ပေါင်မြို့နယ်၌ လမ်းလျှောက်သင်္ကြန်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါင်မြို့နယ်၌ လမ်းလျှောက်သင်္ကြန်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်




ပေါင်၊ မတ်  ၂၇

မွန်ပြည်နယ်ပေါင်မြို့နယ်၌ လမ်းလျှောက်သင်္ကြန်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌဦးထင်လင်းအောင်နှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများ၊ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌဦးထင်လင်းအောင်က ယခုနှစ်တွင်လမ်းလျှောက်သင်္ကြန်ကိုစည်းစည်းကားကားကျင်းပနိုင်ရေးအတွက်‌ ဆောင်ရွက်ကြရန်၊ဌာနဆိုင်ရာများကလဲပါဝင်ဆင်နွှဲကြ‌ရန်၊စတုဒီသာများလဲကျွေးမွေးရန်ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးမြတ်ကိုကိုက ရေရရှိရေးအတွက်ဆောင်ရွက်မည့်နည်းလမ်းများနှင့်တက်ရောက်လာကြသည့်ဌာနဆိုင်ရာများနှင့်ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများကသိလိုသည်များကိုမေးမြန်းခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌဦးထင်လင်အောင်နှင့်အဖွဲ့ဝင်များကပြန်လည်ဖြေကြားပေးခဲ့ကြောင်းသိရသည်။


မွန်မလေး

#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)