ညောင်တုန်း၊ မတ် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲကျင်းပရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ စာစစ်ဌာနများသို့ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက စာမေးပွဲအခန်းများ ပြင်ဆင်ထားမှု၊ စာမေးပွဲဖြေဆိုသည့်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှု၊ လျှပ်စစ်မီးရရှိရေး အတွက် ဆောင်ရွက်ထားရှိမှု၊ ကျန်းမာရေးအခက်အခဲများဖြစ်ပေါ်ပါက စောင့်ရှောက်မှုပေးနိုင်ရန် ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ညောင်တုန်းမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၁၂)ခု ထားရှိ၍ ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
#News #MNP

No comments:
Post a Comment