ကျောက်ဆည်မြို့နယ်၌ အစိုးရဓမ္မာစာရိယစာမေးပွဲ စတင်ဖြေဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ဆည်မြို့နယ်၌ အစိုးရဓမ္မာစာရိယစာမေးပွဲ စတင်ဖြေဆို





ကျောက်ဆည်၊ မတ် ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၌ အခြေခံမူရင်းဖြစ်သော ပရိယတ္တိ သာသနာတော် ထွန်းကားပြန့်ပွားစေရန် ရည်ရွယ်၍ အစိုးရဓမ္မာစရိယစာမေးပွဲကို မတ်လ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီက သင်တောင်းကျေးရွာ ဆုတောင်းပြည့်မဟာရွှေသိမ်တော်ဘုရား ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစိုးရဓမ္မာစရိယ စာမေးပွဲ ပါရာဇိကကဏ်ဘာသာရပ်တွင် သံဃာ(၂၈)ပါးဝင်ရောက် ဖြေဆိုခဲ့ပြီးခဲ့ကြောင်း သိရှိရပြီး စာဖြေသံဃာတော်များ အေးချမ်းစွာဖြေဆိုနိုင်ရေး ကျောက်ဆည်မြို့နယ် သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ မဟာရွှေစေတီ စာသင်တိုက်ပဓာနနာယက ဘဒ္ဒန္တပညာသာမိ (မဟာဂန္တဝါစကပဏ္ဍိတ)နှင့် သက်ဆိုင်ရာမြိုနယ်သံဃနာယကအဖွဲ့ဆရာတော်ကြီးများ၊ ကြီးကြပ်ရေးဆရာတော် ကြီးများ ကြီးကြပ်ဆောင်ရွက်ခဲ့ပြီး ကျောက်ဆည်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မေဦးဟန်နှင့်အဖွဲ့ဝင်များ၊ စေတနာရှင်ပြည်သူများက ဆွမ်း၊ ခဲဘွယ်၊ ဘောဇင်များနှင့်အချိုရည်များ၊ ရေသန့်ဘူးများ ဆက်ကပ်လှူဒါန်းခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


သက်မောင်(ကျောက်ဆည်)

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)