ပြည်ထောင်စုကြီးတိုးတက်ဖို့ ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်စို့ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုကြီးတိုးတက်ဖို့ ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်စို့


ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးတည်ဆောက်ရာတွင် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးသည် အဓိကလိုအပ်ချက်ဖြစ်ပါသည်။ မိမိတို့နိုင်ငံ၏ငြိမ်းချမ်းရေးကို မိမိတို့ တိုင်းရင်းသားပြည်သူများကသာ မဖြစ်မနေဖော်ဆောင်ကြရမည်ဖြစ်ပါသည်။ သို့ဖြစ်ရာ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ပါ ဘုံသဘောတူညီချက်များနှင့်အညီ ပူးပေါင်းပါဝင်ကြရန် လိုအပ်ပါသည်။

မိမိတို့နိုင်ငံ၏ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးကိုဖော်ဆောင်ရာတွင် ပြည်ပစွက်ဖက်မှုနှင့် ပြည်တွင်းပယောဂကင်းရှင်းပြီး တိုင်းရင်းသားညီအစ်ကိုအချင်းချင်း ပြည်ထောင်စုစိတ်ဓာတ်အရင်းခံကာ နိုင်ငံရေးနည်းလမ်းအရ ရင်ကြားစေ့ဆွေးနွေးအဖြေရှာခြင်းဖြင့်သာ အောင်မြင်နိုင်မည်ဖြစ်ပါသည်။ နိုင်ငံတော်အနေဖြင့်လည်း ဆွေးနွေးမှုများကိုဖိတ်ခေါ်ပြီး ငြိမ်းချမ်းရေးတံခါးကို အစဉ်အမြဲဖွင့်လှစ်ကြိုဆိုလျက်ရှိပါသည်။ ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်ဆိုသည့်အတိုင်း တိုင်းရင်းသားပြည်သူတစ်ရပ်လုံး တွဲလက်ခိုင်မာစွာဖြင့် “ပြည်ထောင်စုကြီးတိုးတက်ဖို့ ထာဝရငြိမ်းချမ်းရေးကို တည်ဆောက် စို့” ဟူသော ပြည်ထောင်စုနေ့ဆောင်ပုဒ်နှင့်အညီ လိုက်နာကျင့်သုံး၍ နိုင်ငံတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်ကြိုးပမ်းရန် လိုအပ်မည် ဖြစ်ပါသည်။

သို့ဖြစ်၍ နိုင်ငံတော်အတွင်း တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ထွန်းကားလျက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ထာဝရငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန်အတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန် အလေးအနက် တိုက်တွန်းအပ်ပါသည်။


(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၆ ခုနှစ်၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ မှ ကောက်နှုတ်ဖော်ပြသည်။)


#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)