ယူကရိန်းကို ပိုက်ဆံ မချေးဘူးလို့ စလိုဗက်ကလည်း ဗီတိုသုံးတော့မယ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ယူကရိန်းကို ပိုက်ဆံ မချေးဘူးလို့ စလိုဗက်ကလည်း ဗီတိုသုံးတော့မယ်



မတ် - ၉ ( တနင်္လာနေ့ ) 

ယူကရိန်းအပေါ် ဥရောပသမဂ္ဂ (အီးယူ) က ချေးငွေ ယူရို ဘီလီယံ ၉၀ ပေးမယ့်ကိစ္စနဲ့ ပတ်သက်ပြီး လောလောဆယ် အီးယူအလှည့်ကျ ဥက္ကဌဖြစ်တဲ့ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်က ဗီတိုအာဏာနဲ့ ပိတ်ဆို့မှု လုပ်ထားတာကို ယူကရိန်းကိုထောက်ခံတဲ့ ဥရောပ အနောက်နိုင်ငံတွေက ပါလီမန်မှာ မဲခွဲဆုံးဖြတ်မှုလုပ်ခဲ့ရင်လည်း ယူကရိန်းကို ပိတ်ဆို့မှုဘက်ကနေ ဗီတိုအာဏာသုံးမယ်လို့ စလိုဗက်ဝန်ကြီးချုပ် ရောဘတ်ဖီကို က ပြောကြားလိုက်ပါတယ်။ 

ယူကရိန်း ဒရုန်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တဲ့ ဒရူဇဘာရေနံပိုက်လိုင်းမှတစ်ဆင့် ရုရှားရေနံထောက်ပံ့မှုများ ပြန်လည်စတင်နိုင်ဖို့အတွက် ယူကရိန်းကို ဖိအားပေးဆောင်ရွက်တာက တရားမျှတသော နည်းလမ်းတစ်ခု ဖြစ်ကြောင်း ၎င်းက ဖေ့စ်ဘုတ်အကောင့်မှာ တနင်္ဂနွေနေ့က ကြေညာချက်ထုတ်ပြီး ရေးတင်ခဲ့ပါတယ်။ 

ဟန်ဂေရီနှင့် စလိုဗက်ကီးယား နှစ်နိုင်ငံစလုံက ရုရှားစွမ်းအင်အပေါ် အလွန်အမင်း မှီခိုနေတဲ့အတွက် သူတို့ကို ဖိအားပေးဖို့ ဒရူဇဘာရေနံပိုက်လိုင်းကို တိုက်ခိုက်ပြီး ဖိအားပေးနေတာလို့ ယူကရိန်းက ပြောတာကို တန်ပြန်ဖို့အတွက် သူတို့ ၂ နိုင်ငံလုံးက ယူကရိန်းကို ချေးငွေနဲ့ ပတ်သက်ပြီး ပြန်လည်အကြပ်ကိုင်တာပဲ ဖြစ်ပါတယ်။ 

“[ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်စကီး] ကျနော်တို့ကို အန္တရာယ်ပြုနေပြီး ရုရှား - ယူကရိန်း စစ်ပွဲမှာ ကျနော်တို့ရဲ့ ရပ်တည်ချက်ကို ပြောင်းလဲအောင် လုပ်နိုင်မယ်လို့ သူက ထင်နေပါတယ်။ ကျနော်တို့ကို အဲ့လိုဖိအာပေးနေရင် သူတို့ကို ကျနော်တို့ က မင်းတို့ စစ်သားတစ်ယောက်တည်းကျန်တဲ့ အထိ မင်းတို့ဖာသာ မင်းတို့တိုက်ကြလို့ ဆိုပြီး ပြန်ဖိအားပေးရမှာပါပဲ” လို့ ဖီကိုက ရေးတင်ခဲ့ပါတယ်။ 

ဟန်ဂေရီက ယူကရိန်းကို ပို့မယ့် ငွေသားကန်ဒေါ်လာ သန်း ၈၀ နဲ့ သန်း ၂၀ ဖိုး ရှိတဲ့ ရွှေချောင်းတွေကို ဖမ်းဆီးထားပါတယ်။ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဟန်ဂေရီတွေကို သူခိုးဆိုပြီး စွပ်စွဲထားပါတယ်။ 


REF: RT

#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)