PDF ခေါင်းဆောင် မုဒိန်းကောင်တွေရဲ့ လုပ်ရပ်ကို ရင်ဖွင့်ပြောဆိုလာသူ - Myanmar National Post

Myanmar National Post

News Agency

Breaking

PDF ခေါင်းဆောင် မုဒိန်းကောင်တွေရဲ့ လုပ်ရပ်ကို ရင်ဖွင့်ပြောဆိုလာသူ


ကျွန်မ အကြမ်းဖက်အဖွဲအစည်းထဲကို စဝင်ခါစက ကျွန်မ အသက်မှာ ၁၅ နှစ်ပဲ ရှိပါသေးတယ်။ အကြမ်းဖက်အဖွဲအစည်းထဲကို ဝင်သွားတဲ့ အကြောင်းရင်းကတော့ အကြမ်းဖက်အဖွဲ့ အစည်းက ကျွန်မတို့ရွာကိုလာပြီးတော့ စည်းရုံးရေးဆင်းတယ်၊ ဟောပြော ပွဲတွေလုပ်တယ်၊ တစ်အိမ်တစ်ယောက် မလိုက်မနေရပုံစံမျိုးတွေနဲ့ ကောက်ခံတယ်။ သူတို့က တစ်အိမ်တစ်ယောက်မှ မလိုက်လို့ရှိရင် မိသားစုတွေ ဒုက္ခပေးမယ်၊ အဖေအမေတွေကို သတ်ပစ်မယ် ဘာညာနဲ့ ပြောတော့ ကျွန်မတို့လည်း ကြောက်ပြီးတော့ အဲဒီထဲ ဝင်သွားခြင်း ဖြစ်ပါတယ်။ အကြမ်းဖက်အဖွဲအစည်းထဲကိုရောက်တော့ ကျွန်မတို့ စစ်သင်တန်း ၃ လ တက်ရတယ်။ စစ်သင်တန်း ၃ လမှာဆိုရင်လည်း ဆေးဝါးလုံလောက်မှု မရှိဘူး။ အဲဒါကြောင့်မို့လို့တချို့သူတွေက အဲဒီဒဏ်တွေ မခံနိုင်လို ထွက်ပြေးတဲ့သူတွေ ရှိတယ်။ ထွက်ပြေးလို့ မိလို့ရှိရင်လည်း သူတို့က သတ်ပစ်တယ်၊ ရိုက်နှက်တယ်၊ နှိပ်စက်တယ်။ အဲဒါကြောင့်မို့လို့ ကျွန်မတို့လည်း ကြောက်ပြီးတော့ စစ်သင်တန်းကို ကျွန်မတို့ပြီးဆုံးအောင် တက်ခဲ့တယ်။ စစ်သင်တန်းပြီးတော့ ကျွန်မတို့တွေ ပြည်သူ့ဆက်ဆံရေးမှာ တာဝန်ကျတယ်။ ပြည်သူ့ဆက်ဆံရေး ကားလမ်းမကြီးမှာ ဂိတ်စောင့်ရတယ်။ အခွန်ကောက်ခံတဲ့ ပုံစံမျိုးနဲ့ သူတို့က ဆက်ကြေးတွေကောက်ခံတယ်။ ဆီပေပါတွေ ဆိုရင်လည်း ထက်ဝက်ဈေးတွေနဲ့ ကောက်ခံတယ်။

