ယင်းမာပင်ခရိုင်အတွင်းမှာ NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ PDF အကြမ်းဖက်သမား ၁ယောက်က ကျူးလွန်တဲ့ မုဒိန်းမှုနဲ့ ပတ်သက်လို့ ကျယ်ကျယ်လောင်လောင် အသံထွက်လာတာကို တွေ့ရပါတယ်။ ပြည်ဖျက်မီဒီယာတွေကနေ ဝေဝေဆာဆာ ရေးသားဖော်ပြပေးနေကြသလို၊ အကြမ်းဖက်လှုပ်ရှားမှုမှာ အလိုတူအလိုပါ အဖွဲ့အစည်းများကလည်း ထုတ်ပြန် ကန့်ကွက်တာတွေ NUG အကြမ်းဖက်အဖွဲ့ခေါင်းဆောင် လချီးလထံ တိုင်ကြားတာတွေ တွေ့မြင်လာရပါတယ်။ ဒါက NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ မုဒိန်းကောင် တစ်ကောင်ရဲ့ လုပ်ရပ်နဲ့ ပက်သက်လို့ ထွက်ပေါ်လာတဲ့ ဂယက်ဖြစ်ပါတယ်။
ဒီလို ပြဿနာမျိုး အသံထွက်လာခြင်းက NUG အကြမ်းဖက်အဖွဲ့အနေနဲ့ ဘယ်လိုမှ ဖုံးဖိဖာထေးလို့ မနိုင်တဲ့အတွက်ကြောင့် အသံထွက်လာရခြင်းဖြစ်ပါတယ်။ NLD ပါတီအနေနဲ့ အာဏာနဲ့ လုပ်ပိုင်ခွင့် ရှိစဉ်က NLD လွှတ်တော်အမတ်ရဲ့ အဖေက အရွယ်မရောက်သေးတဲ့ မိန်းကလေးတစ်ယောက်ကို အဓမ္မပြုကျင့် စော်ကားဖျက်ဆီးရုံမျှမက တိုင်းကြားလာတာကို ရဲတပ်ဖွဲ့ကို ဖိအားပေးပြီး အဲဒီ မိန်းကလေးနဲ့ အမေ၊ လက်သည်တို့ကိုပါ အမှုဖွင့်ပြီး အချုပ်ထဲ စွဲထည့်ခိုင်းတဲ့ လုပ်ရပ်မျိုး လုပ်ခဲ့ကြလို့ ဆရာတော်များက ကူညီဆောင်ရွက်ပေးခဲ့ရဖူးပါတယ်။
ယခု ယင်းမာပင်ခရိုင် တပ်ရင်း (၂၀) မှ ပဒက်မတစ်ဦး အဓမ္မပြုကျင့် ရိုက်နှက်ခံရသည့်ကိစ္စနှင့် စပ်လျဉ်းပြီး အကြမ်းဖက်အားပေးအဖွဲ့အစည်းတွေက ထုတ်ပြန်ကြေညာချက် ထုတ်ပြန်ထားတာကလည်း စိတ်ဝင်စားစရာပါ။
၂၀၂၆ ခုနှစ်၊ မတ်လ ၇ ရက်စွဲနဲ့ ထုတ်ပြန်ထားတဲ့ ကြေညာချက်မှာ "ယင်းမာပင်ခရိုင် တပ်ရင်း (၂၀) တွင် အမျိုးသမီးရဲဘော်တဦးအား ဖမ်းဆီးချုပ်နှောင်ကာ အဓမ္မပြုကျင့် ရိုက်နှက်ခဲ့သည့်ဖြစ်စဉ်တခု ယမန်နေ့က ဝမ်းနည်းခံပြင်းဖွယ် ကြားသိရပါသည်။ ကျူးလွန်ခံရသူအမျိုးသမီးမှာ ၎င်းတပ်ရင်း၏ အမျိုးသမီးရဲဘော်တဦးလည်းဖြစ်သလို တဖက်မှာလည်း သုံးနှစ်အရွယ် သမီးငယ်၏ မိခင်၊ အိမ်ထောင်ရှင်အမျိုးသမီး ဖြစ်ပါသည်။ အမျိုးသမီးအား ပြင်းထန်စွာ ရိုက်နှက်၍တမျိုး၊ အသက်အန္တရာယ်အား ခြိမ်းခြောက်၍တဖုံ မျိုးစုံလုပ်ကာ အဓမ္မပြုကျင့်ခဲ့သည်ကို တွေ့ရသည်။ ထိုမျှမကသေးဘဲ အဆိုပါဖြစ်ရပ်ကို အရေးယူဖြေရှင်းမပေးသည့်အပြင် “အလိုတူအလိုပါ” ဟု ယိုးစွပ်ကာ ပြစ်မှုအား သေးငယ်ပပျောက်သွားအောင် လီဆယ်ပြီး အမျိုးသမီး၏ သိက္ခာအား