ကြာကူလီ နေဘုန်းလတ် ကြောင့် ကျွဲပါးစောင်းတီးနီပိန်းတွေ ဟု ပြောပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကြာကူလီ နေဘုန်းလတ် ကြောင့် ကျွဲပါးစောင်းတီးနီပိန်းတွေ ဟု ပြောပြီ


ပြည်ပြေး ဝရမ်းပြေး ကြာကူလီ နေဘုန်းလတ် ဟာ နိုင်ငံရေးလုပ်စားသူအချင်းချင်း အပြန်အလှန်လေးစားမှုမရှိဘဲ ၈၈ ကျောင်းသားဆိုသူများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ အားလုံးကို ပျက်ရယ်ပြု ပြောဆိုခဲ့တဲ့ပေါ်မှာ တုန့်ပြန်မှုတွေ ပြင်းထန်လာပါတယ်။ 

စန်းစန်းမော် (NLD) ဆိုသူ က နေဘုန်းလတ် NLD ထဲကို ခွေးတိုးပေါက်က ဝင်ခဲ့ပုံနဲ့ ပတ်သက်လို့ ပြောဆိုခဲ့ပါတယ်။ ယခုအခါမှာတော့ ၈၈ကျောင်းသားဟောင်း တစ်ဦးဖြစ်တဲ့ ဦးဇာနည် က ပြည်ပြေး ဝရမ်းပြေး ကြာကူလီ နေဘုန်းလတ် ကို -

“တန်းမရှိရင်တန်းမညှိနဲ့… တန်းမဟုတ်ရင်တန်းမလုပ်နဲ့”

နာမည်တပ်ပြီးတော့ဘဲပြောတော့မယ်..

ပထမတော့ ဗမာပြည်ကို ဘရောက်ဒါဝါဒသွတ်သွင်းလာတဲ့ ဆရာ(ဦး)သိန်းဖေမြင့်နဲ့ အခု နယ်စပ်ရောက်နေတဲ့ နေဘုန်းလတ်ယောက္ခမ( ၇၄,မျိုးဆက်ဖြစ်ခဲ့ဘူးတဲ့)ဒီချုပ်စီအီးစီ ကိုဟံသာမြင့် တို့ရဲ့နောက်ခံသမိုင်းကြောင်းလေးတွေပါထဲ့ပြောဦးမလို့ပါဘဲ။ ဒါပေမဲ့ ကျွဲပါးစောင်းတီးနီပိန်းတွေမို့ ဒီတချီတော့ နေဘုန်းလတ်ဆိုတဲ့ချာတိတ်လေးကိုဘဲတဲ့(တည့်)ပြောတော့မယ်။

နေဘုန်းလတ်ကို ကျနော်တို့မသိပါဘူး။သိစရာလဲအကြောင်းမရှိပါဘူး။ (၈၈၈၈)ရှစ်လေးလုံးကာလတုံးက နေဘုန်းလတ်ဆိုတာ ဂွေးတန်းလန်းနဲ့ဂွေလှိမ့်နေတဲ့အရွယ်ဘဲရှိဦးမယ်ထင်တယ်။ ဒီချာတိတ်က ကျနော်တို့(၈၈,မျိုးဆက်)တွေနဲ့ မျိုးဆက်နှစ်ဆက်လောက်ကွာမယ်ထင်တယ်။ကျနော်တို့(၈၈,မျိုးဆက်) တွေရဲ့ဒုတိယမျိုးဆက်ဖြစ်တဲ့ ရွှေဝါရောင်တော်လှန်ရေးကာလမှာ အတိုအစလေးတွေရေးနေတဲ့ “ဗုံမဟုတ် ပတ်မဟုတ်ဘလော့ဂါလေးဘဝ”ကနေ ရွှေဝါရောင်တော်လှန်ရေးကြီးအဖျားခတ်ပြီး ဘုမသိ ဘမသိထောင်လေးဘာလေးကျခဲ့ဘူးပြီး၊ ထောင်ထဲမှာ ကြားဖူးနားဝနဲ့ ပေါ်ဦးတို့ ဂျင်မီတို့ကိုသိဘူးယုံနဲ့(၈၈၈၈)ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးကိုသိပြီ၊ (၈၈,မျိုးဆက်)တွေအကြောင်း

သိပြီလို့ထင်နေပုံရတယ်။ 

ရွှေဝါရောင်တော်လှန်ရေးကြီးဖြစ်ဖို့ ပြည်တွင်းပြည်ပ (၈၈,မျိုးဆက်)တွေ ဘယ်လိုကျိုးပမ်းဆောင်ရွက်ခဲ့ရသလဲဆိုတာနဲ့ ရွှေဝါရောင်တော်လှန်ရေကြီးကို ဦးဆောင်ခဲ့တဲ့ရဟန်းသံဃာနဲ့ လူပုဂိုလ်တွေထဲမှာ (၈၈,မျိုးဆက်) တွေ ရှေ့တန်းကပါခဲ့တယ်ဆိုတာလဲ ဒီချာတိတ် သေချာဂဃနဏသိပုံမရဘူး။

အဲ့လို  “သမိုင်းမသိ မှိုင်းမသိ” ဥမမယ်စာမြောက်နဲ့ နွေဦးတော်လှန်ရေးကြီးက ဒရွတ်သီဆွဲခေါ်လာလို့  စိုင်ကော်လို့ခြုံပေါ်ရောက်ခဲ့တဲ့ နုကြည် (PM) ရုံးပြောခွင့်ရဆိုတဲ့ နေဘုန်းလတ်ဆိုတဲ့ချာတိတ်ကို “ကိုကြီးနု”ပြောခဲ့ဘူးသလို “ငါ့ညီကျော်ငြိမ်း မင်းငယ်ပါသေးတယ်..” လို့ ပြောရအောင်လဲ မတန်မရာဖြစ်နေပြီး။ ဆရာဒေါင်းနွယ်ဆွေ ပြောခဲ့ဘူးတဲ့ “လက်သဲမဝှက်တတ်သေးခင်ကြွက်မခုတ်ချင်နဲ့ ကြောင်ကလေး..”လို့လဲပြောရမဲ့အဆင့်အတန်းမျိုးလဲမရှိလေတော့…

“တန်းမရှိရင် တန်းမညှိနဲ့၊ တန်းမဟုတ်ရင် တန်းမလုပ်နဲ့ချင်ပါနဲ့၊ နေဘုန်းလတ်ချာတိတ်လေးရယ်..မင်းငယ်ပါသေးတယ်..” လို့ထိပ်ကလေး ကိုပုတ်ပြီးဘဲပြောချင်ပါတယ်။

ပြည်ပြေး ဝရမ်းပြေး နေဘုန်းလတ် ဟာ အိမ်ထောင်ရှိပါလျက် စမူစာကိစ္စ အရှုပ်တော်ပုံဖြစ်ပေါ်ခဲ့ပြီး မမှန်မကန် ရပ်တည် ပြောဆိုမှုများ လုပ်လာခြင်းကြောင့် ပြည်ပြေး ဝရမ်းပြေးများကြားတွင် ပြင်းထန်သော ဝေဖန် တုန့်ပြန်မှုများ ဖြစ်ပေါ်လာရပါတယ်။


#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)