တွံတေးမြို့နယ်၌ စက်သုံးဆီခြိုးခြံချွေတာရေးအတွက် ပြည်သူသို့ပန်ကြားချက်နှင့်ပတ်သက်၍ ယာဥ်များသတ်မှတ်စည်းကမ်းချက်များနှင့်အညီ မောင်းနင်နိုင်ရေးအသိပညာပေးခြင်းနှင့် စစ်ဆေးခြင်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

တွံတေးမြို့နယ်၌ စက်သုံးဆီခြိုးခြံချွေတာရေးအတွက် ပြည်သူသို့ပန်ကြားချက်နှင့်ပတ်သက်၍ ယာဥ်များသတ်မှတ်စည်းကမ်းချက်များနှင့်အညီ မောင်းနင်နိုင်ရေးအသိပညာပေးခြင်းနှင့် စစ်ဆေးခြင်းဆောင်ရွက်




တွံတေး  ၊ မတ် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် စက်သုံးဆီခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေးအတွက် ပြည်သူသို့ပန်ကြားချက်နှင့်ပတ်သက်၍ လုပ်ငန်းသုံးယာဥ်များ၊ ပုဂ္ဂလိကယာဥ်များ၊ ပို့ဆောင်ရေးယာဥ်များအနေဖြင့် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ မောင်းနင်သွားလာရေး အသိပညာပေခြင်းနှင့်စစ်ဆေးခြင်းကို မတ်လ (၇) ရက်နေ့ ညနေ (၄) နာရီအချိန်က တွံတေး-ဒလ၊ တွံတေး-လှိုင်သာယာ-မအူပင်သွားလမ်းတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် တွံတေးမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် စုံရက်၊ မရက်အလိုက် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှု ရှိ/ မရှိ စစ်ဆေးဆောင်ရွက်ခဲ့သည်။

ယင်းနောက် လိုက်နာမှုမရှိသည့်ယာဥ်များအား သတ်မှတ်စည်းကမ်းချက်နှင့်အညီ မောင်းနင်သွားလာနိုင်ရေး အသိပညာပေးခြင်း၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မျိုးလှိုင် (တွံတေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)