ဧရာဝတီတိုင်းဒေသကြီးအစိုးအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက အ-ထ-က(အင်္ဂပူ)စာစစ်ဌာနရှိ ကျောင်းသား၊ကျောင်းသူများ စာမေးပွဲဖြေဆိုနေမှုအား ကြည့်ရှုအားပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးအစိုးအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက အ-ထ-က(အင်္ဂပူ)စာစစ်ဌာနရှိ ကျောင်းသား၊ကျောင်းသူများ စာမေးပွဲဖြေဆိုနေမှုအား ကြည့်ရှုအားပေး

 

Uploading: 2000651 of 2000651 bytes uploaded.

အင်္ဂပူ  ၊ မတ် ၁၅

ဧရာဝတီတိုင်းဒေသကြီးအစိုးအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယမန်နေ့နံနက်ပိုင်းက အ-ထ-က (အင်္ဂပူ)စာစစ်ဌာနသို့‌ ရောက်ရှိရာ မြန်‌အောင်ခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာ‌ရေးမှူးတို့က ကြိုဆိုခဲ့သည်။

ရှေ့ဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးမျာက ကျောင်းသား၊ကျောင်းသူများ ဓာတုဗေဒနှင့် ပထဝီဝင်ဘာသာရပ်ဖြေဆိုနေမှုအား ကြည့်ရှုအားပေးခဲ့သည်။

အင်္ဂပူမြို့နယ်အတွင်းရှိ စာစာဌာန(၇)ခုတွင် ပထဝီဝင် ဘာသာရပ်ကို ကျောင်းသား ၂၆၀ ဦး၊ ကျောင်းသူ ၃၈၂ ဦး၊ စုစုပေါင်း ၆၄၂ ဦးနှင့် ဓာတုဗေဒဘာသာရပ်ကို ကျောင်းသား ၂၅၈ ဦး၊ ကျောင်းသူ ၄၁၁ ဦး စုစုပေါင်း ၆၆၉ ဦး ဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


မန်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)