မတ် - ၁၀ ( အင်္ဂါနေ့ )
ရုရှားသမ္မတ ဗလာဒီမာပူတင် နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့ မနေ့ကညနေမှာ ဖုန်းဆက် စကားပြောဆိုခဲ့ကြကြောင်း ကရင်မလင်လက်ထောက် ယူရီအူရှာကော့ဗ် က သတင်းထောက်များအား ပြောကြားခဲ့ပါတယ်။ ဆွေးနွေးပွဲမှာ နိုင်ငံတကာအခြေအနေ နောက်ဆုံး ဖြစ်ထွန်းပြောင်းလဲမှုတွေကို ဆွေးနွေးဖို့ အမေရိကန် သမ္မတက တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါစကားဝိုင်းမှာ အီရန်ပဋိပက္ခ နဲ့ မော်စကို၊ ဝါရှင်တန်နှင့် ကိယက်ဗ်တို့ကြား သုံးနိုင်ငံ ဆွေးနွေးပွဲကို အဓိကထား ဆွေးနွေးခဲ့ကြောင်း ၎င်းကဆိုပါတယ်။ ပူတင်နှင့် ထရမ့်တို့ တစ်နာရီခန့် စကားပြောခဲ့ကြပြီး သမ္မတနှစ်ဦးကြား ဆွေးနွေးပွဲက စီးပွားရေးကိစ္စတွေကို ဆွေးနွေးသလို ပွင့်လင်းပြီး အပြုသဘောဆောင်တယ်လို့လည်း ဆိုပါတယ်။
မော်စကိုနှင့် ကိယက်ဗ်တို့ကြား ရန်လိုမှုများ အဆုံးသတ်ကာ ယူကရိန်း ပဋိပက္ခ ရေရှည်ပြေလည်ရေးသို့ ရောက်ရှိရန် အမေရိကန် သမ္မတက ထပ်မံ အတည်ပြုခဲ့တာကြောင့် အမေရိကန်အစိုးရရဲ့ ဆက်လက်ဖျန်ဖြေပေးမှုတွေ အတွက် ပူတင်က ထရမ့်ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။
ပူတင်ကလည်း အီရန်တွင် ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခများနှင့် ပတ်သက်၍ ၎င်းရဲ့ အတွေးအမြင်များကို မျှဝေခဲ့ပြီး ပင်လယ်ကွေ့နိုင်ငံများမှ ခေါင်းဆောင်များ၊ အီရန်သမ္မတတို့ နဲ့ ပြီးခဲ့တဲ့ သီတင်းပတ်က တွေ့ဆုံခဲ့တာကိုလည်း ပူတင်က ထရမ့်ကို ပြောပြခဲ့ပါတယ်။ ထရမ့်ကလည်း လက်ရှိအခြေအနေနှင့် ပတ်သက်ပြီး ၎င်းရဲ့ထင်မြင်ချက်ကို ထုတ်ဖော်ပြောကြားခဲ့တယ်လို့ ၎င်းက ရှင်းပြပါတယ်။ အခြေအနေကောင်းပါတယ်လို့လည်း ပြောပါတယ်။
တနင်္လာနေ့နှောင်းပိုင်းတွင် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတွင် ခေါင်းဆောင်များက အီရန်စစ်ပွဲနှင့် ယူကရိန်းစစ်ပွဲ တို့ရဲ့ အဆုံးမရှိသော တိုက်ပွဲနှစ်ခုစလုံးကို ဆွေးနွေးခဲ့ကြကြောင်း ထရန့် က ပူတင်နှင့် ၎င်း၏ စကားပြောဆိုမှုကို “အလွန်ကောင်းသောခေါ်ဆိုမှု” အဖြစ် ဖော်ပြခဲ့ပါတယ်။
REF: RT
#News #MNP

No comments:
Post a Comment