ရုရှားမှာ စစ်မှုထမ်းဖူးတဲ့ ဘယ်သူ့ကိုမဆို တိုင်းပြည်ကနေ မနှင်ထုတ်ဖို့ ဒေသဆိုင်ရာ အာဏာပိုင်တွေကို ညွှန်ကြားချက်ပေးထား - Myanmar National Post

Myanmar National Post

News Agency

Breaking

ရုရှားမှာ စစ်မှုထမ်းဖူးတဲ့ ဘယ်သူ့ကိုမဆို တိုင်းပြည်ကနေ မနှင်ထုတ်ဖို့ ဒေသဆိုင်ရာ အာဏာပိုင်တွေကို ညွှန်ကြားချက်ပေးထား



မတ် - ၂၄ ( အင်္ဂါနေ့ ) 

ရုရှား ကရင်မလင် အစိုးရက ဒေသခံအာဏာပိုင်တွေကို ရုရှားစစ်တပ်မှာ စစ်မှုထမ်းဖူးတဲ့ သူတွေဆိုရင် နိုင်ငံခြားသားပဲ ဖြစ်ဖြစ်၊ နိုင်ငံမဲ့တဲ့သူပဲဖြစ်ဖြစ် ပြစ်မှုအသေးလေးတွေကို ကျူးလွန်တယ်ဆိုရင်တောင် တိုင်းပြည်က မနှင်ထုတ်ဖို့နဲ့ နေထိုင်ခွင့်ပေးဖို့အတွက် ညွှန်ကြားချက် ထုတ်ထားပါတယ်။ 

အဲ့ဒိညွှန်ကြားချက်ကို ရုရှားသမ္မတဗလာဒီမာပူတင်က မနေ့က လက်မှတ်ရေးထိုးပြီး အစိုးရရဲ့တရားဝင် လက်စွဲမှာပါတဲ့ ဥပဒေဖြစ်တဲ့ အုပ်ချုပ်ရေးဆိုင်ရာ ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေကို ပြင်ဆင်လိုက်ပါတယ်။ အဲ့ဒိဥပဒေအရ ရုရှားစစ်တပ် စစ်မှုထမ်းဟောင်းများကို ဒဏ်ငွေ သို့မဟုတ် မလုပ်မနေရ လူမှုအသိုင်းအဝိုင်းဝန်ဆောင်မှုဖြင့် အစားထိုးလိုက်ပါတယ်။ 

စည်းမျဉ်းသစ်အရ စီမံခန့်ခွဲရေးဆိုင်ရာ ပြစ်မှုများကို ကျူးလွန်သည့် အရည်အချင်းပြည့်မီသော နိုင်ငံခြားသားများကို မလုပ်မနေရ ပရဟိတ အလုပ်ချိန် နာရီ ၁၀၀ မှ ၂၀၀ အကြား သို့မဟုတ် ရုရှားနိုင်ငံမှ ထွက်ခွာရန် အမိန့်အစား စီမံခန့်ခွဲရေးဆိုင်ရာ ဒဏ်ငွေပေးဆောင်ရန် အမိန့်ချမှတ်နိုင်တယ်လို့ သိရပါတယ်။ 

နှင်ထုတ်ခြင်းမှ ကင်းလွတ်ခွင့်သည် ရုရှားစစ်တပ်၌ စာချုပ်အရ တာဝန်ထမ်းဆောင်ဖူးသော ပုဂ္ဂိုလ်များနှင့် သက်ဆိုင်ပါတယ်။ အစောပိုင်းစည်းမျဉ်းများအောက်တွင် နိုင်ငံခြားသားများကို အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အရပ်ဖက် ပြစ်မှုများအတွက် ရုရှားနိုင်ငံမှ နှင်ထုတ်နိုင်ပြီး စစ်မှုထမ်းခြင်းသည် ၎င်းတို့အား အထူးအဆင့်အတန်း မပေးထားပါဘူး။ 

နိုင်ငံခြားသားများအား ရုရှားစစ်တပ်တွင် စစ်မှုထမ်းရန် စာချုပ်ချုပ်ဆိုခွင့်ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် လက်မှတ် ရေးထိုးနိုင်ခဲ့ပြီး နိုင်ငံမဲ့များက၂၀၂၃ ခုနှစ် ဇူလိုင်လတွင် ယင်းအခွင့်အရေးကို ရရှိခဲ့ပါတယ်။


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)