မတ် - ၁၅ ( တနင်္ဂနွေနေ့ )
ယူကရိန်းက အီရန်ကိုတိုက်နေတဲ့ အမေရိကန်နှင့် အစ္စရေးတို့ရဲ့ စစ်ပွဲမှာ ပါဝင်လာတဲ့အတွက် လက်တုံ့ပြန်မယ်လို့ အီရန် အကြီးတန်း ပါလီမန်အမတ် အီဘရာဟင် အဇီဇီ က ပြောလိုက်ပါတယ်။
အီရန်ပါလီမန်၏ အမျိုးသားလုံခြုံရေးကော်မရှင်အကြီးအကဲဖြစ်သူ အဇီဇီ က သူ့ရဲ့ အိတ်စ်ဆိုရှယ်မီီယာ အကောင့်မှာ ရေးတင်ခဲ့တာပါ။ အီရန်ကို တိုက်ခိုက်သူများအား တွန်းအားပေးရန်အတွက် ဒေသတွင်းသို့ လေယာဉ်ပစ်ပစ္စည်းများ ပေးပို့ရန် ယူကရိန်းရဲ့ ဆုံးဖြတ်ချက်က အီရန်အတွက် ယူကရိန်းကို တိုက်ခိုက်ဖို့ အခွင့်အရေး ဖြစ်သွားပြီလို့ ရေးတင်ပါတယ်။
“ယူကရိန်းတွေက အစ္စရေးအစိုးရကို ဒရုန်းထောက်ပံ့မှုပေးခြင်းအပြင် လေကြောင်းပစ်တွေကို ရောင်းစားနေတာက စစ်ပွဲထဲကို အတွင်းပိုင်းအထိဝင်လာတာပဲ ဖြစ်ပါတယ်။ ကုလသမဂ္ဂပဋိညာဉ်စာတမ်းရဲ့ အပိုဒ် ၅၁ အရ ယူကရိန်း တစ်နိုင်ငံလုံးက အီရန်အတွက် တရားဝင်ပစ်မှတ်အဖြစ် ပြောင်းလဲသွားပါပြီ” လို့လည်း ရေးတင်ခဲ့ပါတယ်။
လွန်ခဲ့သည့် နှစ်ပတ်အတွင်းက ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်စကီးသည် အရှေ့အလယ်ပိုင်းစစ်ပွဲတွင် ယူကရိန်းပါဝင်ရန် အဆင်သင့်ဖြစ်နေပြီလို့ ထပ်ခါတလဲလဲ အချက်ပြခဲ့ပါတယ်။ အရှေ့အလယ်ပိုင်းမှာ စခန်းချနေတဲ့ အမေရိကန်ရဲ့ ပိုင်ဆိုင်မှုများအပေါ် အီရန်၏ တိုက်ခိုက်မှုကို တားဆီးရန် ယူကရိန်း ဝင်ပါမယ်လို့ ပြောခဲ့ပါတယ်။
ဒီအပတ်ထဲမှာလည်း ယူကရိန်းလုပ် ဒရုန်းများ၊ ကြားဖြတ်တိုက်ခိုက်ရေး ပစ္စည်းများ ရောင်းပေးမယ်လို့လည်း ပြောပြီး အတွေ့အကြုံရှိတဲ့ လေယာဉ်ပစ်အဖွဲ့များကိုပါ စေလွှတ်ရန် အရှေ့အလယ်ပိုင်း ဒေသတွင်းရှိ နိုင်ငံအချို့ နဲ့ သဘောတူညီချက်များ ရရှိခဲ့တယ်လို့လည်း ဇီလန်စကီးပြောထားတာ ရှိပါတယ်။
REF: RT
#News #MNP

No comments:
Post a Comment