ဘာအကာအကွယ်မှ မရှိဘဲ အီရန်ကို ဝင်မတိုက်ပေးနိုင်ဘူးလို့ ကာဒ်လက်နက်ကိုင်တွေကပြော - Myanmar National Post

Myanmar National Post

News Agency

Breaking

ဘာအကာအကွယ်မှ မရှိဘဲ အီရန်ကို ဝင်မတိုက်ပေးနိုင်ဘူးလို့ ကာဒ်လက်နက်ကိုင်တွေကပြော


မတ်- ၉ ( တနင်္လာနေ့ ) 

အမေရိကန်တွေမွေးထားတဲ့ အီရတ် နဲ့ အီရန် မြောက်ပိုင်နယ်စပ်မှာရှိတဲ့ ကာ့ဒ်လက်နက်ကိုင်တွေက အမေရကန်နဲ့ အစ္စရေးတို့လုပ်တဲ့ အီရန်နိုင်ငံရဲ့ စစ်ဆင်ရေးမှာ ဝင်မပါနိုင်ဘူးလို့ ပြောပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ အမေရိကန်က သူတို့ကို မြေပြင်ကနေ ဒါမှမဟုတ် လေကြောင်းကနေ အကာအကွယ်မပေးနိုင်ရင် သူတို့ကမတိုက်နိုင်ဘူးလို့ ဆိုတာပါ။ လောလောဆယ်မှာ အီရန်ကို ဝင်တိုက်တာက လုပ်လို့ရပေမဲ့ အီရန်က လက်တုံ့ပြန်တိုက်ခိုက်တဲ့အချိန်မှာ ကာကွယ်ဖို့အတွက် သူတို့ရဲ့ အင်အားကိုချန်ထားဖို့လိုတယ်လို့ AXIOS သတင်းဌာန နဲ့ အင်တာဗျူးမှာ ပြောသွားပါတယ်။ 

အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို တိုက်ခိုက်ပြီးနောက် အီရန်ကိုမြေပြင်ကနေ စစ်ဆင်ရေးတွေဝင်ဖို့ ကာ့ဒ်တပ်ဖွဲ့များကို လက်နက်တပ်ဆင်ရန် CIA က စတင်လုပ်ဆောင်နေကြောင်း CNN သတင်းဌာနက ဖော်ပြခဲ့ပါတယ် ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပဋိပက္ခတွင် ကာ့ဒ်များပါဝင်လာရန် အစောပိုင်းတွင် ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပေမဲ့ ဒီအပတ်စနေနေ့မှာတော့ သူ့ရဲ့အကြံဉာဏ်ကို ကျောခိုင်းခဲ့ပါတယ်။ 

“ကာ့ဒ်တွေအနေနဲ့ ဒီစစ်ပွဲမှာ ဓားရိုးကမ်းသလို ဖြစ်လို့မရဘူး” လို့ အီရတ်အရှေ့မြောက်ပိုင်းရှိ တစ်ပိုင်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဖြစ်တဲ့ ကာ့ဒ်ဒေသဆိုင်ရာအစိုးရ (KRG) မှ အကြီးတန်းအရာရှိတစ်ဦးက ပြောသွားတာပါ။

အမေရိကန်က အီရန်အစိုးရကို တစ်ခုလုံး ဒါမှမဟုတ် တစ်စိတ်တစ်ပိုင်ပဲ ပြောင်းလဲဖို့ ကြိုးစားနေတာလား ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးတာကြောင့် အီရတ်ကာ့ဒ်များက "ကြားနေ"အဖြစ် နေကြတာလို့ ဆိုပါတယ်။ အနာဂတ်မှာ အီရန်ကို ဘယ်သူက ဦးဆောင်မယ်ဆိုတာကို ဆုံးဖြတ်ရာတွင် အမေရိကန် ပါဝင်မယ်လို့ ထရမ့်က ပြောပေမဲ့ ဘယ်လိုလုပ်မယ်ဆိုတာကို အသေးစိတ်မပြောတာကြောင့်လည်း ပါပါတယ်။ 

ကာ့ဒ်လက်နက်ကိုင်တွေကတော့ အမေရိကန်အနေနဲ့ အီရန်ကို မြေပြင်စစ်ဆင်ရေးတွေ မလုပ်ဘဲ အစိုးရကို ပြောင်းလဲမှု လုပ်မယ်ဆိုတာက မဖြစ်နိုင်သေးဘူးလို့ ထင်နေကြပါတယ်။ အစ္စရေးတွေကတော့ ကာ့ဒ်တွေ အီရန်မြောက်ပိုင်းကနေ မြေပြင်ထိုးစစ်လုပ်ပေးဖို့ တိုက်တွန်းနေပါတယ်။ 

“အီရန်မှာ အရေးအခင်းကြီး ၂ ခါဖြစ်တယ်။ အမေရိကန်က အဲ့တုန်းကလည်း ပါမလိုလို နဲ့ မပါခဲ့ဘူး ။ ကျနော်တို့က အတိတ်က အကြောင်းတွေကို လက်ခံထားတယ်”လို့ ကာ့ဒ် အရာရှိတစ်ယောက်က သတင်းဌာနကိုပြောပါတယ်။ “ ကျနော်တို့ ဝင်မပါခဲ့လို့ အမေရိကန်က ကျနော်တို့ကို ထောက်ပံ့မှုတွတောင်ရပ်ပစ်လိုက်တယ်”လို့ လည်း ပြောပါတယ်။ 


REF: RT 

#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)