ပိုမိုခိုင်မာပြည်မြန်မာကြီး ဖြစ်ထွန်းပေါ်ပေါက်လာဖို့အတွက် အားကုန်ဆောင်ရွက်သွားကြရန် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ က လွှတ်တော်ကိုယ်စားလှယ်များအား တိုက်တွန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ပိုမိုခိုင်မာပြည်မြန်မာကြီး ဖြစ်ထွန်းပေါ်ပေါက်လာဖို့အတွက် အားကုန်ဆောင်ရွက်သွားကြရန် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ က လွှတ်တော်ကိုယ်စားလှယ်များအား တိုက်တွန်း











နေပြည်တော်၊ မတ် ၁၀

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီကိုယ်စားပြု ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံပွဲ အခမ်းအနားတစ်ရပ်ကို ၉-၃-၂၀၂၆ ရက်နေ့ ၀၉၃၀ အချိန်တွင် ပါတီဌာနချုပ်၊ ညီလာခံခန်းမ၌ ကျင်းပပြုလုပ်ရာ ပါတီဥက္ကဋ္ဌ ဦးခင်ရီနှင့် ပါတီအကြီးအကဲများ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အခမ်းအနားကို နိုင်ငံတော်အလံအလေးပြု၍ နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ပြီး ပါတီဥက္ကဋ္ဌ ဦးခင်ရီမှ အဖွင့်အမှာစကားပြောကြားရာ “ပြည်သူများ၏ ထောက်ခံအားပေးမှုဖြင့် ရွေးချယ်ခံရသော ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအား စုံစုံလင်လင် တွေ့ဆုံရတဲ့အတွက် အထူးပင်ဝမ်းသာပါကြောင်း၊ ပါတီဌာနချုပ်မှလည်း ဂုဏ်ယူစွာဖြင့် လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြောင်း၊ မိမိမဲဆန္ဒနယ်မြေရဲ့ကောင်းကျိုး တိုင်းပြည်တစ်ပြည်လုံးနဲ့ တိုင်းရင်းသားအားလုံးရဲ့ ကောင်းကျိုးအတွက် ပြည့်ဝသော စွမ်းဆောင်မှုများနဲ့အတူ ပါတီရဲ့ဆောင်ပုဒ်ဖြစ်တဲ့ ပိုမိုခိုင်မာပြည်မြန်မာကြီး ဖြစ်ထွန်းပေါ်ပေါက်လာဖို့အတွက် အားကုန်ဆောင်ရွက်သွားကြရန်နှင့်  ကိုယ်စားလှယ်များအနေဖြင့် ကျရောက်လာတဲ့ နိုင်ငံ့တာဝန်၊ ပြည်သူ့တာဝန်တွေကို ကျေပွန်စွာနဲ့ ပါတီအနိုင်ရရှိချိန်မှာ သမိုင်းတခေတ် ဖြစ်ထွန်းပေါ်ပေါက်အောင် ဆောင်ရွက်ပေးကြရန်” ပြောကြားခဲ့ပါသည်။ 

ထို့နောက် အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးနှင့် ဗဟိုအလုပ်အမှုဆောင် ဦးမောင်မြင့်တို့မှ မေးခွန်း၊ အဆိုများအပါအဝင် လွှတ်တော်ဆိုင်ရာ အခန်းကဏ္ဍများနှင့်ပတ်သက်သည့် ကိစ္စရပ်များ၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်မှ လွှတ်တော်ကိုယ်စားလှယ်များ လိုက်နာကျင့်ကြံရမည့် အချက်များအားရှင်းလင်း ဆွေးနွေးပါသည်။

ထို့နောက်အထွေထွေဆွေးနွေးခြင်းကဏ္ဍတွင် တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အုန်းနှင့် ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေတို့မှ ပါဝင်ဆွေးနွေးခဲ့ပြီး အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးက နိဂုံးချုပ်ဆွေးနွေးပြောကြားကာ ၁၂ ၄၅ အချိန်တွင် ပါတီကိုယ်စားပြု ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံပွဲ အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးမြတ်ဟိန်း၊ ဦးမျိုးဇော်သိမ်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ ရွေးချယ်ခံ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများ၊ စုစုပေါင်း အင်အား (၃၅၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။


#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)