၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကနေ ပေါ်ထွက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ်များဖြင့် ယနေ့ (၁၆-၃-၂၀၂၆) ရက်နေ့မှာ တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို စတင်ခေါ်ယူပြီဖြစ်ပါတယ်။ ဒါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်)နှင့်အညီ ရွေကောက်ပွဲကို စနစ်တကျ ကျင်းပပြီး မဲလိမ်မဲခိုးမှုမရှိ ပြည်သူလူထုရဲ့ လိုလားမှုနဲ့ ရွေးကောက်ထားတဲ့ ကိုယ်စားလှယ်များနဲ့ လွှတ်တော်အခင်းအကျင်းကို ပြန်လည်စတင်ခြင်း ဖြစ်ပါတယ်။
၂၀၂၀ ခုနှစ်က အာဏာရပါတီဖြစ်တဲ့ NLD ပါတီ ဟာ မဲလိမ်မဲခိုးမှုတွေ အလွန်အကြူး လုပ်ဆောင်ခဲ့ပြီး ပြဿနာများ ပေါ်ပေါက်လာသည့်အခါ ဖြေရှင်းခြင်းမရှိဘဲ တတိယအကြိမ်လွှတ်တော် ကို ခေါ်ယူပြီး အာဏာသက်ဆိုးရှည်ဖို့ လုပ်ဆောင်ခဲ့တဲ့ ဖြစ်ရပ်မျိုးနဲ့ ကြုံခဲ့ရပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မညီညွတ်တဲ့ အလုပ်ကို လုပ်ခဲ့ခြင်းကြောင့် တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူပြီး ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ခဲ့ရပါတယ်။ သို့သော်လည်း မဲလိမ်မဲခိုးပြီး အနိုင်ရထားတဲ့ NLD ပါတီဟာ အာဏာလက်မဲ့ဖြစ်ရတော့မယ့် အခြေအနေမှာ တရားမဝင် လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ဖွဲ့စည်းခဲ့ပါတယ်။ CRPH ဖွဲ့စည်းပြီးနောက် NUG အဖွဲ့ကို ထပ်မံဖွဲ့စည်းခဲ့ပါတယ်။ CRPH, NUG အစရှိသော အဖွဲ့အစည်းများသည် တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်ခဲ့တဲ့အတွက် အစိုးရက အကြမ်းဖက်အဖွဲ့များအဖြစ် တရားဝင် ကြေညာခဲ့ရပါတယ်။
ယခုအခါ ၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကနေ ပေါ်ထွက်လာတဲ့ ကိုယ်စားလှယ်များနဲ့ တိုင်းပြုပြည်ပြု လွှတ်တော် စတင်ခေါ်ယူတဲ့အချိန်မှာ အချိန်ကိုက်ဆိုသလိုပဲ ပြည်ပြေး ဝရမ်းပြေး အကြမ်းဖက်လှုံ့ဆော်သူတွေကလည်း လွှတ်တော်အစည်းအဝေး ခေါ်နေတယ်လို့ အကြမ်းဖက်လှုံ့ဆော် ပြည်ဖျက်မီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ဒါက ပြည်ပြေး ဝရမ်းပြေးတွေ အနေနဲ့ အများပြည်သူ ကောင်းကျိုးအတွက် မိမိတို့ စွမ်းနိုင်တဲ့ အလုပ်ကို မလုပ်ဘဲ နိုင်ငံတော်အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို တုပပြီး တရားမဝင် အကြမ်းဖက်အဖွဲ့အစည်းက တရားဝင်အဖွဲ့အစည်းလိုလို အများပြည်သူ ထင်ယောင်ထင်မှားဖြစ်အောင် လုပ်တဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။ ကိုယ့်အလုပ် ကိုယ်မလုပ်ဘဲ ကလေးကုလား အစိုးရရဲ့ အလုပ်တွေကို တုပပြီး အတုအယောင်လုပ်နေတာက ရှက်စရာကောင်းတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ သူတို့ကို ထောက်ခံအားပေးတဲ့ လူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ခြင်းမရှိဘူး။ သူတို့ရဲ့ သွေးထိုးလှုံ့ဆော်မှုတွေကြောင့် PDF အကြမ်းဖက်သမားဖြစ်လာတဲ့ လူငယ်လူရွယ်တွေအတွက် ဘာမှ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘူး။ တရားဝင်အစိုးရရဲ့ အလုပ်တွေကို အတုအယောင် လိုက်လံလုပ်ဆောင်နေတာက သူတို့ရဲ့ နိုင်ငံရေးရေချိန် နိမ့်ပါးမှုကို အထင်သား ပေါ်လွင်စေပါတယ်။
ယခု တတိယအကြိမ်လွှတ်တော် ခေါ်ယူခြင်း က ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကနေ ပြည်သူလူထုရွေးကောက်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တော်ကြီးများနဲ့ ကျင်းပခြင်းဖြစ်ပါတယ်။ NLD ပါတီ က လွှတ်တော်ကိုယ်စားလှယ်များ ဆိုသည်မှာလည်း ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ဥပဒေလက်တစ်လုံးခြားလုပ်ပြီး မဲလိမ်မဲခိုးမှုတွေ ကျူးလွန်ခြင်းကြောင့် ပယ်ဖျက်ခဲ့ရပြီး ဖြစ်လို့ တရားဝင်မှု ဘာမှ မရှိတော့ပါဘူး။ သို့သော် NLD လွှတ်တော်အမတ်ဟောင်းများအနေနဲ့ တရားမဝင်တာကို တရားဝင်သယောင် ပြည်ဖျက်မီဒီယာများကနေ ဝါဒဖြန့်ပြီး နီပိန်းတွေကို ဂျင်းထည့်လာခဲ့တာ ၅နှစ်သက်တမ်းလည်း ပြည့်သွားခဲ့ပါပြီ။
အခု လွှတ်တော်ခေါ်တယ်ဆိုတော့ ဘယ်အချိန်မှာ ရွေးကောက်ပွဲ ကျင်းပလိုက်တာလဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ်က ပေးထားတဲ့ လွှတ်တော်ကိုယ်စားလှယ်သက်တမ်းဟာ ၅နှစ်ပဲ ရှိတာ ဖြစ်ပါတယ်။ သူတို့ဂျင်းနဲ့ သူတို့ကို ပြောရမယ်ဆိုရင် ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်က ၂၀၂၅ မှာ ကုန်ဆုံးသွားပြီ မဟုတ်ပါလား။ အဲဒီတော့ ပြည်ပြေး ဝရမ်းပြေးတွေက ရွေးကောက်ပွဲ ထပ်မံကျင်းပခြင်းမရှိဘဲ မဲလိမ်မဲခိုးပြီး အနိုင်ရတဲ့ ရွေးကောက်ပွဲရလဒ်နဲ့ ထာဝရလွှတ်တော်ကိုယ်စားလှယ်ကြီးတွေ ဖြစ်သွားရောလား။
အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာတွေမှာ ရေးသားဖော်ပြနေပုံက "၂၀၂၀ ရွေးကောက်ပွဲအရ ရွေးကောက်တင်မြှောက်ထားသော ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်ပြုကော်မတီ-CRPH က ယနေ့ မတ်လ ၁၆ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးများ ခေါ်ယူကျင်းပမည်ဖြစ်ကြောင်း အမျိုးသားညီညွတ် ရေးအစိုးရ- NUG က တရားဝင် သတင်းထုတ်ပြန်ကြေညာသည်။ CRPH က ပြည်ထောင်စုလွှတ်တော် နဝမအကြိမ်အစည်းအဝေး