မဲလိမ်မဲခိုးပြီး အာဏာသက်ဆိုးရှည်ဖို့ ကြိုးစားရင်းက အာဏာလက်မဲ့ဖြစ်ခဲ့ရတဲ့ NLD ပါတီ ဦးဆောင်သူတွေဟာ CRPH, NUG အကြမ်းဖက်အဖွဲ့တွေကို ဖွဲ့စည်းပြီး အကြမ်းဖက်နည်းနဲ့ အာဏာရယူဖို့ ကြိုးစားခဲ့ရာမှာလည်း မအောင်မြင်ခဲ့ပါဘူး။
ဘာကြောင့် အကြမ်းဖက်လှုပ်ရှားမှု မအောင်မြင်ရသလဲ ပြန်လည်ဆန်းစစ်ကြည့်ရင် ဦးဆောင်သူတွေမှာ တာဝန်ခံမှု၊ တာဝန်ယူမှုမရှိ ဦးဆောင်သူတွေကိုယ်တိုင်က ပြည်ပကို ဖနောင့်နဲ့ တင်ပါးတသားတည်းကျအောင် ပြေးကြပြီးတော့မှ သူတို့ကို ထောက်ခံအားပေးတဲ့ နီပိန်းတွေကို PDF အကြမ်းဖက်သမားများ (ပဒက်များ) အဖြစ်အသုံးချကာ တော်လှန်ရေးကြီး ၃လနေရင်နိုင်မှာ၊ ၄ ၅ ၆ လ နေရင်နိုင်မှာ စသည်အားဖြင့် အာချောင်ပြီး ကမ္ဘာပတ်လည် ရက်ရှစ်ဆယ် အလှူပတ်ခံပြီး ရသမျှအလှူငွေကိုလည်း အသေခံပြီး တိုက်ပွဲဝင်နေတဲ့ ပဒက်လေးတွေကို ထောက်ပံ့ပေးခြင်းမျိုး မရှိဘဲ ဦးတဲ့လူက အလွဲသုံးစားလုပ်ရင်း ပြဿနာတွေ တက်နေကြတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
ပြည်ပြေး ဝရမ်းပြေး သူခိုးကြီး သူခိုးငယ် အသွယ်သွယ်တို့မှာ ခွက်ခေါက်လို့ ရသမျှ စာရင်းမရှင်းဘဲ အလွဲသုံးစား လုပ်ခဲ့ကြတဲ့အတွက် ပြဿနာပေါင်းသောင်းခြောက်ထောင်နဲ့ မျက်နှာပြောင်တိုက်ပြီး တော်လှန်ရေးကြီး နိုင်တော့မှာလိုလို ပြောနေကြတုန်းပါပဲ။
ကြည်ပြာဆိုတဲ့ မိန်းမလည် သိန်းကြွယ်က အလှူငွေတွေ ခိုးတဲ့ကိစ္စ၊ နေဘုန်းလတ် က သူ့ကို အန်းထားတဲ့ ကြည်ပြာ ကို ကာကွယ်ရင်း က ၈၈ကျောင်းသားအိုကြီးတွေ၊ နိုင်ကျဉ်းဆိုသူတွေကို ပတ်ရမ်းရင်းက ပြဿနာတက်ခဲ့ပါတယ်။ နေဘုန်းလတ် က ပတ်ရမ်းလာတော့ ၈၈ ကျောင်းသားအိုကြီးတွေကလည်း မခံနိုင်၊ တန်းမရှိရင် တန်းမညှိပါနဲ့လို့ ပြောလာကြသလို၊ နေဘုန်းလတ် သည် NLD ပါတီထဲကို ခွေးတိုးပေါက်ကဝင်ခဲ့သူ ဖြစ်ကြောင်းတွေပါ အများပြည်သူ သိလာရပါတယ်။
ဒီရက်ပိုင်းအတွင်းမှာ ဆိုရင်ပဲ NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ ယင်းမာပင် ပဒက်တစ်ကောင်ရဲ့ မုဒိန်းမှုက ပြည်ဖျက်မိစ္ဆာတွေကြားမှာ အသံကျယ်ကျယ်လောင်လောင် ထွက်လာပါတယ်။
