နေပြည်တော်၊ မတ် ၁၅
(၈၁) နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင်ပါဝင်ချီတက်ကြမည့် စစ်ရေးပြစစ်ကြောင်းများမှ အရာရှိ၊ စစ်သည်များသည် အဖွဲ့ ၂ ဖွဲ့ခွဲ၍ ယနေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော် တွင် တည်ထားပူဇော်သည့်ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များ အနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညိုကြသည်။
အဆိုပါ (၈၁)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားတွင်ပါဝင်သည့် စစ်ရေးပြစစ်ကြောင်းများမှ အရာရှိ၊ စစ်သည်များသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား ဖူးမြော်ကြည်ညိုကြပြီး ဘုရားရင်ပြင်တော် ပတ်လည်၌ စကျင်ကျောက် များ အသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိတိုက်များအတွင်း လေ့လာကြည့်ရှု့ ကြသည်။
ထို့ပြင်အဆိုပါစစ်ရေးပြစစ်ကြောင်းများမှ အရာရှိ၊ စစ်သည်များသည် အမျိုးသား ပြတိုက်(နေပြည်တော်)ရှိ ပြခန်းများကိုသွားရောက်လေ့လာခဲ့ကြပြီး အမှတ်တရ လက်ဆောင်ပစ္စည်းအရောင်းဆိုင်များတွင် အမှတ်တရလက်ဆောင်ပစ္စည်းများ ဝယ်ယူ ခဲ့ကြသည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် လေ့လာရေးအဖွဲ့များသည် တပ်မတော်စစ်သမိုင်း ပြတိုက်(နေပြည်တော်)ရှိခေတ်အဆက်ဆက်မှ သမိုင်းဝင်လက်နက်များ အသုံးပြုခဲ့သော နှင့်အသုံးအဆောင်ပစ္စည်းပြကွက်များကိုသွားရောက်လေ့လာကြပြီး တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသသည်။
ယင်းနောက် လေ့လာရေးအဖွဲ့များသည် သူရဲကောင်းဗိမာန်(နေပြည်တော်)သို့ ရောက်ရှိကြပြီး ကျဆုံးလေပြီးသော တပ်မတော်သားသူရဲကောင်းများအား ဂါရဝပြု အလေးပြုကြပြီး ဗိမာန်အတွင်းလှည့်လည် ကြည့်ရှုလေ့လာကြကြောင်း သတင်းရရှိသည်။
#News #MNP




No comments:
Post a Comment