အကြမ်းဖက်အဖွဲအစည်းထဲကို ဘယ်လိုဖြစ်ပြီး ဝင်ဖြစ်သွားတာလဲဆိုရင်တော့ ကျွန်တော် နေပြည်တော်မှာ အလုပ်လုပ်နေရင်းကနေပြီးတော့မှ သူငယ်ချင်းက ဖုန်းဆက်ပြီး လှမ်းခေါ်တာပေါ့နော်။ လာခဲ့၊ ဒီမှာ လစာတွေကောင်းတယ်၊ အစစအရာရာ အားလုံး အဆင်ပြေအောင် လုပ်ပေးမယ်။ ဘာမှ လိုလေသေးမရှိစေရဘူးဆိုပြီး သူခေါ်ရာကနေမှ အကြမ်းဖက်အဖွဲ့ အစည်းထဲ ရောက်သွားတာ ဖြစ်ပါတယ်။ အဲဒီကနေပြီးတော့မှ ကျွန်တော် သင်တန်း ၃ လ တက်ခဲ့ရပါတယ်။ သင်တန်း ၃ လ တက်တဲ့အချိန်အတွင်းမှာဆိုရင်လည်း ဆေးဝါးတွေဆိုရင်လည်း လုံလောက်မှုမပေးဘူးပေါ့နော်။ စားတဲ့ ထမင်းတွေထဲမှာဆိုရင် သူတို့က ခဲယမ်းတွေ၊ ဓာတ်ဆီတွေ အဲဒီလိုမျိုး ထည့်ကျွေးတယ်။ အဲဒီလိုမျိုး ထည့်ကျွေး တဲ့အခါကျတော့ သင်တန်းက ပင်ပန်းတဲ့အချိန်နဲ့ စားတဲ့အခါမှာ အဆင်မပြေတဲ့အခါကျတော့ တချိုတွေဆိုရင်ဖျားကြတယ်။ ဝမ်းပျက်ဝမ်းလျှောတွေ ဖြစ်ကြတယ်။ ဒီလိုအခါမျိုးကျလိုရှိရင် သူတိုက ဆေးခန်းသွားပြရင် နင်တို့က အစားအသောက်မှ မဆင်ခြင်တာ၊ ဒီလိုမျိုးတွေ ဖြစ်မှာပေါ့ ဆိုပြီး ပစ်ထားတယ်။ မကုပေးဘူး။
တချို့တွေကျတော့လည်း ဒဏ်တွေမခံနိုင်လို ပြေးကြတယ်။ ပြေးတဲ့သူတွေ ဆိုရင်လည်း လမ်းမှာတင် ပစ်သတ်တယ်။ တချို့တွေဆို ပြန်ဖမ်းလာမိတဲ့လူတွေဆိုရင်လည်း သူတို့တွေက လူတွေချုပ်ပြီးတော့မှ ရိုက်ကြတယ်။ တချို့ဆို တင်ပါးတွေကို သွေးတွေ ထွက်တယ်။ ပါးတွေဆိုလည်း ပါးစပ်ထဲကနေ သွေးတွေထွက်တဲ့အထိ အဲဒီလိုမျိုးရိုက်တယ်။ ကျွန်တော်တို့ သင်တန်းကနေဆင်းပြီးတော့ ပြည်သူ့ဆက်ဆံရေးဌာနမှာ တာဝန်ထမ်းဆောင် ရတယ်။ ပြည်သူ့ဆက်ဆံရေးဌာနမှာဆိုရင် ကျွန်တော်တို့ လမ်းတွေမှာ ဂိတ်တွေစောင့်ခဲ့ရတယ်ပေါ့။ ဂိတ်တွေ စောင့်တဲ့အချိန်မှာဆိုရင် ဖမ်းဆီးရေးတွေ လိုက်ရတယ်။ ဖမ်းဆီးရေးတွေလိုက်တဲ့အခါမှာ ဆေးမှုတွေလိုက်ဖမ်းတယ်။ ဆေးမှုတွေ လိုက်ဖမ်းတဲ့ အချိန်မှာဆိုလည်း ဆေးတွေ ရလာတယ်၊ ဆေးတွေ ရလာတယ်ဆိုရင် သူတို့ဘာသာသူတို့ ပြန်သုံးတယ်။ ပြီးရင် အပြစ်မရှိတဲ့ ပြည်သူတွေကို ဖမ်းလာတယ်၊ ရိုက်တယ်၊ နှက်တယ်၊ အချုပ်ချထားတယ်၊ ပြီးရင် ပိုက်ဆံတွေ တောင်းတယ်။
ရွှေလုပ်ကွက်တွေပေါ့နော်။ ရွှေလုပ်ကွက်ဆိုရင်လည်း စဉ်ကူးနယ်မြေထဲမှာ ရွှေလုပ် ကွက် ၁၄ ကွက်ရှိတယ်။ ၁၄ ကွက်လုံးကို အကြမ်းဖက်အဖွဲ့အစည်းကနေပြီးတော့မှ လက်ဝါးကြီးအုပ်ထားတယ်။ ၁၄ ကွက်ထဲကို ဘယ်ပြည်သူ့ကိုမှ၊ ဘယ်သူတစ်ဦး တစ်ယောက် ကိုမှ သူတို့က အဝင်မခံဘူး။ ဝင်တဲ့သူတွေဆိုရင်လည်း ရိုက်တယ်၊ နှက်တယ်၊ ပြီးလို့ရှိရင် ဖမ်းတယ်၊ အချုပ်ချထားတယ်။ တချို့တွေဆိုရင် ခေါင်းတွေ ရေနွေးပူနဲ့ လောင်းခံရတယ်။ အဲဒီလိုမျိုးတွေတောင် ရှိခဲ့တယ်။ တပ်မတော်က စဉ့်ကူးနယ်ဘက်ကို ပြန်ပြီးတော့ ထိန်းချုပ်တဲ့အခါမှာ ပြည်သူတွေ လုပ်ကိုင်စားသောက်ဖို့အတွက်ဆိုပြီး ရွှေလုပ်ကွက်ကို ဘယ်နှကွက်၊ ဘယ်နှကွက်ဆိုပြီး ပြန်ချပေးတာမျိုးရှိတယ်။ အကြမ်းဖက်အဖွဲ့အစည်း ကျတော့ အဲဒီလိုမျိုးမဟုတ်ဘူးဗျ။ သူတို့က ဒီဟာကို ငါတို့ပဲ အပိုင်သိမ်းမယ်၊ ဘယ်သူမှ လာဝေယူလို့မရဘူး အဲဒီလိုမျိုးတွေပေါ့။
