ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၀န်ကြီးချုပ် မြောက်ဥက္ကလာပမြို့နယ်၌ အစိုးရဓမ္မာစရိယစာမေးပွဲဖြေဆိုလျက်ရှိသည့် ဆရာတော်များအား ဖူးမြော်ကြည်ညို - Myanmar National Post

Myanmar National Post

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၀န်ကြီးချုပ် မြောက်ဥက္ကလာပမြို့နယ်၌ အစိုးရဓမ္မာစရိယစာမေးပွဲဖြေဆိုလျက်ရှိသည့် ဆရာတော်များအား ဖူးမြော်ကြည်ညို



မြောက်ဥက္ကလာပ   ၊ မတ် ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၆ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲများကို ဆုတောင်းပြည့်မယ်လမုသုံးထပ်ဆောင် သာသနာ့ဗိမာန် တော်ကြီးတွင် ယနေ့မွန်းတည့် ၁၂ နာရီအချိန်က ဘာသာရပ်အလိုက် ဆက်လက်ဖြေဆိုလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၀န်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့၀င်၀န်ကြီးများ၊ မရမ်းကုန်းခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သက်ခိုင်နှင့် အဖွဲ့၀င်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးမိုးသူနှင့် အဖွဲ့၀င်များ တာ၀န်ရှိသူများနှင့်အတူ အစိုးရဓမ္မာစရိယစာမေးပွဲဖြေဆိုလျက်ရှိသည့် ဆရာတော်များအား ဖူးမြော်ကြည်ညိကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၀န်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့၀င်၀န်ကြီးများက အစိုးရဓမ္မာစရိယစာမေးပွဲတွင် ကြီးကြပ်ဆောင်ရွက်လျက်ရှိသည့် ထေကြီးဝါကြီးဆရာတော် အရှင်သူမြတ်များအား ဖူး‌‌‌‌‌‌‌‌မြှော်ကြည်ညိုကာ ဩဝါဒခံယူပြီး မြောက်ဥက္ကလာပမြို့နယ်အတွင်း အစိုးရဓမ္မာစရိယစာမေးပွဲဖြေရာတွင် အဆင်ပြေနိုင်စေရေး န၀ကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထိုသို့ အစိုးရဓမ္မာစရိယစာမေးပွဲဖြေဆိုရန် စာရင်းရှိ သံဃာ ၁၉၈ ပါး ၊ သီလရှင် ၂၃ ပါး စုစုပေါင်း ၂၂၁ ပါးစာရင်းပေးသွင်းထားရာ မတ် ၂၇ ရက်နေ့က ဓမ္မသင်္ဂဏီပါဠိအဌကထာကျမ်းရင်း ၁ အား သံဃာ ၁၅၃ ပါး၊ သီလရှင် ၂၂ ပါး စုစုပေါင်း ၁၇၅ ပါး ဝင်ရောက်ဖြေဆိုခဲ့ပြီး ၄၆ ပါး ပျက်ကွက်ခဲ့ကြောင်း သိရကြသည်။

အဆိုပါအစိုးရဓမ္မာစရိယစာမေးပွဲအား အဆင်ပြေချောမွေ့စွာ‌ ဖြေဆိုနိုင်စေရေးအတွက် ထေကြီးဝါကြီးဆရာတော်ကြီးများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များက လိုအပ်သည်များကို ကြီးကြပ်ဆောင်ရွက်ပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သက်လွင်စိုး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)