ကို ယနေ့ မတ်လ ၁၆ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ လွှတ်တော်အစည်းအဝေးကို CRPH ၊ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၊ PVTV (Public Voice Television) နှင့် သတင်းမီဒီယာအချို့၏ လူမှုကွန်ယက်စာမျက်နှာများမှ တစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရှိရသည်။" ဆိုပြီး ရေးသားဖြန့်ဝေထားတာကို ကြည့်ခြင်းအားဖြင့် မဲလိမ်မဲခိုးပြီး အနိုင်ရခဲ့တဲ့ ရလဒ်ကို အစွဲပြုပြီး ထာဝရလွှတ်တော်ကိုယ်စားလှယ်များ လုပ်နေခြင်းက အရှက်သိက္ခာကင်းမဲ့လွန်းနေပါတယ်။
ပြည်ပြေး ဝရမ်းပြေးတွေမှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာလည်း မရှိပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲမယ်ဆိုပြီး အာချောင်ခဲ့တာလည်း ရှိပါတယ်။ သို့သော် ဉာဏ်ရည်နိမ့်ပါးတဲ့အတွက် စနစ်တကျ လုပ်ဆောင်နိုင်ခြင်း မရှိဘူး။ ခွက်ခေါက်ပြီး အလွဲသုံးစား လုပ်တဲ့ ပြဿနာတွေနဲ့ ၅နှစ်ကျော်ကာလ ကုန်ဆုံးခဲ့ရပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်သက်တမ်း ဟာ ၅နှစ် ပါပဲ။ ပြည်ပြေး ဝရမ်းပြေးတွေက နိုင်ငံတော်အစိုးရက လွှတ်တော်ခေါ်ယူတာကို တုပပြီး လွှတ်တော်ခေါ်နေခြင်းက ဘယ်နေ့ ဘယ်ရက် က ရွေးကောက်ပွဲ ကျင်းပလိုက်လို့ ကိုယ်စားလှယ်ကြီးများအဖြစ် ဆက်ရှိနေတာလဲ။ ပြိုင်ဘက်မရှိ တစ်ပါတီတည်း ကိုယ့်ကိုယ်ကို ကိုယ်စားလှယ်အဖြစ် ရွေးချယ်လိုက်ကြတာလား။
ရှက်တတ်ရင် သေလိုရတယ်ဆိုတာ ပြည်ပြေး ဝရမ်းပြေးတွေအတွက် ဖြစ်လာတဲ့ အရပ်သုံးစကားများလား။ ရွေးကောက်ပွဲမရှိဘဲ ပေါ်ပေါက်လာတဲ့ ပြည်ပြေး ဝရမ်းပြေး တွေ လွှတ်တော် ခေါ်တယ်ဆိုတာကြီးက အလွန်အမင်း ရှက်စရာကောင်းနေပါတယ်။ ယခင်က လေလှိုင်းပေါ်က အစိုးရ၊ လေလှိုင်းပေါ်က လူသတ်သမားများအဖြစ်ပဲ ပြည်သူလူထုက သိခဲ့ကြတာပါ။ ယခုအခါ ပြည်ပြေး ဝရမ်းပြေး လွှတ်တော် ပေါ်ပေါက်လာပြန်ပါပြီ။ ရွေးကောက်ပွဲ မလုပ်၊ ပြိုင်ဘက်မရှိ တစ်ပါတီ အာဏာရှင်လုပ်ချင်တဲ့ ပါတီက ပြည်ပြေး ဝရမ်းပြေးတွေရဲ့ လေလှိုင်းပေါ်က လွှတ်တော်က ပြည်သူလူထု အတိဒုက္ခရောက်အောင် ဘယ်လိုတွေ လုပ်ဆောင်ဖို့ ဆွေးနွေးကြအုံးမလဲဆိုတာကလည်း စိတ်ဝင်စားစရာပါ။
၂၀၂၁ မှ ၂၀၂၅ အထိ ပြည်သူလူထုကို နည်းမျိုးစုံနဲ့ ဒုက္ခပေးခဲ့ပြီးပြီ။ ယခုအခါ တရားဝင် လွှတ်တော်ကို တုပပြီး တရားမဝင် ပြည်ပြေး ဝရမ်းပြေးတွေရဲ့ လွှတ်တော်က ပြည်သူလူထုကို ဘယ်ပုံဘယ်နည်း ဒုက္ခပေးဖို့ ဆွေးနွေးဆုံးဖြတ်ကြမလဲ စောင့်ကြည့်ကြပေအုံးတော့။
နောင်တော်လေး (ဘိုကလေး)
#News #MNP

No comments:
Post a Comment