မြစ်ကြီးနား ၊ မတ် ၂၇
(၈၁)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်ရေးပြကွင်း၌ ယနေ့နံနက် (၇)နာရီက ကျင်းပပြုလုပ်ခဲ့ရာ ရှေးဦးစွာ စစ်ရေးပြမှူးနှင့် စစ်ရေးပြတပ်ခွဲများက စစ်ကြောင်းပုံဖြင့်ချီတက်၍ စစ်ရေးပြအစီအစဉ်များအတိုင်း ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်ထွေးနှင့် တိုင်းစစ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်တော်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ တပ်နယ်များမှ တပ်ရင်း/တပ်ဖွဲ့မှူးများ၊ အရာရှိစစ်သည်မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များက နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော တပ်မတော်သားများအား အလေးပြုကြသည်။
ဆက်လက်၍ တိုင်းမှူးက တပ်မတော်နေ့မိန့်ခွန်း ပြောကြားပြီး တက်ရောက်လာကြသည့် တပ်မတော်အရာရှိစစ်သည် မိသားစုများနှင့် ဖိတ်ကြားထားသော ဧည်သည်တော်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြပြီး တိုင်းမှူးနှင့်ဇနီးတို့က ဘင်ခရာအဖွဲ့နှင့် စစ်ရေးပြအဖွဲ့တို့အတွက် ချီးမြှင့်ငွေများကို ပေးအပ်ခဲ့ကြသည်။
ထို့နောက် မြစ်ကြီးနားမြို့၊ ပမ္မတီးရပ်ကွက်အတွင်း လေဆိပ်သွားလမ်း (ပြည်ထောင်စုလမ်း)မဘေးရှိ ခြုံနွယ်ပိတ်ပေါင်းများဖြင့် ပြည့်နေသော မြေဧရိယာ (၆ ဒဿမ ၈ )ဧက အကျယ်တွင် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် အများပြည်သူအပန်းဖြေလည်ပတ်စရာနေရာတစ်ခုအဖြစ် စည်ပင်သာယာရေးအဖွဲ့က တာဝန်ယူဆောင်ရွက်ခဲ့သော မလိခပန်းဥယျာဉ်ကိုလည်း (၈၁)နှစ်မြောက် တပ်မတော်နေ့အား ဂုဏ်ပြုသောအားဖြင့် စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment