မိတ္ထီလာ ၊ မတ် ၁ဝ
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ ရန်မျိုးအောင်ရပ်ကွက် နယ်မြေ(၉) အောင်ချမ်းသာ ၂ လမ်းနှင့် ၃ လမ်းကြားရှိ လူနေအိမ်တစ်အိမ်၌ ယနေ့ မွန်းလွဲပိုင်းက ဘုရားမီးပူဇော်သည့် ဖယောင်းတိုင်မီးမှတစ်ဆင့် မီးလောင်မှုဖြစ်ကြောင်းသိရသည်။
အဆိုမီးလောင်မှုတွင် ဒေါ်ပြုံးတင် (၅ဝ နှစ်)၏ သွပ်မိုး၊ ထရံကာ နှစ်ထပ်လူနေအိမ်ရှိ ဘုရားစင်တွင်မီးပူဇော်ထားသည့် ဖယောင်းတိုင်မီးမှတစ်ဆင့်ထရံသို့မီးကူး၍ မီးလောင်မှုစတင်ခဲ့ခြင်း ဖြစ်သည်။ မီးလောင်မှုဖြစ်ရာနေရာသို့ ခရိုင်မီးသတ်ဦးစီးမှူးဦးကျော်ဆန်းဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင် ၄၅ ဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးရဲလွင်နှင့်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ် ၅ စီး၊ ရေသယ်ယာဉ် ၂ စီး၊ အထောက်အကူယာဉ် ၁ စီးတို့ဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ မီးငြိမ်းသွားကြောင်း သိရသည်။
မီးစတင်လောင်ကျွမ်းမှုဖြစ်ပေါ်ခဲ့သည့်လူနေအိမ်ပိုင်ရှင်ဖြစ်သူအား အမှတ်(၂)ရဲစခန်းက အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
ချမ်းသာ
https://t.me/MyanmarNationalPost
No comments:
Post a Comment