၂၀၂၆ ခုနှစ်၊ မတ်လ ၁၁
စက်သုံးဆီမပြတ်လပ်စေရန်နှင့် စက်သုံးဆီအမှန်တကယ်လိုအပ်သူများ အဆင်ပြေချောမွေ့စွာ ဝယ်ယူရရှိနိုင်စေရန်ရည်ရွယ်၍ အရောင်းဆိုင်များတွင် တစ်ရက်အတွင်း ၂ ကြိမ် (သို့မဟုတ်) ၃ ကြိမ် တန်းစီ ဝယ်ယူမှုများလျော့နည်းပပျောက်စေရေးအတွက် အရောင်းဆိုင်များအနေဖြင့် တယ်လီဖုန်း Application ကို အသုံးပြုပြီး စိစစ်ရောင်းချမှုများဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ယင်းသို့ဆောင်ရွက်ရာတွင် အများပြည်သူဝန်ထုပ်ဝန်ပိုးမဖြစ်စေရေးနှင့် ပိုမိုရိုးရှင်းလွယ်ကူစွာ ဆောင်ရွက်နိုင်ရေးအတွက် ယာဉ်ပိုင်ရှင်များမှ Application အသုံးပြုရန်နှင့် Registration ပြုလုပ်ရန် လုံးဝ မလိုအပ်ဘဲ အရောင်းဆိုင်အခြေပြုစိစစ်သည့်နည်းလမ်းဖြင့်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ မော်တော်ယာဉ်များအတွက် Wheel Tax ၏ Barcode ကိုလည်းကောင်း၊ မော်တော်ဆိုင်ကယ် များအတွက် Wheel Tax ပါအချက်အလက်များကို အသုံးပြုပြီး QR Code ထုတ်ပေး၍လည်းကောင်း Application ဖြင့် အလိုအလျောက်စစ်ဆေးသည့်နည်းလမ်းဖြင့် စိစစ်ရောင်းချပေးသွားမည်ဖြစ်ပါသည်။
မော်တော်ယာဉ်များအတွက် Wheel Tax တွင်ပါရှိသော Barcode အား ဆိုင်ဝန်ထမ်းမှ Scan ဖတ်၍ စနစ်မှ အလိုအလျောက်စစ်ဆေးပြီး တစ်ရက်အတွင်း တစ်ကြိမ်မျှ စက်သုံးဆီဝယ်ယူထားခြင်း မရှိသေးပါက စက်သုံးဆီများဆက်လက်ရောင်းချပေးမည်ဖြစ်ပါသည်။ အကယ်၍ တစ်ရက်အတွင်း နောက်တစ်ကြိမ် ထပ်မံဝယ်ယူရန် မည်သည့်ဆိုင်တွင်မဆို Scan ဖတ်ပါက ၎င်းရက်အတွင်း ပထမ အကြိမ်ဝယ်ယူခဲ့မှုကို ဖော်ပြပေးမည်ဖြစ်ကာ ဆီဝယ်ယူခွင့်ရရှိမည်မဟုတ်ဘဲ နောက်တစ်ရက်တွင်မှသာ ထပ်မံဝယ်ယူခွင့်ရရှိမည်ဖြစ်ပါသည်။ တစ်ရက်အတွင်း တစ်ကြိမ်ဝယ်ယူပြီးနောက် ထပ်မံတန်းစီဝယ်ယူ မှုများမရှိစေရေး စိစစ်တားမြစ် သွားမည်ဖြစ်ပါသည်။
#News #MNP






No comments:
Post a Comment