ဘုတ်ပြင်းမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ သင်္ချာဘာသာဖြေဆိုကြသည့် ကျောင်းသား/ကျောင်းသူများအား အားဖြည့်အချိုရေနှင့်အာဟာရပြည့်မုန့်နှင့်ရေသန့်များဖြန့်ဝေ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဘုတ်ပြင်းမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ သင်္ချာဘာသာဖြေဆိုကြသည့် ကျောင်းသား/ကျောင်းသူများအား အားဖြည့်အချိုရေနှင့်အာဟာရပြည့်မုန့်နှင့်ရေသန့်များဖြန့်ဝေ




ဘုတ်ပြင်း  ၊ မတ် ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင၊ ဘုတ်ပြင်းမြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၁၁)ရက်နေ့မှစတင်ဖြေဆိုလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် တတိယနေ့အဖြစ် သင်္ချာဘာသာကို ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြေဆိုပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲ သင်္ချာဘာသာဖြေဆိုပြီးသည့် ကျောင်းသား/ကျောင်းသူများကို ဘုတ်ပြင်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်များကစုပေါင်း၍ ကျောင်းသား/ကျောင်းသူများကို အားဖြည့်အချိုရေ၊ အာဟာရပြည့်မုန့်နှင့် ရေသန့်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)