မတ် - ၁၅ ( တနင်္ဂနွေနေ့ )
သံခင်းတမန်ခင်းသည် ယူကရိန်းပဋိပက္ခကို အဆုံးသတ်ရန် တစ်ခုတည်းသော အလားအလာရှိတဲ့ လမ်းကြောင်း ဖြစ်ကြောင်း ဘယ်လ်ဂျီယံဝန်ကြီးချုပ် ဘရက်ဒီဝီဗာ ကဆိုခဲ့ပြီး ဥရောပသမဂ္ဂ အီးယူအနေနဲ့ မော်စကိုအား တိုက်ရိုက်ညှိနှိုင်းဖို့လိုကြောင်း တောင်းဆိုခဲ့ပါတယ်။
စနေနေ့တွင် ထုတ်ဝေသော ဘယ်လ်ဂျီယံသတင်းစာ လေအဲ့ခိုး နဲ့ အင်တာဗျူးတွင် ဒီဝီဗားက အီးယူသည် ယူကရိန်းအား စစ်ရေးအကူအညီ ငြင်းပယ်ခြင်း ဒါမှမဟုတ် စီးပွားရေးဆိုင်ရာဖိအားပေးခြင်းတွေကို မလုပ်ခဲ့တာက ရုရှားတပ်တွေ ယူကရိန်းနယ်မြေတွေထဲကနေ ဆုတ်ခွာသွားအောင် မလုပ်ခဲ့ဘူး လို့ ပြောပါတယ်။ စေ့စပ်ညှိနှိုင်းမှုတွေကို မလုပ်ဘဲ ဖယ်ထားမယ်ဆိုရင် အီးယူက “ဆိုးရွားသောသဘောတူညီချက်” နဲ့သာ အဆုံးသတ်မည် ဖြစ်ကြောင်း ၎င်းက သတိပေးခဲ့ပါတယ်။
“ယူကရိန်းကို လက်နက်တွေ ပို့ခြင်းက ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ခြိမ်းခြောက်နိုင်စွမ်း မရှိတော့ပါဘူး။ အမေရိကန်ရဲ့ ပံ့ပိုးကူညီမှုမရှိဘဲ စီးပွားရေးအရ ရုရှားကို တွန်းလှန်ဖို့က မဖြစ်နိုင်ကြောင်း အခုတော့ စေ့စပ်ဆွေးနွေးညှိနှိုင်းမှု တစ်ခုပဲ ကျန်တော့တယ်။ ဒါကလည်း ရုရှားက သဘောတူမှ ဖြစ်မဲ့ အနေအထားကို ရောက်နေပါတယ်” လို့ သူက ပြောသွားပါတယ်။
“မော်စကို ကို သွားပြီး စေ့စပ်ညှိနှိုင်းဖို့ လုပ်၊ မလုပ်ရင် အမေရိကန်တွေက သူတို့သဘောနဲ့ပဲ ဆုံးဖြတ်ကြလိမ့်မယ်။ အဲ့လိုဖြစ်သွားရင် သူတို့ရဲ့ သဘောတူစာချုပ်က ကျနော်တို့အတွက် ဆိုးဝါးတဲ့ သဘောတူ စာချုပ်ဖြစ်သွားလိမ့်မယ်။
စလိုဗက်ဝန်ကြီးချုပ် ရောဘတ်ဖီကို ကလည်း ဒီဝီဗားရဲ့ သဘောထားကို အပြည့်အဝ ထောက်ခံခဲ့ပြီး ယူကရိန်းစစ်ပွဲကို အားပေးကူညီခြင်းအား ရပ်တန့်ခြင်းဖြင့် ရုရှားနိုင်ငံအပေါ် ပျော့ပျောင်းမဟာဗျူဟာက ရုရှားကိုအားနည်းနိုင်တယ်ဆိုတဲ့ ဘုံသဘောဆန္ဒအသစ်များက အီးယူတွင် ထွက်ပေါ်လာနေကြောင်း ပြောကြားခဲ့ပါတယ်။
REF: RT
#News #MNP

No comments:
Post a Comment