ထပ်မံကျဆင်းအောင် စွပ်စွဲပြောဆိုခဲ့သည်ကိုလည်း တွေ့ရသည်။ တဖန် ကျူးလွန်ခံရသူအမျိုးသမီးမှာ အစ္စလာမ်ဘာသာဝင် ဖြစ်သည့်အပေါ်တွင် လူမျိုးရေးခွဲခြားသည့်အသုံးအနှုန်းများ၊ အပြုအမူများ၊ စော်ကားမှုများကို တပ်ရင်းရှိ ကျန်ရဲဘော်များကပါ ထပ်ဆင့်ကျူးလွန်ကြသည်ကိုလည်း ကြားသိရပါသည်။ စစ်အာဏာရှင်စနစ်၊ ဖိုဝါဒကြီးစိုးမှု၊ လူမျိုးရေးခွဲခြားမှု စသည့် ဖိနှိပ်မှုအရပ်ရပ်တို့ကို တွန်းလှန်နေသော မိမိတို့ အမျိုးသမီးအဖွဲ့(များ) အနေနှင့် အဆိုပါဖြစ်ရပ်များအပေါ် အပြင်းအထန် ရှုတ်ချလိုက်သည်။ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုသည် မည်သည့်အခြေအနေ၊ မည်သည့်အကြောင်းပြချက်အောက်တွင်မဆို ခွင့်လွှတ်၍မရနိုင်သော လူ့အခွင့်အရေးချိုးဖောက်မှုတရပ်ဖြစ်သည်ဟု မိမိတို့ ခံယူသည်။" ဆိုပြီး ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။
သူတို့ရဲ့ ထုတ်ပြန်ချက်ကို တွေ့လိုက်ရတော့မှ NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ နီပိန်း ပဒက် အကြမ်းဖက်သမားတွေ လူ့အခွင့်အရေးချိုးဖောက်နေတာကို သူတို့ကိုယ်တိုင် သိသွားပြီးလို့ ဝမ်းမြောက်ရပါတယ်။ သူတို့တွေသည် တချိန်လုံး တပ်မတော်ကိုပဲ ပြစ်တင်ပြောဆိုနေကြတဲ့ အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ နီပိန်း ပဒက် အကြမ်းဖက်သမားတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုတော့ ရေငုံနှုတ်ပိတ် နေကြသူတွေ ဖြစ်ပါတယ်။ အခုလို ရေငုံနှုတ်ပိတ်နေလို့ မရတဲ့ ဖြစ်စဉ် ဖြစ်ရပ်မျိုး ပေါ်ပေါက်လာမှသာ လူ့အခွင့်အရေးချိုးဖောက်ပါတယ်ဆိုတဲ့ အသံထွက်လာတာကို ကျေးဇူးတင်ရမှာ ဖြစ်ပါတယ်။
NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ နီပိန်း ပဒက် အကြမ်းဖက်သမားတွေ ကြီးနိုင်ငယ်ညှဉ်းလုပ်နေတာတွေ၊ အမျိုးသမီးငယ်များကို အဓမ္မပြုကျင့်စော်ကားပြီး လက်စဖျောက်လိုက်တဲ့ လုပ်ရပ်တွေက ဒီဖြစ်စဉ်တစ်ခုသာ မကပါဘူး။ များပြားလှစွာသော အမှုအခင်းတွေ အသံထွက်မလာပါဘူး။
ယင်းမာပင် မုဒိန်းမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး အမျိုးသမီးအခွင့်အရေးအတွက် တောင်းဆိုတဲ့ သူတွေက -
၁) အမှုနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာသော စုံစမ်းစစ်ဆေးမှုကို ချက်ချင်းပြုလုပ်ရန်