ပြည်ဖျက်မိစ္ဆာတွေကြားမှာ ပြဿနာတွေ တက်နေတာနဲ့ ပတ်သက်လို့ နီပိန်းတစ်ကောင်ဖြစ်တဲ့ ဖြိုးဝေအောင် (ပညာရေး) ဆိုသူက ပညာသားပါပါ ရေးသားထားတာကိုလည်း တွေ့ရပါတယ်။
သူရေးသား ဖြန့်ဝေထားတာက "တော်လှန်ရေး ၅ နှစ် ကျော်လာပါပြီ။ ဒီကာလအတွင်းမှာ ကျနော်တို့ အမြဲကြားနေရတဲ့ ဆင်ခြေက "တော်လှန်ရေးကာလမို့ပါ"၊ "အလုပ်လုပ်ရင်တော့ အမှားပါမှာပေါ့"၊ "ဘာမှမလုပ်တဲ့သူထက်စာရင် တော်သေးတာပေါ့" ဆိုတာတွေပါ။ ဒီစကားလုံးတွေဟာ တာဝန်ခံမှု (Accountability) ကို ကျောခိုင်းဖို့အတွက် အကာအကွယ်တွေ ဖြစ်မလာသင့်တော့ပါဘူး။
၁။ မကြည်ပြာကိစ္စနှင့် ဗီလိန်ဖြစ်သွားသူများ
အားလုံးငြိမ်သွားမှ မကြည်ပြာက ထပြီး အင်တာဗျူးတွေ လုပ်လာတယ်။ သူ့ဘက်က "ကျမ အလွဲသုံးစားလုပ်တယ်၊ မလုပ်ဘူးဆိုတာ သူတို့သိပါတယ်" ဆိုပြီး သူ့ကောင်းကြောင်းတွေပဲ ရှင်းပြသွားတာ။ အဲ့ဒီမှာ တိုင်ကြားသူ ၁၂ ယောက်က ဗီလိန်တွေ ဖြစ်သွားတယ်။ ကျနော်ကတော့ အစပိုင်းပဲ ကြည့်ပြီး ဆက်မကြည့်တော့ပါဘူး။ ကျနော်တို့ သိချင်တာက အဲ့ဒီလို စကားလုံးတွေ မဟုတ်ပါဘူး။ "ဟေ့... ငါ့ကို အလွဲသုံးစားလုပ်တယ်လို့ ပြောတယ်။ ဒီမှာကြည့်... တော်လှန်ရေးအတွင်း ရရှိ၊ သုံးစွဲ၊ လက်ကျန်စာရင်း။ မရှင်းတဲ့နေရာရှိရင် ကြိုက်တဲ့မီဒီယာကနေ မေးမြန်းစုံစမ်းနိုင်တယ်" ဆိုတဲ့ ပြတ်သားတဲ့ ရှင်းလင်းချက်မျိုးကိုပဲ လိုချင်တာပါ။
၂။ ဦးကျော်မိုးထွန်းနှင့် 3.2M ကိစ္စ
ဦးကျော်မိုးထွန်းရဲ့ 3.2M ကိစ္စမှာလည်း ဝေ့လည်ကြောင်ပတ်တွေနဲ့ပဲ အချိန်ကုန်နေခဲ့တာပါ။ အမှန်တရားဆိုတာ ဝေ့လည်နေစရာ မလိုပါဘူး။ အချက်အလက်နဲ့ စာရင်းအင်းကသာ အဖြေပေးနိုင်တာပါ။
၃။ နွေဦးထီနှင့် CDM များ၏ မျှော်လင့်ချက်
နွေဦးထီဆိုလည်း ယောင်တောင်ပေါင်တောင်ပါပဲ။ CDM တွေအတွက် ရရှိတဲ့အမြတ်ငွေထဲက ၇၀% ထောက်ပံ့မယ်လို့ ကတိပေးထားတာ ရှိပါတယ်။ ကျနော်တို့ သိချင်တာက - လစဉ် ထီစောင်ရေ ဘယ်လောက်ရောင်းရသလဲ? တစ်စောင်အပေါ် အမြတ်က ဘယ်လောက်လဲ? အစောင်ရေ ဘယ်လောက်အတွက် စုစုပေါင်းအမြတ်က ဘယ်လောက်လဲ? ဆုမဲပေါက်သူတွေဆီက ပြန်လှူငွေက ဘယ်လောက်လဲ? အဲ့ဒီအမြတ်တွေထဲကမှ CDM ကူညီမှုက တကယ်တမ်း ဘယ်လောက်လဲ? လက်ရှိ လက်ကျန်က ဘယ်လောက်ရှိပြီး၊ အဲ့ဒီလက်ကျန်ကို ဘာအတွက် ဘယ်လိုသုံးမလဲ?
