ပေါင်မြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပမည့် စာစစ်ဌာန(၃)ခု၌ မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါင်မြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပမည့် စာစစ်ဌာန(၃)ခု၌ မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်






ပေါင်၊ မတ်  ၁၀

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ မတ်လ ( ၁၁ ) ရက်နေ့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပမည့် (အထက )ပေါင် ၊( အထက )ဇင်းကျိုက်၊ (အထက) မုတ္တမ စာစစ်ဌာနတို့တွင်ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာနှင့် မီးဘေးအန္တရာယ်ကင်းရှင်းစွာ ဖြေဆိုနိုင်ရေးအတွက် ယနေ့‌‌မွန်းလွဲပိုင်းက  မီးဘေးကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာတွင် စာစစ်ဌာနအတွင်း၌ စာမေးပွဲဖြေဆိုနေစဉ် မီးဘေးအန္တရာယ် မဖြစ်ပွားစေရန်အတွက် ပတ်ဝန်းကျင်သန့်ရှင်းရေးဆောင်ရွက်ထားမှု၊ ရေကန်များတွင် ရေသိုလှောင်ထားရှိမှု၊ မီးသတ်ဆေးဘူးများ၊ မီးချိတ်၊ မီးကပ်၊‌ သဲ၊ ရေ အသင့်ထားရှိမှု ဆောင်ရွက်ချက်အခြေအနေများ၊ မီးကြိုးများသွယ်တန်းထားရှိမှု အခြေအနေများနှင့်ဆေးပေးခန်းများထားရှိမှုများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် ဆောင်ရန် /ရှောင် ရန်များ၊ မီးဘေးအန္တရာယ် ကြုံတွေ့ရပါက သက်ဆိုင်ရာတာဝန်ရှိသူများထံ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ဆောင်ရွက်ရန် ပေါင်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြတ်ကိုကိုက အကြံပေးဆွေးနွေးမှာကြားခဲ့သည်။ 

အဆိုပါ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စစ်ဆေးဆောင်ရွက်ခြင်း၌  မြို့နယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးထင်လင်းအောင် နှင့်အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပေါင်မြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


မွန်မလေး

#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)