ပုဇွန်တောင်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့်ပါဠိပထမပြန် စာအောင်သံဃာတော် တို့အား အောင်လက်မှတ်ဆက်ကပ်ပွဲ၊ စူဠဘွဲ့နှင်းသဘင်အခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်း လှူပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပုဇွန်တောင်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့်ပါဠိပထမပြန် စာအောင်သံဃာတော် တို့အား အောင်လက်မှတ်ဆက်ကပ်ပွဲ၊ စူဠဘွဲ့နှင်းသဘင်အခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်း လှူပွဲ အခမ်းအနားကျင်းပ













ပုဇွန်တောင်၊ မတ် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ အစိုးရဓမ္မာစရိယနှင့်ပါဠိ ပထမပြန် စာအောင်သံဃာတော်တို့အား အောင်လက်မှတ်ဆက်ကပ်ပွဲ၊ စူဠဘွဲ့နှင်းသဘင် အခမ်း အနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကို မတ်လ ၂၀ ရက်နေ့ နေ့လယ် ၁ နာရီ အချိန်က အမှတ် (၁၀)ရပ်ကွက်ရှိ ဘုရားဖြူကျောင်းတိုက်တွင် ကျင်းပခဲ့ရာ အခမ်းအနားကို “နမော တဿ” သုံးကြိမ် သံပြိုင်ရွတ်ဆိုပူဇော်ကာ အခမ်းအနားဖွင့်လှစ်ပြီး နိုင်ငံကျော်အဆိုတော် ဝိုင်းလမင်းအောင်က ထူးမခြားနားသီချင်းခံသုံးပိုဒ်ဖြင့် သီဆိုပူဇော်ခဲ့ပြီးနောက် တက်ရောက် လာကြသည့် ဧည့်ပရိတ်သတ်အပေါင်းတို့က ဘုရားဖြူကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသထံမှ ငါးပါးသီလတရားတော်ကိုခံယူပြီး သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဇျာယ်တော်မူသော မေတ္တာသုတ်ပရိတ်တရားတော်ကို နာယူကြသည်။ 

ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်မိုးအောင်မှ ဆရာတော် သံဃာတော်များအား သာသနာရေးဆိုင်ရာများနှင့်ဝမ်းမြောက်စကားများ လျှောက်ထားခဲ့သည်။ ဆက်လက်၍ ဩဝါဒစရိယဆရာတော်(၂၁)ပါးနှင့် ၂၀၂၅ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့်ပါဠိပထမပြန် စာမေးပွဲတွင် ဖြေဆိုအောင်မြင်တော်မူကြသည့် ဓမ္မစရိယ(၄)ပါး၊ ပထမလတ်(၁)ပါး၊ ပထမငယ် (၁)ပါး၊ အခြေပြုမူလတန်း(၇)ပါးနှင့်လူပုဂ္ဂိုလ်(၁)ဦးတို့အား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများ၊ မြို့မိ/မြို့ဖအလှူရှင်များက စာအောင်လက်မှတ်၊ စာအောင်ဆုများနှင့် လှူဖွယ်ဝတ္ထု များကို ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် လှူဒါန်းမှုအစုစုတို့အတွက် နိုင်ငံတော်သံဃနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင်၊ သာယာကုန်းပြဿဒ်ကျောင်းတိုက်ဆရာတော်  အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇော တိကဓဇဘဒ္ဒန္တပညာဓဇထံမှ အနုမောဒနာ ရေစက်သွန်းချအမျှပေးတရားတော်ကို နာယူတော် မူကြပြီး  “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” သုံးကြိမ် ရွတ်ဆို၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်း ခဲ့ပြီးနောက် မြို့နယ်သံဃနာယကဆရာတော်များ၊ အစိုးရဓမ္မာစရိယနှင့်ပါဠိပထမပြန် ဩဝါဒါ စရိယဆရာတော်များ၊ ကြီးကြပ်ရေးဆရာတော်များ၊ စာအောင်သံဃာတော်များ (၄၀) ပါးကို ဆွမ်း ဆန်တော်၊ ဝတ္ထုငွေနှင့်လှူဖွယ်ပစ္စည်းများ လောင်းလှူခဲ့ကြသည်။ အဆိုပါ အစိုးရဓမ္မာစရိယ နှင့်ပါဠိပထမပြန် စူဠဘွဲ့နှင်းသဘင်အခမ်းအနားတွင် နိုင်ငံကျော်အဆိုတော် ဝိုင်းလမင်းအောင်၏ တူရိယာလုလင် မြန်မာမှုတေးဂီတအဖွဲ့မှ ဓမ္မတေးသီချင်း၊ ရတု၊ တေးထပ်ပိုဒ်စုံများဖြင့် သီဆို ပူဇော်ခဲ့ကြကြောင်း သတင်းရရှိသည်။


ဟန်စုယဉ်

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)