မတ် - ၆ ( သောကြာနေ့ )
ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှ ပထမဆုံးလက်ထောက်ဝန်ကြီးဟောင်း ရူရှန်ဆာလီကော့ဗ် အား လာဘ်စားမှုကြီးတစ်ခုဖြင့် ဖမ်းဆီးလိုက်ကြောင်း ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီက ကြေညာခဲ့ပါတယ်။
ဆာလီကော့ဗ် က ၂၀၁၇ ကနေ ၂၀၂၄ ခုနှစ်အတွင်း ဘတ်ဂျက်ရန်ပုံငွေများကို အလွဲသုံးစားလုပ်မှု၊ ငွေကြေးခဝါချမှု နှင့် လာဘ်ပေးလာဘ်ယူမှုတို့ မှာ ပါဝင်တဲ့အတွက်ကြောင့် ရာဇ၀တ်မှုဆိုင်ရာ အဖွဲ့အစည်း တစ်ခုကို ဖန်တီးနေတယ်ဆိုတဲ့ သံသယရှိတာကြောင့် စုံစမ်းစစ်ဆေးရေးကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး ပတ်ရန်ကို က ဆိုပါတယ်။
ထိပ်တန်းအရာရှိဟောင်းကို အဂတိလိုက်စားမှုနှင့် ငွေကြေးခဝါချမှု ၁၂ မှုအပြင် လာဘ်ပေးလာဘ်ယူမှု ၂ မှုဖြင့် စွဲချက်တင်ထားကြောင်း ကော်မတီက ကြာသပတေးနေ့တွင် ထုန်ပြန်ခဲ့ပါတယ်။ ဆာလီကော့ဗ်ကို ရုံးတင်စစ်ဆေးခြင်းမပြုမီ တစ်ပတ်ခန့် အကျဉ်းချထားရန် စီစဉ်ထားကြောင်းကိုလည်း ၎င်းကဆိုပါတယ်။
ဆာလီကောဗ်ရဲ့ အမှုက ၂၀၁၄ ခုနှစ်နောက်ပိုင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနကို တုန်လှုပ်သွားစေခဲ့တဲ့ နောက်ထပ် နာမည်ကြီးကိစ္စတစ်ခုဖြစ်ပြီး သူ့ကို ထပ်ခါတလဲလဲ စစ်ဆေးမေးမြန်းခြင်းလုပ်နေပါတယ်။ အဆိုပါကိစ္စတွင် အဓိကကျတဲ့ ဒုတိယကာကွယ်ရေးဝန်ကြီးဟောင်း တီမာအိုင်ဗန်နော့ဗ် အား ထောင်ဒဏ် ၁၃ နှစ် နဲ့ နိုင်ငံတော်ဘဏ္ဍာငွေများကို အလွဲသုံးစားလုပ်မှုဖြင့် အပြစ်ရှိကြောင်း တရားရုံးက တွေ့ရှိပြီးနောက် ယမန်နှစ်က ဒဏ်ငွေများစွာ ချမှတ်ခဲ့ပါတယ်။
အိုင်ဗန်နော့ဗ် အဖမ်းခံရပြီးနောက် ဝန်ကြီးဌာနအတွင်း အခြားသော ထိပ်တန်းအရာရှိများနှင့် ဗိုလ်ချုပ်အများအပြားကိုလည်း အလွဲသုံးစားလုပ်မှု၊ လိမ်လည်မှုနှင့် ဆက်စပ်စွဲချက်များဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
ဆာလီကော့ဗ် ကတော့ အိုင်ဗန်နော့ဗ် အမှုနဲ့ မပတ်သက်ပေမဲ့ သက်သေအဖြစ် သက်မှတ်ခံရမှာဖြစ်ပြီး အပြစ်ရှိကြောင်း တွေ့ရှိပါက ထောင်ဒဏ် အနှစ် ၂၀ အထိ ကျခံရနိုင်ဖွယ်ရှိကြောင်း ဥပဒေရေးရာ ကျွမ်းကျင်သူများက ရုရှားမီဒီယာသို့ ပြောကြားခဲ့ပါတယ်။
စုံစမ်းစစ်ဆေးရေးကော်မတီ အကြီးအကဲ က နိုင်ငံလုံခြုံရေးနှင့် စီးပွားရေးအတွက် လာဘ်ပေးလာဘ်ယူမှုအား “မဟာဗျူဟာမြောက် ခြိမ်းခြောက်မှု” လို့ တံဆိပ်ခတ်ခဲ့ပြီး ယင်းကဲ့သို့သော ရာဇ၀တ်မှုများအတွက် တင်းကျပ်သော ပြစ်ဒဏ်များချမှတ်ရန် ထောက်ခံအားပေးခဲ့ပါတယ်။
“အဂတိလိုက်စားတဲ့ အရာရှိတွေအတွက် ရာဇ၀တ်မှုဆိုင်ရာ ပြစ်ဒဏ်အဖြစ် သတ်မှတ်ဖို့ အချိန်ရောက်လာပြီ ထင်ပါတယ်” လို့ ၎င်းက စုံစမ်းစစ်ဆေးရေးကော်မတီ အစည်းအဝေးတွင် ပြောကြားခဲ့ပါတယ်။
REF: RT
#News

No comments:
Post a Comment