၂) ကျူးလွန်သူများကို တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရန်နှင့် ထိုက်သင့်သည့် ပြစ်ဒဏ်ချမှတ်ရန်
၃) ကျူးလွန်ခံရသူအပေါ် ဖြစ်ပွားခဲ့သည့် ထိခိုက်နစ်နာမှုကို အများပြည်သူရှေ့တွင် အသိအမှတ်ပြုရန်
၄) တော်လှန်ရေးအဖွဲ့အစည်းများအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု မဖြစ်ပွားစေရန် ကာကွယ်ရေးစနစ်များနှင့် တာဝန်ခံမှုစနစ်များ တည်ဆောက်ရန် တို့ကို အလေးအနက် တောင်းဆိုလိုက်သည်။
လို့ ဆိုထားပါတယ်။
ဆိုတော့ ဒီတောင်းဆိုချက်က တရားဝင်အစိုးရထံ တောင်းဆိုခြင်းမဟုတ်ဘဲ ပြည်ပြေး ဝရမ်းပြေး တာဝန်ခံမှု တာဝန်ယူမှုမရှိတဲ့ NUG အကြမ်းဖက်အဖွဲ့ထံ တောင်းဆိုထားတာ ဖြစ်ပါတယ်။ တာဝန်ယူမှု တာဝန်ခံမှု မရှိတဲ့ အဖွဲ့အစည်းထံ တောင်းဆိုခြင်းဖြစ်တဲ့အတွက် NUG အကြမ်းဖက်အဖွဲ့အနေနဲ့က တာဝန်ယူ တာဝန်ခံပြီး ဖြေရှင်းဆောင်ရွက်မှာ မဟုတ်ပါဘူး။ တောင်းဆိုတဲ့သူတွေက စာထုတ်ပြီး တောင်းဆိုသလို NUG အကြမ်းဖက်အဖွဲ့ကလည်း စာထုတ်ပြီး အရေးယူပါမည် ဆိုတာလောက်နဲ့ ပြီးသွားမှာ ဖြစ်ပါတယ်။
ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်အောက်ခံအဖြစ် ယနေ့တိုင်အောင် ရှိနေသေးတဲ့ အဖွဲ့အစည်းတွေကိုတော့ အလွန်အံ့သြမိပါတယ်။ ပြည်သူလူထုဆီက အလှူခံတယ်။ ပြည်ပြေး ဝရမ်းပြေးတွေက အလှူငွေနဲ့ ဇိမ်ခံနေတယ်။ PDF အဖွဲ့တွေကို ဦးဆောင်နေတဲ့ ကောင်တွေက လူငယ်လူရွယ်တွေအပေါ် သနားညှာတာခြင်း မရှိ အနိုင်ကျင့် နှိပ်စက်နေတယ်။ PDF အဖွဲ့ထဲရောက်သွားတဲ့ မိန်းကလေးတွေဟာ PDF ခေါင်းဆောင်တွေအတွက် လိင်ကျွန် ဖြစ်နေကြရတယ်။ ဒီလို အခြေအနေမျိုးမှာတောင် NUG ကို ထောက်ခံအားပေးပါတယ်ဆိုတဲ့ ရပ်တည်ချက်မျိုးက ပိန်းရုံမျှသာ မဟုတ်တော့ဘဲ ပိတ်နေတာကို သိသာထင်ရှားစေပါတယ်။
အဓမ္မပြုကျင့်စော်ကားခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း ခံရတဲ့အမျိုးသမီးအတွက် ဝမ်းနည်းကြေကွဲဖွယ်ရာ ဖြစ်ပါတယ်။ သို့သော်လည်း တာဝန်ယူမှု တာဝန်ခံမှု မရှိတဲ့ ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့ အနေနဲ့က ပြည်သူလူထုကို လိမ်လည်လှည့်ဖျားပြီး ခွက်ခေါက်လို့ ရသမျှနဲ့ ဇိမ်ယစ်နေရုံမှတပါး ဘာမှ မျှော်လင့်လို့ မရပါဘူး။ နီပိန်း ပဒက်တွေဆိုသည်မှာလည်း ကလေးအမေကိုတောင် အဓမ္မပြုကျင့်စော်ကားတယ်ဆိုတော့ အပျိုစင် မိန်းကလေးတွေအတွက် မတွေးဝံ့စရာပါ။
ဒေါင်းနင်း
#News #MNP

No comments:
Post a Comment