မန္တလေး ၊ မတ် ၅
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင်၊ ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ၏ ကြီးကြပ်မှုဖြင့် နွေရာသီအားလပ်ရက်၌ လူငယ်များအတွက် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဖွင့်လှစ်ခြင်းကို မတ် ၄ ရက် နံနက် ၉ နာရီခွဲက မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၊ ၈၆လမ်း၊ ၂၁/၂၂လမ်းကြားရှိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ (Community Centre) တွင် ဆောင်ရွက်သည်။
အခမ်းအနားသို့ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းသူအောင်၊ ခရိုင်ကလေးသူငယ်အခွင့််အရေးများဆိုင်ရာကော်မတီ၊ အတွင်းရေးမှူး၊ လူငယ်သင်တန်းကျောင်၊ ကျောင်းအုပ်ကြီး ဦးကျော်ဇင်ထွန်းနှင့်ကော်မတီဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စံပယ်နှင့်ဝန်ထမ်းများ၊ သင်တန်းနည်းပြ ဦးရွှေမော်၊ ဦးဖိုးချစ်နှင့်သင်တန်းသား၊ သင်တန်းသူ ၄၀ တက်ရောက်ကြသည်။
အခမ်းအနားတွင် ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌကိုယ်စား ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးက အမှာစကားပြောကြားပြီး ဦးစီးအရာရှိ ဒေါ်စံပယ်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားကာ အမှတ်(၁၀)အခြေခံပညာအထက်တန်းကျောင်း၊ အကျိုးတော်ဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးဌေးကြွယ်က ကျေးဇူးတင်စကား ပြောကြားသည်။
အဆိုပါ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းသို့ သင်တန်းသား၊သင်တန်းသူ ၄၀ တက်ရောက်ကြပြီး သင်တန်းကာလမှာ ခြောက်ရက်ဖြစ်သည်။ ထို့အပြင် အခြေခံကွန်ပျူတာသင်တန်းနှင့် အေရိုးဗစ်အားကစားသင်တန်းများ ဆက်လက်ဖွင့်လှစ်ရန် စီစဉ်ထားကြောင်းသိရသည်။
မြင့်မော်ထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment