တကောင်းမြို့ကို တပ်မတော်က အပြည့်အဝ ပြန်လည်ထိန်းချုပ်ပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

တကောင်းမြို့ကို တပ်မတော်က အပြည့်အဝ ပြန်လည်ထိန်းချုပ်ပြီ


မန္တလေးတိုင်းဒေသကြီး၊ တကောင်းမြို့ကို ယနေ့ (၁၀-၃-၂၀၂၆) ရက်နေ့မှာ တပ်မတော် က အပြည့်အဝ ပြန်လည် ထိန်းချုပ်လိုက်ပြီ ဖြစ်ကြောင်း သတင်းကောင်း ကြားသိရပါတယ်။ တပ်မတော်ရဲ့ အောင်ပွဲဟာ ပြည်သူ့အောင်ပွဲ ဖြစ်ပါတယ်။

KIA, TNLA, PDF အကြမ်းဖက်အဖွဲ့တွေ အခြေပြုလှုပ်ရှားခဲ့တဲ့ ကာလတလျောက် ဒေသခံပြည်သူများဟာ ကိုယ့်ရပ်ကိုယ့်ရွာ မှာ မနေနိုင်ကြဘဲ ဘေးလွတ်ရာကို တိမ်းရှောင်ထွက်ပြေးနေခဲ့ကြရပါတယ်။ အကြမ်းဖက်သမားများဟာ ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေမှာ ဝင်ရောက်အခြေပြုနေထိုင်ကြသလို စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းများကိုပါ အကြမ်းဖက်စခန်းများအဖြစ် အသုံးပြုသွားခဲ့ကြပါတယ်။

တကောင်းမြို့ကို ပြန်လည်သိမ်းပိုက်ဖို့ရာ တပ်မတော်စစ်ကြောင်းများအနေနဲ့ လွယ်လင့်တကူတော့ မဟုတ်ခဲ့ပါဘူး။

အကြမ်းဖက်အဖွဲ့များဟာ တွင်းငယ်နဲ့ အနီးဝန်းကျင်မှာ အခိုင်အမာ အခြေပြုပြီး လှုပ်ရှားနေခြင်းဖြစ်တဲ့အတွက် ရှင်းလင်းဆောင်ရွက်ရာမှာ အနည်းငယ်ကြန့်ကြာမှုတော့ ရှိခဲ့ပါတယ်။ တွင်းငယ်အနီးဝန်းကျင်မှာ သွားရောက်လေ့လာကြည့်မယ်ဆိုရင် အကြမ်းဖက်သမားတွေ အခြေပြုနေထိုင်သွားတဲ့နေရာ ဘန်ကာအထပ်ထပ်၊ ဆက်သွယ်ရေးမြောင်းတွေ များစွာနဲ့ အင်အားအမြောက်အများ အခြေပြုလှုပ်ရှားခဲ့တဲ့ အခြေအနေကို တွေ့မြင်ခဲ့ရပါတယ်။

တွင်းငယ်၊ ရှားတောမှာ အခြေပြုလှုပ်ရှားနေတဲ့ အကြမ်းဖက်အဖွဲ့တွေကို ရှင်းလင်းပြီး ဆုတ်ခွါထွက်ပြေးရာ လမ်းကြောင်းတလျောက် တကောင်းအထိ နေ့စဉ် စစ်ကြောင်းထိုး ရှင်းလင်းလာခဲ့ရတာ ဖြစ်ပါတယ်။ တကောင်းကို ရပြီဆိုတဲ့ သတင်းကောင်း ကြားရသော်လည်း အကြမ်းဖက်နှိမ်နင်းရေးကတော့ မပြီးသေးပါဘူး။

ဖြန့်ကျက်လှုပ်ရှားနေတဲ့ အကြမ်းဖက်သမားများကို ဆက်လက်ရှင်းလင်းဆောင်ရွက်ရအုံးမှာ ဖြစ်ပါတယ်။ တပ်မတော်စစ်ကြောင်းများက တွင်းငယ်မှ တကောင်းကြား စဉ်ဆက်မပြတ် အကြမ်းဖက်နှိမ်နင်းရေး ဆောင်ရွက်စဉ်အတွင်းမှာ လက်နက်ချ အညံ့ခံပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူတွေလည်း ရှိပါတယ်။ အခြေအနေနဲ့ အချိန်အခါကို ထောက်ရှုပြီး အကြမ်းဖက်သမားအဖြစ် အသုံးချခံနေရတဲ့ လူငယ်လူရွယ်တွေဟာ ဒီအချိန်မှာ ဥပဒေဘောင်အတွင်း ဝင်ရောက်ခြင်းကသာ မှန်ကန်သော ရွေးချယ်မှု ဖြစ်ပါလိမ့်မယ်။


#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)