မြောက်ဥက္ကလာပ၊ မတ် ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင် ၊ မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၆ ခုနှစ် အစိုးရဓမ္မာစရိယ စာမေးပွဲများကို ဆုတောင်းပြည့်မယ်လမုသုံးထပ်ဆောင် သာသနာ့ဗိမာန် တော်ကြီးတွင် ယနေ့မွန်း တည့် ၁၂ နာရီအချိန်က ဘာသာရပ်အလိုက် ဆက်လက် ဖြေဆိုလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၀န်ကြီးချုပ် ဦးစိုးသိန်း နှင့် အစိုးရအဖွဲ့၀င်၀န်ကြီးများ ၊ မရမ်းကုန်းခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးကျော်သက်ခိုင် နှင့် အဖွဲ့၀င်များ ၊ မြို့နယ်စီမံခန့်ခွဲရေး နှင့် အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဥက္ကဋ္ဌဦးမိုးသူ နှင့် အဖွဲ့၀င်များ တာ၀န်ရှိ သူများနှင့်အတူ အစိုးရဓမ္မာစရိယစာမေးပွဲဖြေဆိုလျက်ရှိသည့် ဆရာတော်များအား ဖူး မြှော်ကြည်ညိုကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၀န်ကြီးချုပ် ဦးစိုးသိန်း နှင့် အစိုးရ အဖွဲ့၀င်၀န်ကြီးများက အစိုးရဓမ္မာစရိယစာမေးပွဲတွင် ကြီးကြပ်ဆောင်ရွက်လျက်ရှိသည့် ထေကြီးဝါကြီးဆရာတော် အရှင်သူမြတ်များအား ဖူး မြှော်ကြည်ညိုကာ ဩဝါဒခံယူပြီး မြောက်ဥက္ကလာပမြို့နယ်အတွင်း အစိုးရဓမ္မာစရိယစာမေးပွဲဖြေရာတွင် အဆင်ပြေနိုင် စေရေး န၀ကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထိုသို့ အစိုးရဓမ္မာစရိယစာမေးပွဲဖြေဆိုရန် စာရင်းရှိ သံဃာ ၁၉၈ ပါး ၊ သီလရှင် ၂၃ ပါး စုစုပေါင်း ၂၂၁ ပါးစာရင်းပေးသွင်းထားရာ မတ် ၂၇ ရက်နေ့က ဓမ္မသင်္ဂဏီပါဠိအဌကထာကျမ်းရင်း ၁ အား သံဃာ ၁၅၃ ပါး ၊ သီလရှင် ၂၂ ပါး စုစုပေါင်း ၁၇၅ ပါး ဝင်ရောက်ဖြေဆိုခဲ့ပြီး ၄၆ ပါး ပျက်ကွက်ခဲ့ကြောင်း သိရကြသည်။
အဆိုပါ အစိုးရဓမ္မာစရိယစာမေးပွဲအားအဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်စေရေးအတွက် ထေကြီးဝါကြီးဆရာတော်ကြီးများ၊ မြို့နယ်စီမံ ခန့်ခွဲ ရေး နှင့် အုပ်ချုပ်ရေး ကော်မတီအဖွဲ့နှင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များကလိုအပ်သည်များကို ကြီးကြပ်ဆောင်ရွက်ပေးခြင်း နှင့် ကျန်းမာရေး စောင့် ရှောက်မှုများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သက်လွင်စိုး
#MNP #News





No comments:
Post a Comment