နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပြည်‌ထောင်စုနယ်‌မြေ နေပြည်တော် ၂၀၂၆ ခုနှစ် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနား တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပြည်‌ထောင်စုနယ်‌မြေ နေပြည်တော် ၂၀၂၆ ခုနှစ် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနား တက်ရောက်


Uploading: 1486848 of 2387265 bytes uploaded.


နေပြည်တော်  ၊ မတ် ၁၄

ပြည်‌ထောင်စုနယ်‌မြေ၊ နေပြည်တော် ၂၀၂၆ ခုနှစ် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်ဝောာ်ကာင်စီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများမှတာဝန်ရှိသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်ဝော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ယနေ့ကျင်းပပြုလုပ်တဲ့ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားကို ကမ္ဘာ့နိုင်ငံအသီးသီးမှာ အလေးထားကျင်းပလျက်ရှိကြပြီး မတ်လ (၁၅)ရက်နေ့ကို ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အဖြစ် သတ်မှတ်ထားပါ‌ကြောင်း၊ ယခုနှစ် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့၏ ဆောင်ပုဒ်ကတော့ “ထုတ်ကုန်ဘေးကင်းလုံခြုံမှ ယုံကြည်စိတ်ချစားသုံးသူဘဝ” ဆိုတဲ့ဆောင်ပုဒ်ကို ကမ္ဘာ့စားသုံးသူသမဂ္ဂမှ ရွေးချယ်သတ်မှတ်ခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည်လည်း အခြားနိုင်ငံများနည်းတူ စားသုံးသူကာကွယ်ရေးများကို ဆောင်ရွက်နိုင်ဖို့ စားသုံးသူရေးရာဦးစီးဌာနကို ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီး ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနားများနဲ့ လှုပ်ရှားဆောင်ရွက်မှုများကို ယခုလို နှစ်စဉ်ကျင်းပလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီမှာလည်း အဖွဲ့ဝင်အဖြစ်ပါဝင်ထားပြီး အသိပညာပေးခြင်း၊ သတင်းဖြန့်ဝေခြင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေခြင်းနှင့် တိုင်ကြားမှုဖြေရှင်းခြင်း လုပ်ငန်းစဉ်များကို လိုက်ပါပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူအခွင့်အရေးများကို သိရှိမှသာ မိမိတို့ရရှိမယ့် အခွင့်အရေးများကို သိရှိတောင်းဆိုနိုင်မှာဖြစ်ပါကြောင်း၊ ဒါကြောင့် စားသုံးသူရေးရာဦးစီးဌာနအနေနဲ့ စားသုံးသူအသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်ခြင်း၊ အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်လျက်ရှိတာကို တွေ့ရမှာဖြစ်ပါကြောင်း၊ ကုန်စည်သို့မဟုတ် ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ စားသုံးသူနစ်နာဆုံးရှုံးမှုများကို ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိကြောင်း အသိပညာပေးမှုများမှ တစ်ဆင့်ဖြစ်စေ၊ ဖြေရှင်းပေးလိုက်လို့ အငြင်းပွားမှုပြေလည်သွားသည့်အခါ တိုင်ကြားသူများရဲ့ စိတ်တွင်ကျေနပ်မှုရရှိပြီး နီးစပ်ရာအသိုင်းအဝိုင်းများတွင် ပြောပြခြင်းကြောင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ပိုမိုသိရှိလာတာ တွေ့ရပါကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကို သုံးစွဲတဲ့အခါမှာ စားသုံးသူများနစ်နာ ဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်ကြားမှုများကို လက်ခံဖြေရှင်းပေးနိုင်ဖို့အတွက် ဆောင်ရွက်ရမယ့် တာဝန်ရှိသူများအနေနဲ့ စားသုံးသူကာကွယ်ရေးဥပဒေ၊ နည်းဥပဒေများကို သိရှိနားလည် ကျွမ်းကျင်ရန်နှင့် ဗဟုသုတများရှိနေဖို့လည်း လိုအပ်ပါကြောင်း၊ တိုင်ကြားခြင်းနှင့် စေ့စပ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ခြင်းကို စားသုံးသူကာကွယ်ရေးဥပဒေမှာ အခန်းတစ်ခန်းပြဋ္ဌာန်းထားပြီး နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းလမ်းညွှန်ချက်များ ထုတ်ပြန်ထားပါကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ ပြဋ္ဌာန်းရခြင်း ရည်ရွယ်ချက်မှာ စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိနိုင်စေရန်နှင့် စိတ်ကျေနပ်မှုရရှိစေရေးအတွက် အာမခံချက်ပေးနိုင်သော အရည်အသွေးမြင့်မားသည့် ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဖော်ဆောင်ဖြည့်ဆည်းပေးနိုင်စေရန် စားသုံးသူရေးရာဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုး ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိရာ ကုန်သည်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ခြင်းတို့ကြောင့် အရည်အသွေးကောင်း လယ်ယာထွက်ကုန်များကို ဈေးကွက်ရရှိရေးနှင့် ပြည်ပသို့ တိုးမြှင့်တင်ပို့နိုင်ရေး၊ ကုန်စည်စီးဆင်းမှုနှင့် စျေးကွက်လက်ကျန် အခြေအနေများကို သုံးသပ်တင်ပြခြင်းများ ဆောင်ရွက်နေခြင်းကြောင့် စားသုံးသူများ နစ်နာမှုမရှိအောင် စားသုံးသူအခွင့်အရေးမှာပါတဲ့ ရွေးချယ်နိုင်ခွင့်ရှိခြင်းဆိုတဲ့အချက်ကို ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ယနေ့ကျင်းပပြုလုပ်တဲ့ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့တွင် ထုတ်ပြန်ထားတဲ့ “ထုတ်ကုန်ဘေးကင်းလုံခြုံမှ ယုံကြည်စိတ်ချစား သုံးသူဘဝ” ဟူသော ဆောင်ပုဒ်နှင့်အညီ စားသုံးသူပြည်သူများ  ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပြီး ကျန်းမာရေးကောင်းမွန်သည့် လုံခြုံသောလူနေမှုဘဝကို ပိုင်ဆိုင်နိုင်ရေးအတွက်  ထုတ်လုပ်ရောင်းချနေသော ကုန်ပစ္စည်းများသည် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့် ကိုက်ညီပြီး  ဘေးကင်းလုံခြုံမှုရှိသော ကုန်ပစ္စည်းများကို ရွေးချယ်ဝယ်ယူအသုံးပြုနိုင်စေရေးအတွက် စားသုံးသူပြည်သူများကို အသိပညာပေး ဟောပြောပွဲများ စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း  တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် စားသုံးသူရေးရာဦးစီးဌာန နေပြည်တော်ဦးစီးမှူးမှ ပြည်ထောင်စုနယ်မြေအတွင်း စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု Video Clip ပြသခြင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ ဂုဏ်ပြုတေးသရုပ်ဖော် သီဆိုကပြဖျော်ဖြေတင်ဆက်ခြင်း၊ မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခြင်းများ ဆောင်ရွက်ခဲ့သည်။

ထို့နောက် အခမ်းအနားအပြီးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဧည့်သည်တော်များမှ ကုန်အညွှန်းအမှတ်အသား ကပ်နှိပ်ပြီး ကုန်ပစ္စည်းများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)