မြဝတီမြို့တွင် အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများပပျောက်စေရေး အသိပညာပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မြဝတီမြို့တွင် အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများပပျောက်စေရေး အသိပညာပေး



မြဝတီ   ၊     မတ်  ၅

ကရင်ပြည်နယ်၊မြဝတီမြို့အတွင်း အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများပပျောက်စေရန်ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ၁နာရီ၌ အမှတ်(၅)ရပ်ကွက်အောင်မင်္ဂလာဓမ္မာရုံ၌ အွန်လိုင်းလိမ်လည်မှု နှိမ်နှင်းရေးလုပ်ငန်းများကြီးကြပ်ရေး ကော်မတီဝင်များပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲကို ကျင်းပသည်။

အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်(၂) ဦးစိန်သောင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်၊ မြို့နယ်ပညာရေးမှူး ဦးမိုးကျော်၊ မြို့နယ်ဥပဒေ၊ဒုတိယမြို့နယ်ဥပဒေအရာရှိ  ဦးထူးထက်အောင်၊ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ် (၁)ရဲအုပ် နိုင်ထွန်း၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များနှင့် ရပ်ကွက်နေ ပြည်သူများတက်ရောက်ခဲ့ကြသည်။

ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်က အွန်လိုင်းလိမ်လည်မှု ဝေါဟာရ  အနက်အဓိပ္ပာယ်၊ လူမှုဝန်းကျင်တွင် ဖြစ်ပွားနေသည့်အွန်လိုင်းလိမ်လည်မှု ဖြစ်စဉ်များ၊ ဒုစရိုက်လုပ်ငန်းအမျိုးအစားများနှင့် ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မော်အောင်က လတ်တလောဖြစ်ပွားနေသည့် အွန်လိုင်းလိမ်လည်မှု၊ ငွေကြေးလိမ်လည်မှုဖြစ်စဥ်အကြောင်းအရာများ၊ ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများ၊ ဆောင်ရန်၊ရှောင်ရန်နည်းလမ်းများ၊ သတိပြုဆင်ခြင်ရမည့်အချက်များ၊ ဒုတိယမြို့နယ်ဥပဒေအရာရှိ  ဦးထူးထက်အောင်က အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ စတင်အမြစ်တွယ်ပျံ့နှံ့ရခြင်းအကြောင်းအရာများ၊ လတ်တလောဖြစ်ပွားနေသည့် အွန်လိုင်းလိမ်လည်မှုပြဿနာဖြစ်စဥ်များနှင့် ကြုံတွေ့နေရသည့် ဆုံးရှုံးမှုများနှင့်အရေးယူအပြစ်ပေး ချမှတ်လျက်ရှိသည့် ဥပဒေ၊နည်းဥပဒေပုဒ်မများ၊ သတိပြုကာကွယ်ရမည့်အချက်များ ၊လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့  တပ်ဖွဲ့စိတ် (၁)ရဲအုပ်နိုင်ထွန်းက အွန်လိုင်းမှတစ်ဆင့် လူကုန်ကူးမှု၊ လိမ်လည်မှု၊ ငွေကြေးလိမ်လည်မှုနှင့် သွေးဆောင်မှုဖြစ်စဥ်များနှင့် သတိပြုဆင်ခြင်ရမည့်အချက်များကို  ဟောပြောကြသည်။

ဆက်လက်ပြီး အသိပညာပေးဟောပြောပွဲ တက်ရောက်လာကြသည့် ရပ်ကွက်နေ ပြည်သူများကို (online) လိမ်လည်မှုလုပ်ငန်းပပျောက်ရေးဆိုင်ရာ အသိပညာပေး ဗီဒီယိုကလစ်ပြသပေးခဲ့ပြီး လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့  ရဲအုပ်နိုင်ထွန်းက အသိပညာပေးလက်ကမ်း စာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ဆောင်းနှင်းဖြူ 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)