အင်း လုပ်တယ်ပေါ့။ အင်း လုပ်တယ်ဆိုရင်လည်း သူတို့က တစ်လကို ၁၀ သိန်း တောင်းတယ်။ မပေးနိုင်တဲ့သူဆိုရင် ရိုက်တယ်၊ အဲဒီလိုမျိုးတွေ လုပ်တာပေါ့နော်။ ပြီးလို့ရှိရင် ကျွန်တော်အဲဒီမှာမှ အခက်အခဲတွေ အများကြီး ကြုံခဲ့ရတယ်၊ ဒီရဲဘော်လုပ်တဲ့ကာလအတွင်း မှာဆိုရင်လည်း ရဲဘော်အချင်းချင်းဆိုရင်လည်းဗျာ သူတို့တွေက မထီမဲ့မြင်နဲ့ ပြောတယ်။ ပြီးလို့ရှိရင် ကျွန်တော်တို့ အထက်ကတာဝန်ခံတွေဆိုရင်လည်း ရဲဘော်မိန်းကလေးတွေဆိုရင် ချောချောလေးတွေဆို သူတို့နားကို ခေါ်ထားတယ်။ ပြီးရင် ရိသဲ့သဲ့ စကားတွေပြောတယ်။ ခြေတော်တွေ တင်တယ်။ အဲဒီလိုမျိုးတွေ ကျွန်တော်တို့ ကြုံတွေ့ခဲ့ရတယ်။ အဲဒီလိုမျိုးတွေ ရှိတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့လည်း ကိုယ့်ကိုယ်ကို မလုံခြုံဘူးထင်လို့ အဲဒီ ကနေမှ ထွက်ပြေးခဲ့တယ်။ ထွက်ပြေးခဲ့ပြီးတော့ ကျွန်တော်တို့ တပ်မတော်ဘက်ကို အလင်းဝင်တယ်။ တပ်မတော်ဘက်ကို အလင်းဝင်တဲ့အခါမှာဆိုလည်း သူတို့က ပြောတယ်။ နင်တို့မိန်းကလေးတွေ တပ်မတော်ဘက် အလင်းဝင်လို့ရှိရင် နင်တို့ကို အဓမ္မပြုကျင့် လိမ့်မယ်။ ပြီးလို့ရှိရင် ယောက်ျားလေးတွေဆိုရင်လည်း စစ်မှုထမ်းထဲကို ဆွဲထည့်မှာ အဲဒီလိုမျိုးတွေ ပြောတယ်။ ဒါပေမဲ့ တကယ်တကယ် ကျွန်တော်တို့ ဝင်ခဲ့တဲ့အချိန်မှာ အဲဒီလိုမျိုး လုံးဝမဟုတ်ပါဘူး။ သူတို့စားသလိုမျိုးလည်း စားရတယ်။ သူတို့နေသလိုမျိုးလည်း နေရတယ်။ အစစအရာရာ အားလုံးအဆင်ပြေအောင် အကုန်လုပ်ပေးပါတယ်။ ဘာမှ လိုလေသေးမရှိပါဘူး။ သူတို့ပြောခဲ့၊ သူတို့ကျွန်တော်တို့ကို စကားတွေနဲ့ သွေးထိုးခဲ့တဲ့ စကားတွေက ကျွန်တော်တို့ အခုလက်တွေ့မှာတော့ လုံးဝ တခြားစီပါပဲ။ ကျွန်တော် ပြောချင်တာက တောထဲမှာပေါ့နော်၊ ကိုယ့်ဘဝကို အနစ်မွန်းမခံပါနဲ့၊ တပ်မတော်ဘက်ကို လာပြီးတော့မှ အလင်းဝင်ပါ။ တပ်မတော်ဘက်ကို အလင်းဝင်တဲ့အတွက်ကြောင့်မို့လို့လည်း အခုဆိုရင် ကျွန်တော်ဆိုလည်း ကိုယ့်အိမ်ကိုယ် ပြန်ရတော့မယ်။ ပြီးလို့ရှိရင်လည်း ကိုယ့်မိဘတွေနဲ့ကိုယ် ပြန်ဆုံတွေ့ရတော့မယ်။ တပ်မတော်ဘက်ကို လာပြီးတော့မှ အလင်းဝင်ပါ။ တပ်မတော်ကလည်း ကြိုဆိုနေပါတယ်။ ကျွန်တော်ကလည်း နောက်နောင် ဒီလိုအဖွဲ့ အစည်းမျိုးကို ဘယ်တော့မှ မပတ်သက်တော့ပါဘူးလိုလည်း ကတိပြုပါတယ်။
#MNP #News

No comments:
Post a Comment