ပြည်ပြေး မီဒီယာတွေရဲ့ အလုပ်က နေ့စဉ်နေ့တိုင်း သတင်းတွေ လုပ်ကြံဖန်တီးရေးသားမယ်၊ အစိုးရတာဝန်ရှိသူတွေအပေါ် ပြည်သူများ ထင်ယောင်ထင်မှားဖြစ်အောင် မဟုတ်မမှန် လုပ်ကြံဖန်တီးရေးသားဖြန့်ဝေမယ်။ ဒါက သူတို့ အလုပ်ဖြစ်ပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နဲ့ ပတ်သက်လို့ ရေးသားထားတဲ့ သတင်းဌာန Khit Thit Media က သာလွန်ဇောင်းထက် ဆိုတဲ့ ငနဲသည် ပြည်ဖျက်မီဒီယာ DVB ရဲ့ သားပေါက်တစ်ကောင်ပဲ ဖြစ်ပါတယ်။ လုပ်ကြံဖန်တီး ရေးသားဖြန့်ဝေနည်းကို DVB သတင်းဌာနမှာ နှစ်ပေါင်းများစွာ လေ့ကျင့် သင်ကြားခဲ့သူ ဖြစ်ပါတယ်။ ပြည်ဖျက်ပါတီ NLD အစိုးရဖြစ်လာတော့မှ နီပိန်းတစ်ပိုင်း ဖြစ်တဲ့ သာလွန်ဇောင်းထက် ဆိုတဲ့ ငနဲဟာ Khit Thit Media ဆိုပြီး တစ်စခန်းစတင်ခဲ့ခြင်း ဖြစ်ပါတယ်။
၂၀၂၁ မှ ၂၀၂၅ ကာလ အကြမ်းဖက်လှုပ်ရှားမှုသတင်းတွေ၊ လုပ်ကြံဖန်တီးရေးသားဖော်ပြမှုတွေကို အခြားသော ပြည်ပြေး ဝရမ်းပြေး မီဒီယာများထက်ပိုပြီး တမူထူးခြားစွာ ရေးသားဖော်ပြနေနိုင်တာက သူကိုယ်တိုင် နီပိန်း ဖြစ်သလို အကြမ်းဖက်လှုပ်ရှားသူ နီပိန်းတွေနဲ့ အချိန်အဆက် ရှိနေခြင်းကြောင့်ပဲ ဖြစ်ပါတယ်။
သာလွန်ဇောင်းထက်ဆိုတဲ့ ပြည်ပြေး ဝရမ်းပြေးကောင် က "ပုဂ္ဂလိကရုပ်သံလိုင်းသစ်များချထားပေးမှု အပါအဝင် ပြန်ကြားရေးနှင့်ပတ်သက်သည့် လုပ်ငန်းတင်ဒါများအတွက် မောင်မောင်အုန်းနှင့် အေးကြွယ်တို့ သိန်းထောင်ချီ လာဘ်ငွေယူနေ၊ မောင်မောင်အုန်း၏ မိန်းမကိစ္စ လူမှုရေးဖောက်ပြန်မှုများ ငွေဖြင့် နှုတ်ပိတ်" သည်အထိ ပြန်ကြားရေးဝန်ကြီးကို အယုတ္တအနတ္တ စကားလုံးတွေနဲ့ အောက်လုံးထိုးထားတာကို တွေ့မြင်ရပါတယ်။
ပြည်ပြေး ဝရမ်းပြေးကောင် ရဲ့ ကျင့်ဝတ်သိက္ခာကင်းမဲ့လွန်းတဲ့ ရေးသားဖြန့်ဝေမှုမှာ "ပုဂ္ဂလိက ရုပ်သံလိုင်းသစ်များ ချထားပေးမှု အပါအဝင် ပြန်ကြားရေးနှင့်ပတ်သက်နေသော လုပ်ငန်းတင်ဒါများအတွက် ဝန်ကြီး မောင်မောင်အုန်းနှင့် ညွှန်ချုပ် အေးကြွယ်တို့က ငွေကျပ် သိန်းထောင်ချီ လာဘ်ငွေရယူခဲ့ကြောင်း ပြန်ကြားရေးနှင့်နီးစပ်သော သတင်းရင်းမြစ်များ၊ ငွေပေးခဲ့ရသည့် ရုပ်သံလိုင်းကုမ္ပဏီသတင်းရင်းမြစ်တို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယခုနှစ် ဇန်နဝါရီလအတွင်း