မတ် - ၂၁ ( စနေနေ့ )
အာဖရိကတိုက်ရဲ့ အရှေ့တောင်ပိုင်း နိုင်ငံတစ်ခုဖြစ်တဲ့ မိုဇမ်ဘစ်နိုင်ငံမှာ မနှစ်က ဒီဇင်ဘာလအတွင်းမှာ ရေကြီးရေလျှံမှု အကြီးအကျယ်ဖြစ်ပွားခဲ့ပါတယ်။ ရက်သတ္တပတ်များစွာ ပြင်းထန်စွာမိုးရွာသွန်းပြီးနောက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းအဖြစ်သို့ ပြောင်းလဲသွားခဲ့ပါတယ်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တိုင်းပြည်ရဲ့ အလယ်ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် မြစ်ရေလျှံကာ ရုတ်တရက် ရေကြီးမှုများဖြစ်လာခြင်းက လူသားချင်းစာနာထောက်ထားမှု အရေးပေါ် လိုအပ်ချက်များဖြစ်ပေါ်လာကာ အစိုးရက ဇန်နဝါရီ ၁၆ ရက်တွင် အနီရောင်သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။
ရုရှားနိုင်ငံသည် နိုင်ငံရဲ့ အရေးပေါ် ဝန်ကြီးဌာနက အထူးလေယာဉ်ကို အသုံးပြုကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ တန်ချိန် ၂၉ တန်ကို မိုဇမ်ဘစ်သို့ ပေးပို့ခဲ့ကြောင်း ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ကြာသပတေးနေ့တွင် သတင်းထုတ်ပြန်ခဲ့ပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်၊ အစိုးရနှင့် ရုရှားအရပ်ဘက်ကာကွယ်ရေး၊ အရေးပေါ်နှင့် သဘာဝဘေးအန္တရာယ်များ၏ နောက်ဆက်တွဲဆိုးကျိုးများ ပပျောက်ရေးဝန်ကြီး အလက်ဇန်ဒါ ကူရန်ကော့ဗ် ရဲ့ အမိန့်ဖြင့် ပေးပို့ခဲ့ခြင်းဖြစ်ပါတယ်။
"ရိက္ခာထောက်ပံ့မှုများ၊ မရှိမဖြစ်လိုအပ်သောပစ္စည်းများအပြင် အာဖရိကသမ္မတနိုင်ငံရှိ ရေလွှမ်းမိုးမှုဒဏ်ခံရသော လူဦးရေအတွက် ရွက်ဖျင်တဲများနှင့် စောင်များကို ပို့ဆောင်ပေးခဲ့သလို ရေကြီးကာစတုန်းကလည်း ရုရှားကယ်ဆယ်ရေးသမားများကို မိုဇမ်ဘစ်သို့ ပို့ပေးခဲ့တယ်" လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
REF: RT
#MNP #News



No comments:
Post a Comment