နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး (၈၁)နှစ်မြောက် တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်ကြမည့် အငြိမ်းစားတပ်မတော်အရာရှိကြီးများနှင့် ဇနီးများအား သွားရောက်တွေ့ဆုံ ဂါရဝပြုနှုတ်ဆက် - Myanmar National Post

Myanmar National Post

News Agency

Breaking

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး (၈၁)နှစ်မြောက် တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်ကြမည့် အငြိမ်းစားတပ်မတော်အရာရှိကြီးများနှင့် ဇနီးများအား သွားရောက်တွေ့ဆုံ ဂါရဝပြုနှုတ်ဆက်







နေပြည်တော်၊ မတ် ၂၆

၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင်ကျရောက်သည့် (၈၁)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတက်ရောက်ရန် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ၌ ခေတ္တတည်းခိုနေထိုင်လျက်ရှိသည့် တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့ သော အငြိမ်းစားတပ်မတော်အရာရှိကြီးများနှင့်ဇနီးများအားယနေ့နံနက်ပိုင်းတွင် 2889 တပ်မတော် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့ ကိုယ်စား နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ် တို့က သွားရောက်၍ တွေ့ဆုံဂါရဝပြုနှုတ်ဆက်သည်။

ထိုသို့ တွေ့ဆုံဂါရဝပြုနှုတ်ဆက်ရာတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာ ယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီးတို့သည် အငြိမ်းစားတပ်မတော် အရာရှိကြီးများ နှင့် ဇနီးများအား တစ်ဦးချင်းလိုက်လံ ဂါရဝပြုနှုတ်ဆက်ခဲ့ပြီး ကျန်းမာရေး၊ လူမှုရေး ဆိုင်ရာ လိုအပ်ချက်များကို ရင်းနှီးနွေးထွေးစွာမေးမြန်း၍ လိုအပ်သည်များ ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

တွေ့ဆုံစဉ် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယခုကဲ့သို့ တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ပေးသည့် အတွက်ကျေးဇူးတင်ရှိမှု၊ တပ်မတော်၏ အစဉ်အလာ ကောင်းများကို ဆက်လက်ထိန်းသိမ်းဆောင်ရွက် လျက်ပြီး စွမ်းရည်ထက်မြက်သည့် တပ်မတော်ဖြစ်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်အနေဖြင့် အလေးထားဆောင် ရွက်လျက်ရှိမှုများကို ဆွေးနွေးပြောကြားခဲ့ရာ အငြိမ်းစားတပ်မတော်အရာရှိကြီး များက ယခုကဲ့သို့ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရသည့် အတွက် ဂုဏ်ယူဝမ်းမြောက်ရမှု၊ တပ်မတော်၏ ကောင်းမွန်သည့် အစဉ်အလာများ နှင့်အညီ မိဘဆရာသမားသဖွယ် ပြုစုကူညီ စောင့်ရှောက်မှုများအတွက်လည်း အထူ ဝမ်းမြောက်ကျေးဇူးတင် ဂုဏ်ယူလျက်ရှိမှုနှင့် အခြားဩဝါဒစကားများကို ပြန်လည် ပြောကြားခဲ့ကြကြောင်း သတင်းရရှိသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)