ကြံခင်းမြို့နယ်အတွင်းရှိ စာစစ်ဌာန(၅)ခု၌ တက္ကသိုလ်ဝင်စာမေးပွဲ(ပထမနေ့) မြန်မာစာ ဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူ (၆၁၂) ဦး ဝင်ရောက်ဖြေဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

ကြံခင်းမြို့နယ်အတွင်းရှိ စာစစ်ဌာန(၅)ခု၌ တက္ကသိုလ်ဝင်စာမေးပွဲ(ပထမနေ့) မြန်မာစာ ဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူ (၆၁၂) ဦး ဝင်ရောက်ဖြေဆို








ကြံခင်း၊ မတ်  ၁၇

၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် မတ်လ (၁၁) ရက်၊ နံနက် ၉ နာရီမှစ၍ စတင်ဖြေဆိုလျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်အတွင်းရှိ စာစစ်ဌာန (၅)ခု၌ တက္ကသိုလ်ဝင်စာမေးပွဲ(ပထမနေ့) မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ (၆၁၂)ဦးတို့မှ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

ဦးစွာ စာမေးပွဲဖြေဆိုခြင်း မပြုမီ  ဆရာ၊  ဆရာမများက  ကျောင်းသား၊  ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/ မမှန် စစ်ဆေးခြင်းများနှင့် လိုအပ်သည့်စစ်ဆေးမှုများကို စာမေးပွဲ စည်းမျဉ်းစည်းကမ်းများနှင့် အညီစနစ်တကျ ဆောင်ရွက်ကြသည်။ အဆိုပါ စာစစ်ဌာန(၅)ခုရှိ အ.ထ.က(၁) စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား (၁၅၃) ဦး၊ ကျောင်းသူ (၁၈၄) ဦး စုစုပေါင်း(၃၃၇) ဦး၊ အ.ထ.က(ဆိပ်သာ)စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား (၁၆) ဦး၊ ကျောင်းသူ (၂၃) ဦး စုစုပေါင်း(၃၉) ဦး၊ အ.ထ.က(ဘက်ရဲ) စာစစ်ဌာနတွင် ဝင်ရောက် ဖြေဆိုသည့် ကျောင်းသား (၆၂) ဦး၊ ကျောင်းသူ (၈၂) ဦး စုစုပေါင်း(၁၄၄) ဦး၊ အ.ထ.က (ရေနံတောင်) စာစစ် ဌာနတွင် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား (၁၂) ဦး၊ ကျောင်းသူ (၁၈) ဦး စုစုပေါင်း(၃၀) ဦး၊ အ.ထ.က(မျောက်ချောကုန်း)စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား (၃၂) ဦး၊ ကျောင်းသူ (၂၉) ဦး စုစုပေါင်း(၆၂) ဦး၊ စာရင်းရှိ ကျား ၂၉၁ ဦး၊ မ ၃၄၄ ဦး၊ ဖြေဆိုသူ ကျား ၂၇၆ ဦး ၊ မ ၃၃၆ ဦး၊ စုစုပေါင်းဖြေဆို ၆၁၂ ဦး၊ ပျက်ကွက် ၂၃ ဦး၊ ဖြေဆိုမှုရာခိုင်နှုန်း (၉၆.၃၈) ရာခိုင်နှုန်း၊ မြို့နယ်ပညာရေးမှူး ရုံးမှ သိရသည်။

ထိုသို့ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေး ချမ်းသာစွာဖြင့်ဝင်ရောက်ဖြေဆိုနိုင်ရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းစေရေး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ အဖွဲ့ဝင် ဗိုလ်မှူးသောင်းထွဋ်လွင်၊ အတွင်းရေးမှူး မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးပြည့်သိမ်းကျော်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး များ၊ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့(ပလကဖ)တို့က ကျောင်းဝင်းအတွင်းနှင့် အပြင်များတွင် စနစ်တကျကြီးကြပ်ကြည့်ရှုပေးလျက်ရှိကြောင်း သိရှိရသည်။

   

ဖြိုးဝေလင်း

#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)