လိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆောင်ရွက်မည့် အခြေအနေများအားတင်ပြကြရာ၊ တင်ပြချက်များအပေါ် တာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သက်လွင်စိုး

#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)