မိုင်းပျဉ်း ၊ မတ် ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့ရှိ အ.ထ.က (မိုင်းပျဉ်း) စာစစ်ဌာနနှင့် မြို့နယ်ပြည်သူ့ဆေးရုံတို့အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်သည် ယမန်နေ့ နံနက် ၈နာရီတွင် လှည့်လည်ကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်သည် အ.ထ.က (မိုင်းပျဉ်း) စာစစ်ဌာန၌ ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲကို ဖြေဆိုနိုင်ရန်အတွက် ယာဉ်များနှင့် စက်သံများ ဆူညံမှုမရှိစေရေး စီစဉ်ဆောင်ရွက်ထားမှု၊ ယာဉ်အန္တရာယ် လမ်းအန္တရာယ်များမဖြစ်ပွားစေရေး၊ အခြားကျန်းမာရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ထားရှိမှုနှင့် စာဖြေဆောင်အလိုက် ပြင်ဆင်ဆောင်ရွက်ထားမှုအခြေအနေများ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ဆက်လက်၍ မြို့နယ်ပြည်သူ့ဆေးရုံအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ကျန်းမာရေးစောင့်ရှောက်မှု အဆင်ပြေချောမွေ့စေရေးနှင့် လူနာများအားဆေးကုသမှု ဆောင်ရွက်ပေးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားခဲ့သည်။ ထို့နောက် ဗျူဟာမှူး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်ပညာရေးမှုးနှင့် မြို့နယ်ဆရာဝန်ကြီးတို့က လုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေအနေများ၊ လိုအပ်ချက်များနှင့် အခက်အခဲများကို တင်ပြကြရာ လူမှုရေးရာဝန်ကြီးမှ ဖြေရှင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နန်းသန္တာဦး
https://t.me/MyanmarNationalPost
No comments:
Post a Comment