မတ် - ၅ ( ကြာသပတေးနေ့ )
အိန္ဒိယသမုဒ္ဒရာအတွင်းမှာ အမေရိကန်ရေငုပ်သင်္ဘောတစ်စီးက အီရန်ရေတပ်ဖရီးဂိတ် စစ်သင်္ဘောတစ်စီးကို တနင်္လာနေ့က နစ်မြုပ်ခဲ့ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး ပီတီဟဂ်ဆက်သ် က ပြောကြားခဲ့ပါတယ်။ အီရန်စစ်သင်္ဘော အိုင်ရစ်ဒီနာ သည် သီရိလင်္ကာနိုင်ငံ အနောက်တောင်ပိုင်းရှိ ဂယ်လီမြို့မှ ရေမိုင် ၄၀ ခန့်အကွာတွင် တိုက်ခိုက်ခံလိုက်ရပြီး သင်္ဘောသား ဒါဇင်ပေါင်းများစွာကို သီရိလင်္ကာရေတပ်မှ ကယ်ဆယ်နိုင်ခဲ့ကြောင်း မီဒီယာအချို့က ဖော်ပြခဲ့ပါတယ်။
မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဟဂ်ဆက်သ်က “အီရန်သင်္ဘောဟာ နိုင်ငံတကာရေပိုင်နက်မှာ သူ့ကိုယ်သူ ဘေးကင်းတယ်လို့ ထင်မြင်နေပါတယ်။ ကျနော်တို့ရဲ့ တော်ပီဒို ထိသွားတော့ ငြိမ်းချမ်းစွာ နဲ့ နစ်မြုပ်သွားတော့တာပါပဲ။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ရန်သူသင်္ဘောတစ်စီးကို တော်ပီဒိုဖြင့် ပထမဆုံး နစ်မြုပ်လိုက်ခြင်းဖြစ်ပဲ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။
သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီး က နံနက် ၅ နာရီ ၈ မိနစ်ခန့်တွင် အရေးပေါ်ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့ပြီး အီရန်သင်္ဘောကို ကူညီရန် ရေတပ်သင်္ဘောနှစ်စင်း ချက်ချင်းစေလွှတ်ထားကြောင်း မနေ့က ပြောကြားခဲ့ပါတယ်။ “အရေးတကြီးအကူအညီလိုနေတဲ့ လူသုံးဆယ်ကို ချက်ချင်း ကယ်ဆယ်နိုင်ခဲ့ပါတယ်။ သူတို့ကို ဂယ်လီ ရှိ ကာရာပီတီယာ ဆေးရုံမှာ တင်ထားပါတယ်” လို့ ၎င်းကဆိုပါတယ်။
တိုက်ခိုက်မှုဖြစ်ပွားချိန်တွင် အိုင်ရစ်ဒီနာ သင်္ဘောပေါ်တွင် လူပေါင်း ၁၈၀ ခန့်ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။ သီရိလင်္ကာရေတပ်မှ ပြောရေးဆိုခွင့်ရှိသူ က ကယ်ဆယ်ရေးသမားများသည် အီရန်စစ်သင်္ဘော အမှုထမ်း ရုပ်အလောင်း အများအပြားကို ဆယ်ယူရရှိခဲ့ကြောင်း သတင်းထောက်များအား ပြောကြားခဲ့ပါတယ်။
REF: RT
#News

No comments:
Post a Comment