ဆီပေပါတွေကို ထက်ဝက်ဈေးနဲ့ ကောက်ခံလို့ တချို့ပြည်သူ မပေးနိုင်ဘူး။ မပေးနိုင်တဲ့ ပြည်သူတွေဆိုရင်လည်း ဆီပေပါတွေဆွဲချတာတွေရှိတယ်။ ပစ္စည်းတွေ ဆွဲယူတာတွေရှိတယ်၊ အဲဒါကြောင့် တချို့ပြည်သူတွေဆိုရင်လည်း သံသယအနေနဲ့ ခေါ် တယ်၊ ခေါပြီးတော့ သူတို့တွေက နှိပ်စက်တယ်၊ ရိုက်နှက်တယ်၊ လက်သည်းခြေသည်းခွံတွေ ခွာတယ်၊ ခေါင်းတွေကို ရေနွေးပူတွေ လောင်းတယ်၊ သူတို့ပြောတာ ပြည်သူ့သာ အမိပြည်သူသာ အဖ၊ သူတို့လုပ်နေတာနဲ့ သူတို့ပြောတာနဲ့ လက်တွေ့မှာ တခြားစီပဲ။ ကျွန်မတို့ ရဲဘော်တွေဆိုရင်လည်း တန်းတူတန်းတူဆိုပြီး သူတို့ အရာရှိတွေကျတော့ KTV သွားတယ်၊ မကောင်းတဲ့ မိန်းမတွေနဲ့ ပျော်ပါးတယ်၊ သောက်စားတယ်၊ K ရှူတယ်၊ ရာမတွေ သုံးတယ်။ သူတို့ဆို တစ်ညတစ်ညသွားပြီဆို ရာချီထောင်ချီ ကုန်တယ်။ ရဲဘော်တွေဆိုရင်လည်း မိန်းကလေးတွေကို အဓမ္မပြုကျင့်တယ်။ သင်တန်းသူ ကောင်မလေးကို ညကြီးအချိန်မတော် စကားပြောချင်လို့ဆိုပြီး ခေါ်ပြီးတော့ ကောင်မလေးကို အဓမ္မပြုကျင့်တယ်၊ ကောင်မလေးကိုကျတော့လည်း ဘာတာဝန်မှမယူဘဲနဲ့ ကောင်မလေးကိုကျ နယ်ကိုပြန် ပို့တယ်၊ ကောင်လေးကိုကျတော့လည်း ဘာပြစ်မှုပြစ်ဒဏ်မှ မပေးဘဲနဲ့ ဒီအတိုင်းထားတယ်။ အဲဒါကြောင့် ကျွန်မတို့လည်း အဲဒီထဲမှာ နေရတာ ကျွန်မတို့ကိုယ် ကျွန်မတို့မလုံခြုံဘူးလို ထင်တယ်။ ကျွန်မတို့လည်း ကျွန်မတို့ဘဝကို ဒီထဲမှာတင် အဆုံးရှုံးမခံနိုင်ဘူး။ အဲဒါကြောင့် ကျွန်မတို့ ထွက်ပြေးခဲ့တယ်။ ထွက်ပြေးပြီးတော့ ကျွန်မတို့ အလင်းဝင်ဖို ကြိုးစားတယ်။ 

သူတို့က ကျွန်မတို့ကို နားရိုက်သွင်းခဲ့တယ်။ နင်တို့ တပ်မတော်ဘက်ကို အလင်းဝင်လို့ရှိရင် နင်တို့တွေ မိန်းကလေးဆိုရင် အဓမ္မပြုကျင့်မှာ၊ ယောက်ျားလေးဆိုရင်လည်း အသက် ၁၈ နှစ်ပြည့်ရင် စစ်မှုထမ်းတွေခေါ်မှာ။ အဲဒါနဲ့ ကျွန်မတို့လည်း ကြောက်တော့ ရှေ့မှာ အလင်းဝင်တဲ့ သူငယ်ချင်းကို မေးတယ်။ သူငယ်ချင်း အားလုံး အဆင်ပြေလား။ သူငယ်ချင်း အဆင်ပြေတယ်၊ ဘာမှ စိတ်မပူနဲ့၊ တပ်မတော်ဘက်ကလည်း နင်တို့ကို နွေးနွေးထွေးထွေး ကြိုဆိုနေတယ်။ ကျွန်မတို့လည်း ဒီကရှိတဲ့ တာဝန်ရှိတဲ့ ဗိုလ်ကြီးတွေနဲ့ ဆက်သွယ်ပြီး ကျွန်မတို့ ဒီမှာ အလင်းဝင်ခဲ့တယ်။ ကျွန်မတို့ ဒီမှာရောက်တော့လည်း အားလုံး နွေးနွေးထွေးထွေး ကြိုဆိုတယ်။ ကျွန်မတို့ဆိုရင်လည်း အစစအရာရာ လုပ်ပေးတယ်။ သူတို့နေသလို နေရတယ်။ သူတို့စားသလို စားရတယ်။ ကျွန်မတို့ အမှောင်ထဲကနေ အလင်းကို ပြန်ဝင်လာတာ ကျွန်မတို့အရမ်းကို မှန်တယ်ပေါ့။ 

အဲဒါကြောင့်မို့ ဟိုမှာရှိနေခဲ့တဲ့ သူငယ်ချင်း ညီအစ်ကို မောင်နှမတွေကိုလည်း အဲဒီထဲမှာနေပြီး ကိုယ့်ကိုယ်ကိုယ် အနစ်မွန်းမခံပါနဲ့၊ တပ်မတော် ဘက်ကိုလာပြီး အလင်းဝင်ပါ။ ကိုယ့်ကိုယ်ကိုယ် အဲဒီဘဝထဲမှာ အနစ်မွန်းမခံပါနဲ့၊ ကျွန်မတို့လည်း ဒီကနေ အလင်းဝင်ပြီး ပြန်လို့ရှိရင်လည်း ကိုယ့်မိဘ၊ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးအတွက် ကောင်းကောင်းမွန်မွန် နေထိုင်ပြီးတော့ ကောင်းကောင်းမွန်မွန် လုပ်စားပြီးတော့ ကျွန်မတို့လည်း နောက်နောင် ဒီလိုအမှားမျိုးကို မကျူးလွန်တော့ပါဘူးလို ကတိသစ္စာပြုပါတယ်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)