တရားဝင် ဖွင့်လှစ်ခဲ့သော DTH ရုပ်သံလိုင်းအသစ်ဖြစ်သည့် MYANSAT DTH ရုပ်သံလိုင်းအတွက် ပြန်ကြားရေးဝန်ကြီး မောင်မောင်အုန်းနှင့် ညွှန်ချုပ် အေးကြွယ်တို့က လုပ်ငန်းလုပ်ခွင့်ချထားပေးရန် MYANSAT ရုပ်သံလိုင်းလုပ်ကိုင်သော Borderless Broadcast Co.,Ltd ထံမှ လာဘ်ငွေများ ရယူခဲ့ကြောင်း၊ ယင်းအပြင် လက်ရှိ ထုတ်လွှင့်နေဆဲ ရုပ်သံလိုင်းများ၊ FM ရေဒီယိုများကလည်း မောင်မောင်အုန်းထံသို့ လစဉ် ဂါကြေး (ကန်တော့ကြေး) အဖြစ် ငွေကျပ် သိန်းရာချီ လာဘ်ထိုးရကြောင်း၊ ယင်းသို့ လာဘ်ငွေရယူမှုများတွင် ညွှန်ချုပ်အေးကြွယ်က မောင်မောင်အုန်း၏ ရှေ့တော်ပြေးလူယုံအဖြစ် ငွေကြေးများ တောင်းယူပေးလေ့ရှိကြောင်း သိရှိရသည်။" ဟု စိတ်ကူးထဲ ရှိသမျှ လုပ်ကြံဖန်တီးပြီး ရေးသား ဖြန့်ဝေထားပုံက ယုတ်ပေါက်လွန်းလှပါတယ်။
"ကိုယ့်ဝန်ထမ်းလည်းမကြည့်၊ သူ့ဖို့ သူ့အတွက်ပဲ။ ငါ့အိတ်ထဲပဲ ထည့်မယ်ဆိုတဲ့သူ။ အထက်လူကြီးဆိုရင်တော့ သေအောင်၊ ခါးကျိုးအောင် ရိုကျိုးပြပါလိမ့်မယ်။ အဲဒီလိုလူမျိုး နောက်ထပ် ၅ နှစ် ပြန် ကြားရေးဝန်ကြီး ထပ်ဖြစ်ရင်တော့ သူ့မိသားစုနဲ့ သူပဲ ထပ်ချမ်းသာဖို့ပဲရှိမှာပဲ" ဟု ပြန်ကြားရေးဝန်ကြီးဌာန သတင်းရင်းမြစ်က ဆိုသည် ဆိုပြီးတော့လည်း မဟုတ်တန်းတရားတွေ မသေချာ မရေရာတဲ့သူတွေကို သတင်းရင်းမြစ်လုပ်ထားတာကို တွေ့ရပါတယ်။
စိတ်ကူးယဉ်ဆန်လွန်းနေတဲ့အတွက် အင်မတန်အောက်တန်းကျတဲ့ မီဒီယာလို့ ဆိုရမှာ ဖြစ်ပါတယ်။ သာလွန်ဇောင်းထက်အတွက်တော့ ဒီလို ရေးသားဖြန့်ဝေဖို့ရာ ထူးဆန်းတဲ့ အလုပ်မဟုတ်ပါဘူး။ ဒီကလာတလျှောက်လုံး ပြည်ပကနေ လုပ်ကြံဖန်တီးရေးသားဖြန့်ဝေ လှုံ့ဆော်ပြီး ရပ်တည်နေတဲ့ ကျင့်ဝတ်သိက္ခာမရှိတဲ့ မီဒီယာဖြစ်လေတော့ ယခုလို ပေါက်ပန်းစေ ရေးသားဖြန့်ဝေတဲ့ အလုပ်က သူတို့အတွက် ထမင်းစားရေသောက်ပါပဲ။
ပြည်ပြေး ဝရမ်းပြေးကောင် သာလွန်ဇောင်းထက် ရဲ့ ရေးသားဖော်ပြမှုနဲ့ ပတ်သက်လို့ တုန့်ပြန်မှု အနည်းငယ်တွေ့ရပါတယ်။
ကျင့်ဝတ်မရှိတဲ့ မီဒီယာဆိုတာ သိပေမဲ့ အခုလို အချက်အလက်မခိုင်မာတာတွေနဲ့ တိုက်ခိုက်တာတော့ မင်းတိုမီဒီယာ အဆင့်အတန်းက တော်တော်အောက်တန်းကျတယ်။ သတင်းအမှားတွေနဲ့ ပြည်သူတွေကို အဆိပ်မခတ်ပါနဲ့ ဆိုတာလောက်ပါပဲ။
