မြောက်ဥက္ကလာပမြို့နယ်အတွင်း မီးဘေးအန္တရာယ်ကင်းဝေးစေရန် အတွက် ပရိတ်တရားများ မြို့တစ်ပတ်လှည့်လည် ရွတ်ဖတ်ပူဇော် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြောက်ဥက္ကလာပမြို့နယ်အတွင်း မီးဘေးအန္တရာယ်ကင်းဝေးစေရန် အတွက် ပရိတ်တရားများ မြို့တစ်ပတ်လှည့်လည် ရွတ်ဖတ်ပူဇော်





မြောက်ဥက္ကလာပ၊ မတ် ၉

ရန်ကုန်တိုင်းဒေသကြီး ၊ မရမ်းကုန်းခရိုင် ၊ မြောက်ဥက္ကလာပမြို့နယ်၌  မြို့နယ်မီးသတ်ဦးစီးဌာနမှဦးစီးပြုလုပ်သည့် မြို့နယ်အတွင်းမီးဘေးအန္တရာယ်နှင့်သဘာဝဘေး အန္တရာယ်များကင်းဝေးစေရန်ရည်ရွယ်၍ ဆရာတော်ကြီးများ ဦးဆောင်၍ ပရိတ်တရား‌ တော်များအား ယမန်နေ့ နံနက်ပိုင်းက မော်တော်ယာဉ်များဖြင့် မြို့တစ်ပတ်လှည့်လည်ပူဇော်ရွတ်ဖတ်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြောက်ဥက္ကလာပမြို့နယ်မီးသတ်ဦးစီးဌာနမှဦးစီးပြုလုပ်သည့် မီးဘေးအန္တရာယ်နှင့်သဘာဝဘေး အန္တရာယ်များကင်းဝေးစေရန်ရည်ရွယ်၍ တေဇိန္ဒာလင်္ကာရကျောင်း တိုက်မှကျောင်းထိုင်ဆရာတော်ဦးဆောင်၍ သံဃာ ၅ ပါး ဖြင့် မြို့နယ်အတွင်းလမ်းမကြီး ၊ လမ်းသွယ် ၊ ရပ်ကွက်များသို့ မော်တော်ယာဉ်များဖြင့် လှည့်ပတ်ကာမေတ္တာသုတ် အစရှိ သော ပရိတ်တရား တော်များအားရွတ်ဖတ်ပူဇော်မှု များ ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် ပင့်သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းကပ်ပြီး ဝတ္တုငွေများလှူဒါန်းခဲ့ ကြ ကြောင်းသိရသည်။


သက်လွင်စိုး

#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)