ဒါမျိုး အကျဉ်းချုပ် ရှင်းလင်းချက်တော့ ပေးရပါမယ်။ နွေဦးထီမှ မဟုတ်ဘူး၊ အခြား ငွေကြေးနဲ့ ပတ်သက်တဲ့ Project တွေ၊ Grant တွေအားလုံး ဒီအတိုင်းပဲ ရှင်းလင်းချက် လုပ်ပေးရမှာပါ။
၄။ NUG ၏ တာဝန်ခံမှု
တော်လှန်ရေး ၅ နှစ်ကျော်တဲ့အထိ NUG က ဝန်ကြီးဌာနအလိုက် စာရင်းရှိ၊ သုံးစွဲ၊ လက်ကျန်နဲ့ ထိုလက်ကျန်ငွေကို ဘာလုပ်မယ်ဆိုတာ (သို့မဟုတ်) လက်ကျန်မရှိတာ၊ စိုက်ထုတ်သုံးစွဲနေရတာ စတာတွေကို ထုတ်ပြန်ရှင်းလင်းပေးတာမျိုး မရှိသေးဘူး။ "ဘာမှမလုပ်ပေးတဲ့ကောင်တွေထက် သာပါသေးတယ်" ဆိုတဲ့ စိတ်ဓာတ်နဲ့ပဲ ကျေနပ်နေကြရင် ကျနော်တို့ တည်ဆောက်မယ့် စနစ်သစ်ဟာလည်း အဂတိနွံထဲက ရုန်းထွက်နိုင်မှာ မဟုတ်ပါဘူး။ "စာရင်းရှင်းတမ်း" ဆိုတာ တောင်းဆိုမှ ပေးရမယ့်အရာမဟုတ်ဘဲ တာဝန်ရှိသူတွေဘက်က အလိုအလျောက် တင်ပြရမယ့် ကျင့်ဝတ်ပါ။ ၅ နှစ်ဆိုတဲ့ အချိန်ဟာ ငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီး ရှင်းလင်းချက်တွေ ပြည်သူကိုထုတ်ပြသင့်တဲ့အချိန်ကာလထက်တောင် အများကြီးပိုနေပါပြီ။" လို့ ဆိုထားပါတယ်။
ဒီလောက်ဆိုရင် မဆိုးသေးပါဘူး။ ပြည်ပြေး ဝရမ်းပြေးတွေရဲ့ လိမ်ညာမှုတွေ၊ အလွဲသုံးစားလုပ်မှုတွေကိုတော့ သိမြင်နေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ နီပိန်းထဲမှာမှ အဆင့်မြင်တဲ့ နီပိန်းတစ်ယောက် ဖြစ်ပါတယ်။
နောက်တစ်ခုကတော့ မုဒိန်းအကောင်အဖြစ် နာမည်ဆိုးထွက်နေတဲ့ ယင်းမာပင် ပဒက် က "5.5.2021ခုနှစ် မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဆိုတဲ့ အမည်နာမကို ထူထောင်ကြပါတယ်။ ဆိုလိုရင်းက PDF ဆိုတာ MOD ကွပ်ကဲမှုအောက်က တပ်မတော် ဖြစ်ပါတယ်။ PDF အမည် တပ်ထားရင် MOD ကွပ်ကဲမှုအောက် ရှိရမှာဖြစ်ပါတယ်။ ဒါပေမယ့် PDF အမည်တွေ တပ်ထားသော်ငြား MOD အောက်မှာ မရှိတဲ့ တပ်တွေ ရှိနေပါတယ်။ ဘယ်တပ်တွေလဲဆိုတာ နာမည်တပ်မရေးပါ။ ကျင့်ဝတ်သိက္ခာကင်းမဲ့စွာနဲ့ PDF အဖြစ် အယောင်ဆောင်မှု ဖြစ်ပါတယ်။ MOD ကွပ်ကဲမှုအောက်မှာ မနေချင်လို့ ခွဲထွက် နှုတ်ထွက်ကြတာကို တပ်မတော်ဥပဒေ စည်းမျဉ်းစည်းကမ်းများ လုပ်ထုံးလုပ်နည်းနဲ့အညီ နှုတ်ထွက်ခွင့် ပေးခဲ့ကြပါတယ်။ ထိုနှုတ်ထွက်သွားသူ တဦးတယောက် တစုတဖွဲ့များဟာ PDF အမည်ကို ဆက်လက်သုံးစွဲကာ အလှူငွေရှာခြင်းမျိုး လုပ်ဆောင်နေကြဆဲဖြစ်တာကိုလည်း တွေ့ရှိရပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့အလံ ဘက်တံဆိပ်ကို တပ်ဆင်မြဲ တပ်ဆင်ထားကြပြန်ပါသေးတယ်။ သဘောတရားအရ MOD ကွပ်ကဲမှုအောက်က နှုတ်ထွက်ပြီးလျှင် PDF အလံတော်နဲ့ ဘက်တံဆိပ်များကို ဆက်လက်တပ်ဆင်သုံးစွဲခွင့် မရှိတော့ပါဘူးဆိုတာ အလိုလို နားလည်ရပါမယ်။ ထို့နည်းတူ ကွပ်ကဲမှုအောက်မှ နှုတ်ထွက်လျှင်လည်း အထက်ကွပ်ကဲမှုများမှ ထောက်ပံ့ပေးထားသည့် စစ်ဝတ်တန်ဆာ လက်နက်ခဲယမ်းများကို အပြည့်အဝ ပြန်လည်အပ်နှံခဲ့ရမှာဖြစ်ပါတယ်။ ဒါပေမယ့် မအပ်နှံကြတာတွေလည်း ရှိနေဆဲပါ ငါတို့က တလရ ဆက်လုပ်မှာလေဆိုပြီး ဆက်လက်ယူဆောင်သွားကြတာတွေဟာ စစ်ဥပဒေနဲ့မညီပါ။ အရှက်ရှိကြပါ။ ဒါတွေကို PDF စစ်ရုံးချုပ်က စစ်ဥပဒေနဲ့အညီ ဖမ်းဆီးခြင်း ဖြေရှင်းဆောင်ရွက်ခြင်းတွေ လုပ်ဖို့ လိုအပ်နေပြီဆိုသော်ငြား ပြည်သူလူထုကြားမှာ ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်လိုက်မိရင် MOD က အာဏာပြနေတာလား မစည်းလုံးချင်တာလားဆိုတာမျိုးနဲ့ တိုက်ခိုက်လိုကြသူတွေ ရှိသော်ငြား မမှု့ပါ။ သို့သော် ပြည်သူလူထုအကြား စိတ်နှလုံးမချမ်းမြေ့စရာတွေ မပြန့်နှံ့စေလိုတာကြောင့် ၎င်းအပြစ်ကျူးလွန်သူ တဦးတယောက် တစုတဖွဲ့များကို သက်ညှာစွာဘဲ ကိုင်တွယ်ဖြေရှင်းခဲ့ကြရခြင်းပါ။ ဒါပေမယ့် ကျွန်တော်တို့ တပ်မတော်က ဒီလိုထိပ်ပုတ်ခေါင်းပုတ် အလုပ်ခံရတာမျိုးကို ရေရှည်သည်းခံမှာတော့ မဟုတ်ပါဘူး။" လို့ ဆိုပြန်ပါတယ်။
နောက်ဆုံးတော့ ပြည်ပြေး ဝရမ်းပြေးတွေရဲ့ လက်ပါးစေ PDF အဖြစ် ဖွဲ့စည်းခဲ့တာတွေသည် ပြည်ပြေး ဝရမ်းပြေးတွေရဲ့ ငွေကြေးထောက်ပံ့မှု မရှိတော့တဲ့နောက်ပိုင်း အထိန်းအကွပ်မရှိ ခွက်ခေါက်ပြီး အဆင်ပြေသလို ရှင်သန်နေကြတဲ့ သဘောကို ပုံဖော်ရေးသားထားသလို ဖြစ်နေပါတယ်။
