ရန်ကုန် ၊ မတ် ၁၅
ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ (၂၂)ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးထပ်ဆင့် ရှင်းလင်းပွဲအခမ်းအနားကို မတ်လ ၁၃ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ နာယက ဒေါ်မော်မော်သန်း၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌများနှင့် အတွင်းရေး မှူးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့မှ တာဝန်ရှိသူများအား ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်သည်။ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ နာယက က ခရိုင်(၁၄)ခရိုင်အား ဂုဏ်ပြု ချီးမြှင့်ငွေများနှင့် အမျိုးသမီးရေးရာ ဝတ်စုံများကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့အတွင်းရေးမှူး ဒေါက်တာ အေးငြိမ့်ဦးက ရန်ကုန်တိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် ခရိုင်များအား မိခင်နှင့်ကလေးဝတ်စုံများကို လည်းကောင်း အသီး သီး ပေးအပ်ကြသည်။ ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၏ မှတ်တမ်း ဗီဒီယိုအား ပြသသည်။ထို့နောက် ဒုတိယပိုင်း အခမ်းအနားအား စတင်ရာ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းဇာခြည်ဦးက အဖွင့်အမှာစကားပြောကြားသည်။ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးအဖွဲ့ အတွင်းရေးမှူး ဒေါ်စွဲ့ခင်မာဝင်းက မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၏ (၂၂)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးက ချမှတ်လိုက်သည့် ရှေ့ လုပ်ငန်းစဉ်(၉)ရပ်အား ဖတ်ကြားတင်ပြသည်။ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ နာယကက ရှေ့လုပ်ငန်းစဉ်(၉)ရပ်နှင့်ပတ်သက်၍ လမ်းညွှန်အမှာစကား ပြောကြားသည်။ယင်းနောက် ခရိုင်(၁၄)ခရိုင်အလိုက် တာဝန်ရှိသူများက ၂၀၂၆ ခုနှစ်၊ သုံးလပတ်အလိုက် ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များကို စီမံချက်ရေးဆွဲ၍ ဆွေးနွေးတင်ပြခဲ့ကြသည်။၎င်းနောက် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ နာယကကရှေ့လုပ်ငန်းစဉ်(၉)ရပ်နှင့် ပတ်သက်၍ ပြန်လည်သုံးသပ်ကာ လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို
https://t.me/MyanmarNationalPost
No comments:
Post a Comment