လက်ရှိ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းဟာ ဒီမိုကရေစီခေတ်ပြောင်း သမ္မတကြီးဦးသိန်းစိန် အစိုးရလက်ထက်ကစလို့ အုပ်ချုပ်ရေးယန္တရားမှာ နာမည်ကောင်းရခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်။ အခက်အခဲ အကြပ်အတည်းတွေကြားမှာ ရခိုင်ပြည်နယ်ကို ကောင်းစွာ ကိုင်တွယ်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
ပြန်ကြားရေးဝန်ကြီးကို တိုက်ခိုက်နေတဲ့ ပြည်ပြေး ဝရမ်းပြေး သာလွန်ဇောင်းထက် ဆိုတာ ဘယ်သတင်းဌာနကလဲ ဆိုတာကို ရှေ့မှာ ပြောခဲ့ပြီးဖြစ်ပါတယ်။ အမှန်တကယ်တော့ ယခင် ပြည်ဖျက်ပါတီ NLD အစိုးရလက်ထက်မှာ ယခု ပြည်ပြေးမီဒီယာတွေဖြစ်တဲ့ DVB, Mizzima တို့ဟာ ဦးစားပေးခံရတဲ့ မီဒီယာတွေ ဖြစ်ခဲ့ပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာန က ပုဂ္ဂိုလ်များကလည်း အစိုးရရဲ့ လမ်းညွှန်ချက်နဲ့ ပြည်ဖျက်မီဒီယာတွေရဲ့ တောင်းဆိုချက်တွေကို လိုက်လျောဆောင်ရွက်ပေးခဲ့ရတာတွေ ရှိပါတယ်။ ရုပ်သံလိုင်း ထုတ်လွှင့်ခွင့်နဲ့ ပတ်သက်ပြီး DVB, Mizzima တို့သည် ပြန်ကြားရေးဝန်ကြီးဌာနကို ငွေကျပ်သန်းပေါင်းများစွာ အကြွေးပေးရန် ရှိနေပါတယ်။ NLD ပါတီ အာဏာလက်မဲ့ဖြစ်သွားချိန်မှာတော့ ပြည်ဖျက်မီဒီယာတွေဟာ အကြမ်းဖက်လှုပ်ရှားများ ဖြစ်ပေါ်လာအောင် လှုံ့ဆော်ပြီး ပြည်ပကို ထွက်ပြေးသွားကြတယ်။ ပြန်ကြားရေးဝန်ကြီးဌာနကို ပေးသွင်းရန် ရှိသည့် အကြွေးများလည်း ဆုံးရှုံးခဲ့ရလေသတည်းပေါ့။ ပြည်ဖျက်မီဒီယာအုပ်စုဟာ ပြည်သူကိုသာ လိမ်ညာမှိုင်းတိုက်တာ မဟုတ်ဘူး။ အစိုးရ ဝန်ကြီးဌာနကိုပါ လိမ်လည်သွားခဲ့တဲ့ အမျိုးယုတ်တွေ ဖြစ်ပါတယ်။
အောက်တန်းစား မီဒီယာက အောက်လုံးထိုးချက်ကြီး က ကြမ်းလွန်းလို့ သုံးသပ်ရေးသားတင်ပြခြင်းပါ။ လုပ်ကြံဖန်တီး ရေးသားမှုပုံစံက စိတ်ကူးယဉ်ဆန်လွန်းတဲ့အခါကြတော့ အောက်တန်းစားတွေမှာ ကျင့်ဝတ်သိက္ခာမရှိဘူးဆိုတာ ပိုပြီးထင်ရှားစွာ သိမြင်နားလည်စေပါတယ်။
နောင်တော်လေး (ဘိုကလေး)
#News #MNP

No comments:
Post a Comment