မတ် - ၁၉ ( ကြာသပတေးနေ့ )
ဟော်မုဇ်ရေလက်ကြားကိုဖြတ်ပြီး အိန္ဒိယရေနံတင်သင်္ဘောတွေ ဘေးကင်းစွာ ဖြတ်သန်းသွားလာနိုင်ဖို့အတွက် အီရန်နဲ့ ဆွေးနွေးမှုလုပ်ရာမှာ အိန္ဒိယက ဖမ်းထားတဲ့ ရေနံတင်သင်္ဘောသုံးစင်းကို လွှတ်ပေးဖို့ အီရန်ဘက်က တောင်းဆိုခဲ့တယ် ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး အိန္ဒိယအစိုးရပိုင်းက ငြင်းဆိုထားပါတယ်။
ဖေဖော်ဝါရီလအတွင်းက အိန္ဒိယနိုင်ငံရဲ့ သီးသန့်စီးပွားရေးဇုန်အတွင်း သံသယဖြစ်ဖွယ် လှုပ်ရှားမှုများကို တွေ့ရှိပြီးနောက် နယူးဒေလီအစိုးရက မွမ်ဘိုင်းမြို့ အနောက်ဘက် ရေမိုင် ၁၀၀ အကွာ မှာရှိတဲ့ သင်္ဘောသုံးစင်းကို ဖမ်းဆီးခဲ့ပါတယ်။ “အဲ့ဒိလို ဆွေးနွေးတာတွေ မရှိပါဘူး။ ခင်ဗျားတို့ပြောနေတဲ့ သင်္ဘောသုံးစင်းဟာ အီရန်ပိုင်မဟုတ်ဘူးလို့လည်း ပြောချင်ပါတယ်” လို့ နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ရန်ဒီယာဂျေဆဝယ် က သတင်းထောက်များအား အင်္ဂါနေ့တွင် ပြောကြားခဲ့ပါတယ်။
အစီရင်ခံစာများတွင် ဖော်ပြထားတဲ့ ရေနံတင်သင်္ဘောတွေက အက်စ်ဖယ် စတား၊ အယ်လ်ဂျာဖဇီယာ နဲ့ စတယ်လာရူဘီ တို့ဖြစ်ပြီး အဲ့ဒိသင်္ဘောတွေက အထောက်အထားများကို ဖုံးကွယ်ခြင်း သို့မဟုတ် ပြောင်းလဲခြင်းတို့ လုပ်ထားတာမို့လို့ အိန္ဒိယရေပိုင်နက်အနီးမှာ ဖမ်းဆီးခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါ သင်္ဘောများ က ပင်လယ်ပြင်တွင် တရားမဝင် သင်္ဘောတွေကနေ ကုန်ပစ္စည်းတွေကို တစ်စင်းမှ တစ်စင်း ကို လွှဲပြောင်းမှုတွင် ပါဝင်ပတ်သက်နေကြောင်း သိရပါတယ်။ လက်ရှိမှာတော့ အဲ့ဒိသင်္ဘောတွေက မွမ်ဘိုင်းအနီးတွင် ဆိုက်ကပ်ထားပါတယ်။
"ဟော်မုဇ်ရေလက်ကြားမှာ သင်္ဘောအများအပြား ကျန်ရှိနေပါသေးတယ်။ အဲဒီသင်္ဘောတွေကို ဘေးကင်းစွာ အိမ်ပြန်နိုင်ဖို့ အီရန်နဲ့ တခြားနိုင်ငံတွေနဲ့ လက်တွဲလုပ်ဆောင်ဖို့ ရည်ရွယ်ထားပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပါ။ ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်" ဟု ဂျေစဝယ် က ပြောကြားခဲ့ပါတယ်။ အီရန်က အိန္ဒိယအလံသုံး LPG ရေနံတင်သင်္ဘောနှစ်စီးကို ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းခွင့်ပြုပေးခဲ့ပါတယ်။
REF: RT
#News #MNP

No comments:
Post a Comment