ပြည်ပြေး ဝရမ်းပြေး CRPH, NUG အကြမ်းဖက်အဖွဲ့က အာဏာလက်မဲ့ဖြစ်ပြီး အကြမ်းဖက်လှုပ်ရှားမှုစတင်ကာစ အချိန်မှာတော့ နိုင်ငံတော်ဘဏ္ဍာတွေ ခိုးထားတာလည်းရှိ၊ ပြည်ပအဖွဲ့အစည်းများထံမှ အထောက်အပံ့တွေလည်း ရှိနေတော့ facebook စာမျက်နှာတွေဖွင့်၊ ဝန်ကြီးဌာနအမည်ခံ website တွေလွှင့်တင် စာရွက်ပေါ်က စည်းကမ်းချက်တွေကတော့ ဟုတ်မလိုလို ဟန်ရေးပြနိုင်ခဲ့ကြပါသေးတယ်။ သို့သော် ကြောင်ကြာကြာရေမငုပ်ပါဘူး ဆိုသလို အချိန်တန်လာတော့လည်း သူ့ထက်ငါ လက်စွမ်းပြပြီး အပြိုင်အဆိုင် ခိုးကြရင်း က အကြမ်းဖက်လှုပ်ရှားမှုဟာ ဖရိုဖရဲဖြစ်လာပြီး နီပိန်း ပဒက်များဆိုသည်မှာလည်း KIA, KNU, TNLA, AA တို့ရဲ့ လက်ပါးစေများအဖြစ်နဲ့ ဘဝနိဂုံးအဆုံးမလှ ဖြစ်ခဲ့ကြရတာပါပဲ။
ဒီလိုအခြေအနေမှာ ပြည်ပြေး ဝရမ်းပြေးတွေက ကိုယ့်အကြောင်းကိုယ်သိပြီး လူငယ်တွေကို ဆက်ပြီးတော့ သေတွင်းထဲ တွန်းမပို့သင့်တော့ဘူး။ နီပိန်း ပဒက် လူငယ်တွေအနေနဲ့ကလည်း ဒီထက်ပိုပြီး မမိုက်မဲသင့်တော့ပါဘူး။ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိတဲ့ ပြည်ပြေး ဝရမ်းပြေးတွေအတွက် သေပွဲဝင်နေမယ့်အစား မိမိတို့ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို အများပြည်သူကို ဒုက္ခပေးတဲ့အလုပ်မှာ ပျော်မွေ့နေတာမျိုး မဟုတ်ဘဲ အများပြည်သူကို တစ်ထောင့်တစ်နေရာကနေ ကောင်းကျိုးပြုနိုင်ဖို့ ဥပဒေဘောင်အတွင်း ဝင်ရောက်ပြီး နေထိုင်ရှင်သန်ခြင်းက မိမိအတွက်လည်း ဘေးအန္တရာယ်ကင်းသလို အများပြည်သူကို ဒုက္ခပေးသူစာရင်းထဲမှာလည်း မပါတော့ပါဘူး။
ပြည်ပြေးဝရမ်းပြေးတွေရဲ့ ကောက်ကျစ်ယုတ်မာမှုကို မှန်ကန်စွာ သိဖို့ လိုပါတယ်။ အမှန်သိမှ အမြင်ရှင်းပါလိမ့်မယ်။ အမြင်ရှင်းမှလည်း မှန်ကန်စွာ ဆုံးဖြတ်နိုင်ပါလိမ့်မယ်။ ၅နှစ်တာကာလ ပြည်ပြေး ဝရမ်းပြေးတွေ ပြောခဲ့တဲ့ စကားတွေကို ပြန်လည်ဆန်းစစ်ပြီး အဖြေရှာပါ။ သူတို့ပြောခဲ့တဲ့ စကားတွေအပေါ်မှာ သူတို့တွေ ဘယ်လောက်အတိုင်းအတာအထိ တာဝန်ယူသလဲ။ ကိုယ့်စကားကိုယ် အလေးထားပြီး အောင်မြင်စွာ လုပ်ငန်းဖော်ဆောင်နိုင်မှု ဘယ်လောက်အတိုင်းအတာအထိ ရှိသလဲ။ ပြည်သူလူထုကို ကောင်းကျိုးပြုခဲ့တာလား၊ ဒုက္ခတွေပေးခဲ့တာလား။ မှန်ကန်စွာ စဉ်းစားဆုံးဖြတ်ပြီး အကြမ်းဖက်လှုပ်ရှားမှုကို အဆုံးသတ်ကြပါတော့။ ။
နောင်တော်လေး (ဘိုကလေး)
#News #MNP

No comments:
Post a Comment