မတ်- ၁၀ ( အင်္ဂါနေ့ )
ဟော်မုဇ်ရေလက်ကြားကို မှီခိုနေရသော ရေနံထုတ်လုပ်မှုသည် တစ်လအတွင်း ရပ်တန့်သွားနိုင်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားခဲ့ပါတယ်။ အီရန်နှင့် အမေရိကန်-အစ္စရေးတို့ရဲ့ ပဋိပက္ခက ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ဈေးကွက်ကို ထိခိုက်စေနိုင်တဲ့ ဆိုးရွားသော အန္တရာယ်များဖြစ်တယ်လို့လည်း သတိပေးခဲ့ပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ပင်လယ်လမ်းကြောင်းကနေ ရေနံတင်ပို့မှု၏ သုံးပုံတစ်ပုံခန့် က ဟောမုဇ်ရေလက်ကြားကနေ ဖြတ်ပြီးသွားနေကြောင်းကို “အဲဒိကနေ တစ်ရက်ကို ရေနံ စည် ၁၄ သန်းဝန်းကျင်ထွက်နေတာပါ။ အဲဒီထဲက ၈၀ ရာခိုင်နှုန်းဟာ အာရှနဲ့ ပစိဖိတ်နိုင်ငံတွေဆီ ရောက်သွားနေပါတယ်” လို့ ပူတင်က တနင်္လာနေ့ ကမ္ဘာ့စွမ်းအင် ဈေးကွက်ဆိုင်ရာ အစိုးရအစည်းအဝေးတွင် ပြောကြားခဲ့ပါတယ်။
အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ဗုံးကြဲတိုက်ခိုက်ပြီးနောက် အီရန်က လက်တုံ့ပြန်တိုက်ခိုက်ခဲ့လို့ ဟောမုဇ် ရေလက်ကြားမှာ ရေနံတင်သင်္ဘောတွေ သွားလာမှုက ၈၀ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ရေနံတင်သင်္ဘောအများအပြား ထိမှန်ခဲ့ပါတယ်။ အဲ့ဒါကြောင့် ရေနံစိမ်းကိုတစ်စည်ကို ဒေါ်လာ ၄၀၊ ၅၀ လောက်ပေါက်နေရာက ဒေါ်လာ ၁၀၀ ကျော်သွားပါတယ်။
“ရေလက်ကြားအန္တရာယ်တွေအပေါ် မူတည်ပြီး ရေနံထုတ်လုပ်မှုဟာ လာမယ့်လမှာ အပြည့်အဝ ရပ်တန့်သွားနိုင်ပါတယ်။ အခုလည်း ထုတ်လုပ်မှုတွေက ကျဆင်းနေပါပြီ” လို့ ပူတင်ကပြောပါတယ်။ တကယ်လို့ ထုတ်လုပ်မှုတွေကို ပြန်လည်ထူထောင်မယ်ဆိုရင်တောင် ရက်သတ္တပတ်များ သို့မဟုတ် လများစွာပင် ကြာနိုင်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
ကမ္ဘာ့ရေနံဈေးနှုန်းများ မြင့်တက်နေမှုက စွမ်းအင်ထောက်ပံ့မှု ပြတ်တောက်စေကာ ငွေကြေးဖောင်းပွမှုကို တိုးမြင့်စေပြီး စက်မှုကုန်ထုတ်မှု ကျဆင်းစေတယ်လို့ ပူတင်ကပြောပါတယ်။ ကမ္ဘာကြီးက “အသစ်ဖြစ်တဲ့ ဈေးနှုန်းအမှန်တရား” ကို သူ့ဖာသာသူ ရှာဖွေတော့မယ်။ အဲ့ဒါက ရှောင်လွဲမရတော့ဘူး” ဆိုပါတယ်။ ( ပြောချင်တာက ရုရှား ရေနံစိမ်းတွေ ဈေးတက်တော့မယ်လို့ ဆိုလိုတာပါ)
ရုရှားကတော့ ယုံကြည်စိတ်ချရတဲ့ စွမ်းအင်ထောက်ပံ့သူအဖြစ် ဆက်လက်တည်ရှိနေသေးကြောင်း နဲ့ အာရှနိုင်ငံများ နဲ့ အီးယူအဖွဲ့ဝင် ဆလိုဗက်ကီးယားနှင့် ဟန်ဂေရီတို့ ကို ဆက်လက်ရောင်းပေးနေမှာဖြစ်ကြောင်း ကိုလည်း ဆိုပါတယ်။
REF: RT
#News #MNP

No comments:
Post a Comment