မတ် - ၁၅ ( တနင်္ဂနွေနေ့ )
အီရန်တပ်ဖွဲ့များက ဒေသတွင်းရှိ အမေရိကန်စစ်အခြေစိုက်စခန်းအများအပြားကို ဒုံးကျည်များ၊ ဒရုန်းများဖြင့် တိုက်ခိုက်မှုအသစ်များ ပြုလုပ်နေကြောင့် အမေရိကန်၊ အစ္စရေးတို့ နဲ့ တိုက်နေတဲ့ စစ်ပွဲက ရပ်တန့်သွားဖွယ်ရာ အရိပ်အယောင် မမြင်ရဘူး ဖြစ်နေပါတယ်။ အီရန်က ဒရုန်းတွေနဲ့ အမေရိကန်စစ်တပ်ကို အမဲလိုက်သလို လိုက်လံတိုက်ခိုက်နေတာဖြစ်လို့ အရပ်သားများအနေနဲ့ အမေရိကန်များနဲ့ ဝေးဝေးနေရန် သတိပေးထားပါတယ်။
ပဋိပက္ခများ ၁၆ ရက်မြောက်နေ့သို့ ဝင်ရောက်လာလာချိန်မှာ အီရတ်၊ ဘာရိန်းနှင့် ကူဝိတ်တို့ရှိ အမေရိကန် အဆောက်အဦများကို တိုက်ခိုက်မှု လုပ်နေကြောင်း အစ္စလာမ္မစ်တော်လှန်ရေး အစောင့်တပ် (IRGC) မှ ပြောကြားခဲ့ပါတယ်။
“ကျနော်တို့ရဲ့ သေမင်းတမန်ဒရုန်းတွေဟာ ဒေသတွင်းမှာရှိတဲ့ အမေရိကန်စစ်သားတွေရဲ့ ပုန်းအောင်းနေတဲ့ နေရာတွေကို ရှာဖွေနေပြီး ထောက်လှမ်းရေးက အဲဒီဒေသမှာရှိတဲ့ အမေရိကန် အကြမ်းဖက်သမားတိုင်းကို တိတိပပ တိုက်ခိုက်သွားမှာပါ” လို့ အီရန်စစ်ဘက်ဆိုင်ရာ ထိပ်တန်းပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။
အရှေ့အလယ်ပိုင်းရှိ အမေရိကန်အခြေစိုက်စခန်းများမှာထားထားတဲ့ မဟာမိတ်များအပေါ် အီရန်၏ လက်တုံ့ပြန်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတ ထရမ့်က “ကျနော် ဒီအရာအားလုံးအတွက် အကြီးမားဆုံး အံ့အားသင့်ရပါတယ်” လို့ ပြောခဲ့ပါတယ်။
REF: RT
#News #MNP

No comments:
Post a Comment