ကျွန်းလှ၊ မတ် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင်ဝန်ထမ်းများနှင့် ပြည်သူ့စစ်(ဌာနေ) အခြေခံစစ်ပညာ ၁/၂၀၂၆ သင်တန်းဆင်းပွဲကို ယနေ့နံနက် ၈ နာရီက မြို့နယ်စုပေါင်းရုံးခန်းမ၌ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဘုန်းမြင့်နိုင်က အမှာစကား ပြောကြားသည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သင်တန်းဆရာများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေကိုလည်းကောင်း၊ သင်တန်းသား များအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းသို့ ဝန်ထမ်း (၈၈) ဦး၊ ပြည်သူ့စစ် (အမာခံ) (၁၁၄) ဦး၊ ပြည်သူ့စစ် (အရန်) ၂၀ ဦး၊ စုစုပေါင်းသင်တန်းသား (၂၂၂) ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ တစ်လကြာ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)
#News #MNP

No comments:
Post a Comment