မတ် - ၆ ( သောကြာနေ့ )
ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်စကီးက ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်အား ယူကရိန်း အတွက် ဥရောပသမဂ္ဂအဖွဲ့ဝင်များမှ ပေးမဲ့ချေးငွေ ဘီလီယံပေါင်းများစွာကို ဗီတိုအာဏာနဲ့ တားထားလို့ အဲ့ဒိအမိန့်ကို ရုပ်သိမ်းပေးရန် တောင်းဆိုတာကို ဟန်ဂေရီ က ငြင်းဆိုလိုက်တဲ့အတွက်ကြောင့် ယူကရိန်းက စစ်ရေးခြိမ်းခြောက်မှု တစ်ရပ်ကို ထုတ်ပြန်ခဲ့ပါတယ်။
အီးယူအဖွဲ့ဝင်များက ယူကရိန်းအတွက် ဥရောပသမဂ္ဂအဖွဲ့ဝင်များက စုထားတဲ့ အရေးပေါ်ချေးငွေ ယူရို ၉၀ ဘီလီယံ (ဒေါ်လာ ၁၀၆ ဘီလီယံ) ကို ချေးမယ်လို့ ကတိပြုထားရာ ပြီးခဲ့လအတွင်းက အီးယူအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ယူထာတဲ့ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်က ဗီတိုအာဏာနဲ့ ပိတ်ဆို့ခဲ့ပါတယ်။
ဗစ်တာအော်ဘန်က ရုရှားဆီကနေ ဟန်ဂေရီကို ရေနံ နဲ့ သဘာဝဓာတ်ငွေ့တွေ ပို့ပေးနေတဲ့ ဒရူဇဘာ ပိုက်လိုင်းကို ယူကရိန်း ဒရုန်းတပ်ဖွဲ့က တိုက်ခိုက်လို့ ပေးပို့မှုတွေ ရပ်ဆိုင်းခဲ့တာကြောင့် လက်တုံ့ပြန်တဲ့အနေနဲ့ အခုလို ယူကရိန်းအတွက် ချေးငွေပေးတဲ့ကိစ္စကို ဗီတိုအာဏာနဲ့ ပိတ်ဆို့လိုက်တာပဲ ဖြစ်ပါတယ်။
ကြာသပတေးနေ့တွင် ယူကရိန်း လက်နက်ကိုင်တပ်ဖွဲ့များအတွက် လက်နက်အသစ်များနဲ့ ပတ်သက်ပြီး ပြောကြားရာတွင် ဇီလန်စကီး က "အီးယူမှလူတစ်ဦးက ကျနော်တို့ရမယ့် ယူရို ၉၀ ဘီလီယံကို ပိတ်ပင်မှာ မဟုတ်ဘူလို့ ကျနော်မျှော်လင့်ပါတယ်။ အဲ့လိုမှ မဟုတ်ရင်တော့ သူ့လိပ်စာကို ကျနော့် စစ်တပ် ဒါမှမဟုတ် ကျနော့်ကောင်တွေကို ပေးလိုက်မှာပါ။ သူ့ကို သူရဲ့ဘာသာစကားနဲ့ ဖုန်းဆက်ခေါ်ပြီး ဘယ်အချိန်လာမယ်ဆိုပြီး ပြောခိုင်းလိုက်မှာပါ” လို့ ပြောလိုက်ပါတယ်။
ဟန်ဂေရီနှင့် ယူကရိန်းကြား သံတမန်ရေးရာ အငြင်းပွားမှုသည် မကြာသေးမီ ရက်သတ္တပတ်များအတွင်း ပြင်းထန်လာပြီး ပုဂ္ဂိုလ်ရေးဆိုင်ရာ တင်းမာမှုများအဖြစ်သို့ ပျံ့နှံ့သွားပါတယ်။ ဇီလန်စကီးက ပြီးခဲ့သည့်လက မြူးနစ်လုံခြုံရေးညီလာခံအတွင်း သူ့ကို အရှက်ရအောင်လုပ်ခဲ့တဲ့ အော်ဘန်ကို ပုဂ္ဂိုလ်ရေးဆိုင်ရာ တိုက်ခိုက်မှုများစွာ ပြုလုပ်ခဲ့ပါတယ်။
ဟန်ဂေရီဝန်ကြီးချုပ်က ယူကရိန်းကို အီးယူသို့ ဝင်ရောက်ခြင်းအား ကာလရှည်ကြာ ဆန့်ကျင်ခဲ့ပြီး သံတမန်ရေးအရ တောင်းဆိုထားတဲ့ ယူကရိန်းအတွက် လက်နက်များ ပေးပို့ရန် သို့မဟုတ် အီးယူရဲ့ စစ်ရေးအကူအညီကို အတည်ပြုရန် အကြိမ်ကြိမ် ငြင်းဆိုခဲ့ပါတယ်။
REF: RT
#News

No comments:
Post a Comment