PDF အဖွဲ့ထဲကို လိမ်ညာခေါ်ဆောင်ခြင်းခံရပြီး ထွက်ပြေးလွတ်မြောက်လာသူ - Myanmar National Post

Myanmar National Post

News Agency

Breaking

PDF အဖွဲ့ထဲကို လိမ်ညာခေါ်ဆောင်ခြင်းခံရပြီး ထွက်ပြေးလွတ်မြောက်လာသူ


ကျွန်တော် အကြမ်းဖက်အဖွဲအစည်းရောက်သွားရတဲ့ အကြောင်းအရင်းက ကျွန်တော် ရမည်းသင်းမှာ လုပ်ငန်းလုပ်နေတဲ့အချိန် သူငယ်ချင်းက ဖုန်းလှမ်းဆက်ခေါ်ပါတယ်။ ယောက်ဖလာခဲ့၊ ဒီဘက်မှာ အလုပ်လုပ်လို အရမ်းကောင်းတယ်၊ ပိုက်ဆံလည်း အရမ်းရတယ် ဆိုပြီး သူခေါ်လို ကျွန်တော် ရောက်လာပါတယ်။ ရောက်လာတဲ့အချိန်မှာ သူကကျွန်တော့်ကို လူစုဆောင်းရေး ပို့လိုက်တယ်။ လူစုဆောင်းရေးမှာ လူတွေအများကြီးမို့လို့ ဦးလေးတို့၊ ဒေါ်လေးတို့ တွေ့တော့မေးကြည့်တယ်။ ဦးလေးတို့၊ ဒေါ်လေးတို့ ဘယ်သွားပြီး အလုပ် လုပ်ကြမှာတုန်းလို မေးတော့ကျတော့ အဲဒီဦးလေး၊ဒေါ်လေးတွေပြောတယ်၊ ဘယ်လုပ်ငန်း လုပ်သွားရမှာတုန်း၊ ငါတို့ကို လက်နက်ကိုင်ပြီး တိုက်ခိုင်းဖို့လို့ပြောတယ်။ အဲဒါကျမှ ကျွန်တော်က ကျွန်တော့်ကို သူက လိမ်ခေါ်မှန်း ကျွန်တော်သိတယ်။ သိတော့ ကျွန်တော် တစ်ခါတည်း ထွက်ပြေးဖို့ လုပ်တယ်။ လုပ်တော့ကျတော့ သူတို့က ပြောတယ်၊ မင်းတို့ ထွက်ပြေးရင် မင်းတို့တင်မကဘူး၊ မင်းတို့ မိသားစုပါ သတ်ပစ်မှာလို့ ခြိမ်းခြောက်ထားလို့ ကျွန်တော်က အဲဒါနဲ့ သူတို့ပြောတဲ့အတိုင်းပဲ နေလိုက်တယ်။ နေပြီးတော့ သူတို့ပေးတဲ့ သင်တန်းကိုလည်း ကျွန်တော် တက်လိုက်တယ်။ 

သင်တန်းတက်တဲ့ အခါမှာလည်း ခက်ခက်ခဲခဲ ထမင်းဆိုလည်း နပ်မမှန်ဘူး၊ ရောဂါဖြစ်ရင် ကြိုပြော မင်းတို့ ရောဂါရှိတဲ့လူ ရှေ့တန်းမပို့ဘူး၊ အသက်မပြည့်တဲ့ ကလေးတွေလည်း ရှေ့တန်းမပို့ဘူးလို့ သူတို့က ပြောတယ်။ ဒါပေမဲ့ သူတို့က သင်တန်းလည်းဆင်းပြီးရော ကျွန်တော်တို့ကို ပြောတယ်။ ရှေ့တန်း တန်းပို့တယ်။ အသက်မပြည့်တဲ့ ကလေးတွေ ၁၅၊ ၁၆၊ ၁၇ တွေကအစ ပါပါတယ်။ ရှေ့တန်းမှာလည်း လက်နက်ခဲယမ်းဆို ပြည့်ပြည့်ဝဝ ပေးမထားပါဘူး။ လူဆိုလည်း နည်းနည်းလေးပဲ ပေးထားပါတယ်။ ကျွန်တော်လည်း မိဘကို ချစ်တဲ့သူမို့ ကိုယ့်မိဘနဲ့ကိုယ် ပြန်တွေ့ချင်လို့ ရှေ့တန်းကနေ ကျွန်တော်ထွက်ပြေးတယ်။ အိမ်ရောက်တော့ကျတော့ ပြည်သူတွေက၊ မိဘပြည်သူတွေက ကျွန်တော်တို့ကို အနေမခံချင်ဘူး ရွာထဲကို၊ မိဘ ကိုယ်တိုင်ကိုက အနေမခံဘူး။ ပြန်အနေမခံတော့ သူတို့ အကြမ်းဖက်အဖွဲက ကျွန်တော်တို့ကို ပြန်လာဖမ်းတယ်။ လက်ပံလှမှာ ကျွန်တော်တို့ကို အချုပ်ချထားတယ်။ အချုပ်ချထား ပြီးတော့ ကျွန်တော် လက်ပံလှအချုပ်ထဲကနေ ကျွန်တော် အပါအဝင် နှစ်ယောက် ထပ်ထွက်ပြေးတယ်။ ပြေးပြီးတော့ ကျွန်တော်တို့ ပထမတစ်သုတ်မှာ အလင်းဝင်သွားတဲ့ သူငယ်ချင်းကို ဆက်သွယ်တယ်။ ကျွန်တော်ကိုယ်တိုင် မဝင်ရဲဘူး။ ဒါပေမဲ့ သူငယ်ချင်းက ပြောတယ်။ ကောင်းကောင်းမွန်မွန် ဖျောင်းဖြပြောတော့ သူပြောတဲ့စကားကို ကျွန်တော် ယုံလို့ဆိုပြီးတော့ ကျွန်တော် အလင်း ကိုယ်တိုင်လာဝင်တယ်။ 

တပ်မတော်ကြီးက ကျွန်တော်တို့ကို နွေးနွေး ထွေးထွေး ကြိုဆိုတယ်။ စားနပ်ရိက္ခာဆိုလည်း ပြည့်ပြည့်ဝဝ ပေးတယ်။ ဆေးခန်းတွေ ဘာတွေလည်း အကုန်လိုက်ပို့တယ်။ လိုလေသေးမရှိအောင်လို့ ကျွန်တော်တို့ကို လိုက်ပို့ ပေးပါတယ်။ အဲဒါကြောင့်မို့လို့ ကျွန်တော်လည်း အခုဆိုရင် ကျွန်တော်တို့ အခမ်းအနားပွဲပြီးရင် ကျွန်တော် အဖေအမေ အပါအဝင် ကျွန်တော်တို့ရွာကိုပဲ လွတ်လွတ်လပ်လပ် နေရတော့မယ်။ အဲဒါကြောင့်မို့လို့ ကျွန်တော်လည်း တောထဲမှာ ရှိနေတဲ့ ညီအစ်ကို မောင်နှမ သူငယ်ချင်း မိတ်ဆွေတွေကို ဒီနေရာကနေ သူတို့ကို အလင်းဝင်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။ နောက်နောင် အကြမ်းဖက်အဖွဲနဲ့ ကျွန်တော် မပတ်သက်တော့ပါဘူးလို့ မိဘပြည်သူထံမှာ ကတိသစ္စာပြု ပါတယ်ခင်ဗျာ။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)